ယေဇကျေလ 23:32 - Common Language Bible32 အရှင်ထာဝရဘုရားမိန့်တော်မူသည်မှာ ``သင်သည်အစ်မဖြစ်သူ၏ဖလားမှ သောက်ရလိမ့်မည်။ ထိုဖလားသည်ကြီး၍စောက်နက်၏။ သင်သည်လူတိုင်းတို့၏မထီမဲ့မြင်ပြုခြင်း၊ ပြောင်လှောင်ခြင်းကိုခံရလိမ့်မည်။ ဖလားသည်ပြည့်၍နေ၏။ အခန်းကိုကြည့်ပါ။Garrad Bible32 သင် သည်၊ နက် ရှိုင်း ကျယ် ဝန်း၍ များ စွာ ဆံ့ သော၊ အစ် မ၏ ဖ လား ကို သောက် ရ သ ဖြင့်၊ ပြက် ရယ် ပြု ရာ၊ ပြောင် လှောင် ရာ ခံ ရ သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible32 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အစ်မသောက်သောခွက်၊ ကျယ်၍ဇောက်နက်သောခွက်ကို သင်သောက်ရမည်။ ထိုခွက်၌ များစွာဝင်သည်ဖြစ်၍၊ သင်သည် ကဲ့ရဲ့ခြင်းနှင့် ပျက်ချော်ခြင်းကို ခံရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း32 ဘုရားရှင်ထာဝရဘုရားက ‘ဇောက်နက်၍ အဝကျယ်ပြီး များစွာဆံ့သော သင့်အစ်မ၏ခွက်ဖလားကို သင်သောက်ရမည်။ သင်သည် လှောင်ပြောင်စရာ၊ အထင်အမြင်သေးစရာ ဖြစ်ရလိမ့်မည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
သူတို့သည်ငါ့ကိုစွန့်၍ တန်ခိုးမရှိသော ဘုရားကိုဆည်းကပ်ကြ၏။ သူတို့သည် ကောက်လိမ်သောလေးကဲ့သို့စိတ်မချရ။ သူတို့၏ခေါင်းဆောင်များသည်မောက်မာ စွာပြောဆိုသောကြောင့် သေခြင်းဆိုးဖြင့် သေကြလိမ့်မည်။ ထိုအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုပြက်ရယ်ပြုကြ လိမ့်မည်။