သို့ရာတွင်ကိုယ်တော်သည်မိမိ၏ မဟာတန်ခိုးတော်ကိုပြရန် ကတိတော်ရှိသည်အတိုင်းသူတို့အား ကယ်တော်မူပါ၏။
ယေဇကျေလ 20:9 - Common Language Bible သို့ရာတွင်ငါ၏နာမတော်ကို သူတို့အတူ တကွနေထိုင်လျက်ရှိသောနိုင်ငံများရှေ့တွင် အသရေမပျက်စေခြင်းငှာယင်းသို့မပြု ခဲ့။ အဘယ်ကြောင့်ဆိုသော်ဣသရေလ အမျိုးသားတို့အား အီဂျစ်ပြည်မှထုတ် ဆောင်တော်မူခြင်းဖြင့် သူတို့နှင့်အတူနေ ထိုင်ကြသောလူမျိုးခြားတို့၏ရှေ့တွင် ငါ သည်ထင်ရှားတော်မူခဲ့ပြီဖြစ်သောကြောင့် တည်း။ Garrad Bible သို့ ရာ တွင်၊ အိ ဂျစ် ပြည် မှ ထုတ် ဆောင် ခြင်း အား ဖြင့် ကိုယ် ကို ထင် ရှား စေ သည် ကို၊ သိ မြင် သော ရော ပြွမ်း သူ လူ မျိုး ခြား တို့ ရှေ့၊ နာ မ တော် ရှုတ် ချ မ ခံ ရ စေ ခြင်း ငှာ၊ ပြု စု သည် နှင့် အ ညီ၊ Judson Bible သို့ရာတွင်၊ သူတို့နေသော တစ်ပါးအမျိုးသားတို့ရှေ့မှာ၊ ငါ၏နာမအသရေကို မပျက်စေခြင်းငှာ၊ ငါသည် နာမတော်အတွက် စီရင်၍၊ တစ်ပါးအမျိုးသားတို့ရှေ့မှာ ထင်ရှားလျက်၊ သူတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့နေထိုင်ရာလူမျိုးခြားတို့အလယ်တွင် ငါ့နာမရှုတ်ချမခံရရန်အတွက် ငါပြုခဲ့၏။ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူမျိုးခြားတို့အား သိစေခဲ့၏။ |
သို့ရာတွင်ကိုယ်တော်သည်မိမိ၏ မဟာတန်ခိုးတော်ကိုပြရန် ကတိတော်ရှိသည်အတိုင်းသူတို့အား ကယ်တော်မူပါ၏။
သို့ရာတွင်မောရှေသည် မိမိ၏ဘုရားသခင် ထာဝရဘုရားအားတောင်းပန်လျှောက်ထား သည်မှာ``အို ထာဝရဘုရား၊ ကိုယ်တော်သည် အီဂျစ်ပြည်မှ၊ မဟာတန်ခိုးတော်ဖြင့်ကယ် တင်ခဲ့သောကိုယ်တော်၏လူမျိုးတော်ကို အမျက်ပြင်းစွာထွက်တော်မူမည်လော။-
အီဂျစ်အမျိုးသားတို့ကကိုယ်တော်ရှင်သည် ဣသရေလအမျိုးသားတို့ကိုတောင်များ ပေါ်သို့ခေါ်ဆောင်၍၊ အကုန်အစင်ရှင်းလင်း သုတ်သင်ပစ်ရန်အီဂျစ်ပြည်မှထုတ်ဆောင် သွားသည်ဟူ၍ဆိုဖွယ်ရာအကြောင်းရှိ စေရပါမည်လော။ ပြင်းပြသောအမျက် တော်ကိုပြေစေလျက်ကိုယ်တော်၏လူမျိုး တော်အားပေးမည့်အပြစ်ဒဏ်မှလွတ် ငြိမ်းချမ်းသာခွင့်ရစေပါ။-
ငါသည်အဘယ်အမှုကိုမဆိုမိမိ၏ ဂုဏ်သိက္ခာကိုထောက်၍ပြုတတ်၏။ ငါ၏နာမတော်အသရေပျက်စေရန်ပြု လိမ့်မည်မဟုတ်။ ငါတစ်ပါးတည်းသာလျှင်ခံယူထိုက်သည့် ဘုန်းအသရေကိုလည်း၊ အခြားအဘယ်သူအားမျှခံယူစေလိမ့် မည်မဟုတ်။
သို့ရာတွင်ယင်းသို့ဖျက်ဆီးပစ်ပါမူနိုင်ငံ တကာရှေ့တွင် ငါ၏နာမတော်အသရေ ပျက်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူတို့ အားအီဂျစ်ပြည်မှ ငါထုတ်ဆောင်ခဲ့သည်ကို လူမျိုးတကာတို့မြင်ခဲ့ကြသောကြောင့် ဖြစ်၏။-
မခံစေခဲ့။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ ပြုပါမူ ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှငါထုတ်ဆောင်ခဲ့သည်ကို မြင်သောလူမျိုးတို့၏ရှေ့တွင် ငါ၏နာမ တော်အသရေပျက်မည်ဖြစ်သောကြောင့် တည်း။-
ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်ကို ငါ့လူမျိုးတော်ဣသရေလအမျိုး သားတို့သိရှိကြစေရန်ငါပြုမည်။ သူတို့ သည်ထိုသန့်ရှင်းသောနာမတော်ကိုနောက် တစ်ဖန်မရှုတ်ချရ။ ထိုအခါငါထာဝရ ဘုရားသည် ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်ဖြစ်တော်မူကြောင်းလူမျိုးတကာ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့မဟုတ်လျှင်အီဂျစ်အမျိုးသားတို့က ကိုယ် တော်သည်သူတို့အားကတိထားတော်မူသော ပြည်သို့ပို့ဆောင်နိုင်စွမ်းမရှိဟုဆိုကြပါ လိမ့်မည်။ ကိုယ်တော်သည်ကိုယ်တော်၏လူမျိုး တော်ကိုမုန်းသောကြောင့် သတ်ပစ်ရန်တော ကန္တာရသို့ထုတ်ဆောင်ခဲ့သည်ဟုလည်းဆို ကြပါလိမ့်မည်။-
သင်တို့အီဂျစ်ပြည်မှထွက်လာစဉ်ကထာဝရဘုရားသည် သင်တို့ချီတက်ရာရှေ့၌ပင်လယ် နီရေကိုခန်းခြောက်စေတော်မူကြောင်းကို ကျွန်မတို့ကြားသိရပါသည်။ ယော်ဒန် မြစ်အရှေ့ဘက်တွင်စိုးစံသောအာမောရိ ဘုရင်နှစ်ပါးဖြစ်ကြသည့်ရှိဟုန်ဘုရင် နှင့်သြဃဘုရင်တို့ကို သင်တို့မည်ကဲ့သို့ သတ်ဖြတ်သုတ်သင်ခဲ့ကြကြောင်းကိုလည်း ကျွန်မကြားသိရပါသည်။-
ခါနာန်အမျိုးသားမှစ၍ဤပြည်ရှိလူ အပေါင်းတို့သည် ထိုသတင်းကိုကြားသဖြင့် အကျွန်ုပ်တို့ကိုဝိုင်း၍ တစ်ယောက်မျှမကျန် အောင်သတ်ဖြတ်ကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကို လူတို့ အထင်မသေးကြစေခြင်းငှာမည်သို့ ပြုတော်မူပါမည်နည်း'' ဟုလျှောက်ထား လေ၏။
ထာဝရဘုရားသည်သင်တို့အား မိမိ၏လူမျိုး တော်အဖြစ်ဖြင့်ခန့်ထားတော်မူပြီးဖြစ်၏။ ထို့ ကြောင့်ကိုယ်တော်သည်နာမတော်ကိုထောက်၍ သင်တို့အားစွန့်ပစ်တော်မူလိမ့်မည်မဟုတ်။-
ထိုတန်ခိုးကြီးသောဘုရားများ၏လက်မှ ငါတို့အားအဘယ်သူကယ်နိုင်ပါမည်နည်း။ ထိုဘုရားများကားအီဂျစ်အမျိုးသားတို့ အား တောကန္တာရတွင်သုတ်သင်သတ်ဖြတ် သောဘုရားများဖြစ်၏။-