ယေဇကျေလ 20:22 - Common Language Bible22 မခံစေခဲ့။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ ပြုပါမူ ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှငါထုတ်ဆောင်ခဲ့သည်ကို မြင်သောလူမျိုးတို့၏ရှေ့တွင် ငါ၏နာမ တော်အသရေပျက်မည်ဖြစ်သောကြောင့် တည်း။- အခန်းကိုကြည့်ပါ။Garrad Bible22 ထုတ် ဆောင် တော် မူ ခဲ့ ခြင်း ကို သိ မြင် သော လူ မျိုး ခြား တို့ ရှေ့၊ နာ မ တော် ရှုတ် ချ မ ခံ ရ စေ ခြင်း ငှာ ပြု စု လျက်၊ လက် တော် မ ဖိ ချေ။ အခန်းကိုကြည့်ပါ။Judson Bible22 သို့ရာတွင်၊ ငါနုတ်ဆောင်ခြင်းကျေးဇူးကို သိမြင်သော တစ်ပါးအမျိုးသားတို့ရှေ့မှာ ငါ၏နာမအသရေကို မပျက်စေခြင်းငှာ၊ ငါသည် နာမတော်အတွက် သည်းခံလျက်နေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 သို့သော် သူတို့အား ထုတ်ဆောင်လာခဲ့သည်ကို မြင်တွေ့သော လူမျိုးခြားတို့ရှေ့တွင် ငါ့နာမရှုတ်ချမခံရရန်အတွက် ငါပြုခဲ့၏။ သူတို့ကို ငါမဆုံးမခဲ့။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်၏နာမတော်ကိုထောက်၍ ကျွန်တော်မျိုးတို့အားစက်ဆုပ်ရွံရှာတော်မမူ ပါနှင့်။ ကိုယ်တော်ရှင်၏ဘုန်းအသရေကိုဆောင်သည့် ရာဇပလ္လင်တည်းဟူသောယေရုရှလင်မြို့ကို အသရေပျက်စေတော်မမူပါနှင့်။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့နှင့်ပြုတော် မူသော ပဋိညာဉ်ကိုဖျက်တော်မမူပါနှင့်။
ငါ၏လူမျိုးတော်ကငါ့အား `ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
သို့ရာတွင်ငါ၏နာမတော်ကို သူတို့အတူ တကွနေထိုင်လျက်ရှိသောနိုင်ငံများရှေ့တွင် အသရေမပျက်စေခြင်းငှာယင်းသို့မပြု ခဲ့။ အဘယ်ကြောင့်ဆိုသော်ဣသရေလ အမျိုးသားတို့အား အီဂျစ်ပြည်မှထုတ် ဆောင်တော်မူခြင်းဖြင့် သူတို့နှင့်အတူနေ ထိုင်ကြသောလူမျိုးခြားတို့၏ရှေ့တွင် ငါ သည်ထင်ရှားတော်မူခဲ့ပြီဖြစ်သောကြောင့် တည်း။
အို အရှင်ဘုရား၊ နားထောင်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့လျှောက်ထားချက်ကိုနား ထောင်တော်မူ၍အရေးယူတော်မူပါ။ အို အကျွန်ုပ်တို့၏ဘုရားသခင်ဖင့်နွဲ တော်မမူပါနှင့်။ သို့မှသာလျှင်ကိုယ်တော် သည်ဘုရားသခင်ဖြစ်တော်မူကြောင်း ကိုလူတိုင်းသိရှိပါလိမ့်မည်။ ဤမြို့ နှင့်ဤလူမျိုးတော်ကိုကိုယ်တော်ပိုင် တော်မူပါ၏'' ဟုဆုတောင်းပတ္ထနာပြု၏။