လာဗန်သည်သူ၏သိုးများကိုအမွေးညှပ် ရန်သွားနေချိန်ဖြစ်ရာ အိမ်တွင်သူမရှိခိုက် ရာခေလသည်ဖခင်၏ဘုရားရုပ်တုများ ကိုခိုးယူခဲ့လေသည်။-
ယေဇကျေလ 21:21 - Common Language Bible ဗာဗုလုန်မင်းသည်လမ်းဆုံ၊ လမ်းဝသို့ရောက် သောအခါ ရပ်၍အဘယ်လမ်းကိုလိုက်ရမည် ကိုသိနိုင်ရန်မြားတို့ကိုလှုပ်၍မဲချ၏။ သူ ၏ရုပ်တုတို့ကိုမေးမြန်း၏။ တိရစ္ဆာန်အသည်း ကိုလည်းကြည့်၏။- Garrad Bible ဗာ ဗု လုန် ဘု ရင် သည် မြှား များ ကို လှုပ် ရှား လျက်၊ ရုပ် တု များ ကို မေး လျှောက် လျက်၊ အ သည်း ကြည့် လျက်၊ Judson Bible ဗာဗုလုန်ရှင်ဘုရင်သည် ဗေဒင်တွက်ခြင်းငှာ လမ်းနှစ်လမ်းဆုံမိရာလမ်းခွ၌ ရပ်၏။ မြားတို့ကို ရောနှော၏။ တေရပ်ရုပ်တုတို့ကို မေးမြန်း၏။ အသည်းကို ကြည့်ရှု၏။ မြန်မာ့စံမီသမ္မာကျမ်း ဘေဘီလုံဘုရင်သည် လမ်းနှစ်လမ်းဆုံရာ လမ်းခွ၌ရပ်၍ ဗေဒင်တွက်၏။ သူသည် မြားတို့ကို ခလောက်၍မဲချ၏။ ရုပ်တုများကို မေးမြန်း၏။ အသည်းဗေဒင်ကို ဖတ်၏။ |
လာဗန်သည်သူ၏သိုးများကိုအမွေးညှပ် ရန်သွားနေချိန်ဖြစ်ရာ အိမ်တွင်သူမရှိခိုက် ရာခေလသည်ဖခင်၏ဘုရားရုပ်တုများ ကိုခိုးယူခဲ့လေသည်။-
သင်သည်သင့်မိဘတို့နေရပ်သို့ပြန်ရောက် လိုသည့်စိတ်ဇောကြောင့်ထွက်ခွာခဲ့ကြောင်းကို ငါသိ၏။ သို့ရာတွင်ငါ၏ဘုရားရုပ်တုများ ကိုအဘယ်ကြောင့်ခိုးယူသွားရသနည်း'' ဟု ယာကုပ်အားမေးလေ၏။
ယောရှိမင်းသည်ဗိမာန်တော်တွင် ယဇ်ပုရောဟိတ် မင်းတွေ့ရှိခဲ့သည့်ကျမ်းစာတော်၌ဖော်ပြထား သောပညတ်များကိုလိုက်နာကျင့်သုံးကြစေရန် ယေရုရှလင်မြို့နှင့်ယုဒတစ်ပြည်လုံး၌တွေ့ ရှိသမျှနတ်ဝင်သည်များ၊ ဗေဒင်ဆရာများ၊ အိမ်စောင့်နတ်အရုပ်များ၊ ရုပ်တုများနှင့် အခြားဝတ်ပြုကိုးကွယ်ရာဝတ္ထုပစ္စည်းများ ကိုဖယ်ရှားတော်မူ၏။-
ရှင်ဘုရင်၏ နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည် ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေ နှင့်။
စာရေးတံတို့ကို အိတ်ထဲ၌ လောင်းလျက်ရှိရာ တွင်၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏။
ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။
ထိုနည်းအတိုင်းဣသရေလပြည်သားတို့ သည်ဘုရင်မရှိ၊ ခေါင်းဆောင်မရှိ၊ ယဇ်ပူဇော် ခြင်းမရှိ၊ ကိုးကွယ်ရာကျောက်တိုင်များမရှိ၊ ရုပ်တုများမရှိဘဲလျက်ကြာမြင့်စွာနေ ထိုင်ရလိမ့်မည်။-
သူတို့သည်သစ်သားနတ်ဘုရားထံဗေဒင် မေးကြသည်။ တုတ်ချောင်းကလူတို့သိလို သမျှကိုပြောပြသည်။ သူတို့သည်ငါ့ကို စွန့်သွားကြပြီ။ ပြည့်တန်ဆာမဘဝသို့ ရောက်သောမိန်းမကဲ့သို့သူတို့သည်အခြား သောဘုရားများထံ၌ဆည်းကပ်ကြ၏။-
လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။
ထို့ကြောင့်မောဘအမျိုးသားနှင့်မိဒျန် အမျိုးသားခေါင်းဆောင်တို့သည် ခြေကြွခ ငွေကိုယူဆောင်၍ ဗာလမ်ထံသို့သွားပြီး လျှင်ဗာလက်၏လျှောက်ထားချက်ကို တင်ပြကြလေသည်။-
မှော်အတတ်၊စုန်းအတတ်တို့၏အကူအညီဖြင့် ဣသရေလအမျိုးသားတို့ကို၊ အဘယ်သူမျှမတိုက်ခိုက်နိုင်။ ဘုရားသခင်သည်ဣသရေလအမျိုးသား တို့အား ကျေးဇူးပြုတော်မူပုံမှာ အံ့သြဘွယ်ဟူ၍ဆိုစမှတ်ပြုကြလိမ့်မည်။
သို့ဖြစ်၍သူသည်ဗာလမ်အားတောကန္တာရကို မြင်နိုင်သော ပေဂုရတောင်ထိပ်ပေါ်သို့ခေါ်ဆောင် သွားလေသည်။-
`လမ်းမကြီးများသို့သွား၍သင်တို့တွေ့ရှိသမျှ သောသူတို့ကိုခေါ်ဖိတ်ကြလော့' ဟုမိန့်တော်မူ၏။-
တစ်နေ့သ၌ကျွန်ုပ်တို့သည်ဆုတောင်းပတ္ထနာ ပြုရာအရပ်သို့သွားကြစဉ် ဗေဒင်ဟောနိုင် သောနတ်မိစ္ဆာပူးဝင်နေသူ၊ ငွေဝယ်ကျွန်မိန်းမ ငယ်တစ်ယောက်နှင့်တွေ့ဆုံ၏။ သူသည်ဤသို့ ဗေဒင်ဟောပြောခြင်းဖြင့် မိမိ၏သခင်ဖြစ် သူတို့အားကြေးငွေအမြောက်အမြား ရရှိစေ၏။-
သင်တို့၏သားသမီးများကိုမီးရှို့ရာယဇ် အဖြစ်မပူဇော်ရ။ သင်တို့သည်မှော်အတတ်၊ ဗေဒင်အတတ်၊ စုန်းကဝေအတတ်၊-
ဤမိက္ခာဆိုသူ၌ မိမိကိုယ်ပိုင်ဝတ်ပြုကိုး ကွယ်ရာဌာနတစ်ခုရှိ၏။ သူသည်ရုပ်တု များနှင့်သင်တိုင်းတော်တစ်ခုကိုပြုလုပ် ပြီးလျှင် မိမိသားတစ်ယောက်အားမိမိ ၏ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ခန့်ထား လေသည်။-
ထိုအခါလဲရှနယ်သို့သွားရောက်စူးစမ်း ထောက်လှမ်းခဲ့သောလူငါးယောက်တို့က မိမိ တို့၏အပေါင်းအဖော်များအား``ဤအိမ်စု အနက်အိမ်တစ်လုံးတွင်ငွေဖြင့်မွမ်းမံထား သည့်ရုပ်တုတစ်ခုရှိသည်ကို သင်တို့သိကြ ပါ၏လော။ ထိုအိမ်တွင်အခြားရုပ်တုများ နှင့်သင်တိုင်းတော်တစ်ခုလည်းရှိ၏။ ငါတို့ အဘယ်သို့ပြုသင့်သည်ဟုသင်တို့ထင် မြင်ကြပါသနည်း'' ဟုမေး၏။-
ထောက်လှမ်းရန်သွားရောက်ခဲ့သောလူငါး ယောက်တို့သည် အိမ်ထဲသို့ဝင်၍ငွေဖြင့်မွမ်း မံထားသည့်ရုပ်တုနှင့်အခြားရုပ်တုများကို လည်းကောင်း၊ သင်တိုင်းတော်ကိုလည်းကောင်းယူ ကြ၏။ ထိုအချိန်၌ယဇ်ပုရောဟိတ်သည်စစ် သားခြောက်ရာနှင့်အတူဝင်းတံခါးဝတွင် ရှိသတည်း။
မိက္ခာ၏အိမ်သို့ထိုသူတို့ဝင်၍ရုပ်တုများ နှင့် သင်တိုင်းတော်တို့ကိုယူကြသောအခါ ယဇ်ပုရောဟိတ်ကသူတို့အား``သင်တို့သည် အဘယ်သို့ပြုကြပါသနည်း'' ဟုမေး၏။
ထိုအခါယဇ်ပုရောဟိတ်သည်လွန်စွာ ဝမ်းမြောက်သဖြင့် ရုပ်တုများနှင့်သင်တိုင်း တော်တို့ကိုယူ၍ထိုလူစုနှင့်အတူ လိုက်သွားလေသည်။
မိက္ခာကလည်း`` `အဘယ်အရေးအခင်းရှိ သနည်း' ဟုဆိုရာ၌သင်တို့အဘယ်သို့ဆို လိုပါသနည်း။ သင်တို့သည်ငါ၏ယဇ်ပုရော ဟိတ်နှင့် ငါထုလုပ်ထားသောရုပ်တုတို့ကို ယူသွားကြပါသည်တကား။ ငါ၌အဘယ် အရာကျန်ရှိသေးသနည်း'' ဟုပြန်ပြော လေ၏။
ကိုယ်တော်အားပုန်ကန်ခြင်းသည်စုံးအတတ် ကဲ့သို့ဆိုးရွား၍ မောက်မာထောင်လွှားခြင်း သည်လည်းရုပ်တုကိုကိုးကွယ်ခြင်းကဲ့သို့ ပင်အပြစ်ကြီး၏။ သင်သည်ထာဝရဘုရား ၏အမိန့်တော်ကိုပယ်သောကြောင့် ကိုယ်တော် သည်သင့်ကိုဘုရင်အဖြစ်မှပယ်တော်မူ ပြီ'' ဟုဆို၏။