အခြားပရောဖက်အပေါင်းတို့ကလည်း ဤ အတိုင်းပင်မင်းကြီးအားလျှောက်ထားကြ၏။ သူတို့က``ရာမုတ်မြို့သို့ချီတက်တော်မူပါ။ အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟုဟောကြ၏။
ယေဇကျေလ 13:6 - Common Language Bible သူတို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သူတို့ကြိုတင်ဟောကြားချက် များသည်လည်းမုသားစကားများဖြစ်၏။ ထာဝရဘုရား၏ဗျာဒိတ်တော်ဖြစ်သည်ဟု ဆိုကြသော်လည်း ထိုဗျာဒိတ်ကိုငါမပေး ခဲ့။ သို့ပါလျက်သူတို့သည်ဟောကြားသည့် အတိုင်းဖြစ်ပျက်လိမ့်မည်ဟုစောင့်စားကြ ပါသည်တကား။- Garrad Bible ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ သည် ဟု၊ ငါ ထာ ဝ ရ ဘု ရား စေ လွှတ် ခြင်း ကင်း လျက် ဆို တတ် သော ပ ရော ဖက် တို့ သည်၊ အ ကျိုး မဲ့ မု သာ ဗေ ဒင် ကို မြော် ကြည့် လျက်၊ ထို အ ချက် တည် မည် ဟု စောင့် စား ကြ၏။ Judson Bible အချည်းနှီးသောအရာကို မြင်ကြပြီ။ ထာဝရဘုရားစေလွှတ်တော်မမူဘဲ၊ ထာဝရဘုရား မိန့်တော်မူသည်ဟု ဆိုလျက်၊ လှည့်စား၍ ပရောဖက်ပြုကြပြီ။ ကိုယ်စကားပြည့်စုံမည်ဟု သူတစ်ပါးယုံစေခြင်းငှာ ပြုကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မဟုတ်မမှန်သောနိမိတ်ကို မြင်ကြ၏။ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုတတ်ကြ၏။ ထာဝရဘုရားမစေလွှတ်ဘဲ ထာဝရဘုရား မိန့်မှာတော်မူသည်ဟု ဆိုလျက် ဆိုသည့်အတိုင်းလည်း ပြည့်စုံမည်ဟူ၍ မျှော်လင့်တတ်ကြ၏။ |
အခြားပရောဖက်အပေါင်းတို့ကလည်း ဤ အတိုင်းပင်မင်းကြီးအားလျှောက်ထားကြ၏။ သူတို့က``ရာမုတ်မြို့သို့ချီတက်တော်မူပါ။ အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟုဟောကြ၏။
သူသည်မင်းကြီး၏ရှေ့တော်သို့ ရောက်သောအခါ မင်းကြီးက``အချင်းမိက္ခာ၊ ယောရှဖတ်မင်းနှင့် ငါသည်ရာမုတ်မြို့သို့ချီတက်တိုက်ခိုက်ရန်သင့် မသင့်ဖြေကြားပါလော့'' ဟုမိန့်တော်မူ၏။ မိက္ခာက``ချီတက်တိုက်ခိုက်တော်မူပါ။ အရှင် မင်းကြီးသည်အောင်မြင်တော်မူပါလိမ့်မည်။ ထာဝရဘုရားသည်အရှင့်အားအောင်ပွဲခံ စေတော်မူပါလိမ့်မည်'' ဟုပြန်လည်လျှောက် ထား၏။
သူ့အားထောင်သွင်းအကျဉ်းချကာကောင်း မွန်ချောမောစွာ ငါပြန်လည်ရောက်ရှိလာချိန် တိုင်အောင်မုန့်နှင့်ရေကိုသာကျွေးမွေးထား ရန်သူတို့အားမှာကြားလော့'' ဟုအမိန့် ပေးတော်မူ၏။
ဤသို့ဖြင့်အာဟပ်မင်းသည်ကွယ်လွန်လေသည်။ သူ၏အလောင်းကိုရှမာရိမြို့သို့ယူဆောင် ပြီးလျှင်သင်္ဂြိုဟ်ကြ၏။-
သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ထာဝရ ဘုရားသည်အရှင့်အားအောင်ပွဲခံစေတော်မူ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
ဥာဏ်တိမ်သော သူသည်သူတပါး ပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာ လမ်းကို စေ့စေ့ကြည့်ရှုတတ်၏။
သို့ရာတွင်ထာဝရဘုရားက``ပရောဖက်တို့ သည် ငါ၏နာမတော်ကိုအမှီပြု၍ လိမ်လည် ပြောဆိုနေကြခြင်းဖြစ်သည်။ ငါသည်သူတို့ ကိုမစေလွှတ်ခဲ့။ သူတို့အားအဘယ်သို့မျှ လည်းမမှာကြား။ အဘယ်ဗျာဒိတ်ကိုမျှ လည်းငါမပေးခဲ့။ သူတို့ဖော်ပြသည့်ဗျာဒိတ် ရူပါရုံတို့သည်ငါပြသည့်ရူပါရုံများ မဟုတ်။ သူတို့ကြိုတင်ဟောပြောမှုများ သည်အချည်းနှီးဟောပြောမှုများသာ လျှင်ဖြစ်၏။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက ယေရု ရှလင်မြို့သူမြို့သားတို့အား``ပရောဖက်များ သည်သင်တို့အားအချည်းနှီးမျှော်လင့်လျက် နေစေကြသည်ဖြစ်၍ သူတို့ဟောပြောသည့် စကားကိုနားမထောင်ကြနှင့်။ သူတို့သည် မိမိတို့စိတ်ထဲထင်မြင်သည့်အရာများကို ဟောပြောကြ၏။ ငါ၏ဗျာဒိတ်တော်ကိုဟော ပြောကြသည်မဟုတ်။-
ထိုနှစ်တည်းဟူသောဇေဒကိမင်းနန်းစံ စတုတ္ထနှစ်ပဉ္စမလ၌အာဇုရ၏သား ဂိဘောင်မြို့နေပရောဖက်ဟာနနိသည် ယေရမိအားဗိမာန်တော်ထဲတွင်ယဇ်ပုရော ဟိတ်များနှင့်ပြည်သူတို့၏ရှေ့၌၊-
ထိုနောက်ငါသည်ဟာနနိအား``ဟာနနိ၊ နားထောင်လော့။ ထာဝရဘုရားသည်သင့် အားစေလွှတ်တော်မူသည်မဟုတ်။ သင်သည် ဤပြည်သူတို့အားမုသားစကားကို ယုံကြည်အောင်ပြုလျက်နေသည်ဖြစ်၍၊-
ဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်ဗာဗုလုန်မင်း၏အာဏာ တန်ခိုးကိုချိုးနှိမ်တော်မူပြီ။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင် ငါထာဝရဘုရားသတိ ပေးတော်မူ၏။ သင်တို့သည်မိမိတို့အထဲမှ ပရောဖက်များ၊ အခြားအနာဂတ်ဟောသည့် ဆရာများ၏လိမ်လည်လှည့်စားမှုကိုမခံ ကြနှင့်။ သူတို့၏အိပ်မက်များကိုလည်းမည် သို့မျှပမာဏမပြုကြနှင့်။-
ဗာဗုလုန်ဘုရင်သည်အရှင့်ကိုသော်လည်းကောင်း၊ ဤပြည်ကိုသော်လည်းကောင်းတိုက်ခိုက်လိမ့်မည် မဟုတ်ဟု ဟောပြောခဲ့ကြသည့်အရှင်၏ပရော ဖက်များကားအဘယ်မှာရှိပါသနည်း။-
ပရောဖက်တို့သည်မှန်သောစကားကိုမပြောကြ။ ယဇ်ပုရောဟိတ်တို့သည်ပရောဖက်အမိန့်ပေးသည်အတိုင်းအုပ်စိုးကြ၏။ ငါ၏လူမျိုးတော်ကလည်းဤသို့ပြုကျင့်မှုတို့ကိုမကန့်ကွက်ကြ။ သို့ရာတွင်သူတို့သည်နောက်ဆုံးတစ်နေ့၌အဘယ်သို့ပြုကြမည်နည်း။
သင်၏ပရောဖက်များသည်မုသားစကားမှ တစ်ပါး သင့်အားအခြားမည်သည့်စကားကိုမျှ မပြောတတ်ကြပါ။ သူတို့ဟောပြောသမျှသည်သင့်ကို လှည့်စားခြင်းသာဖြစ်၏။ သင်၏အပြစ်ကိုအဘယ်ခါမျှမဖော်ပြသဖြင့် သင်သည်နောင်တရစရာမလိုဟုထင်မှတ်စေခဲ့ သည်။
သူတို့အားဤသို့ဆင့်ဆိုလော့။ သင်တို့၏ ဗျာဒိတ်ရူပါရုံများသည်အတုဖြစ်၍ သင် တို့ကြိုတင်ဟောကြားချက်များသည်လည်း မုသားစကားများဖြစ်၏။ သင်တို့ကထို စကားများသည် ငါ၏ဗျာဒိတ်တော်ဖြစ် သည်ဟုဆိုသော်လည်း ငါသည်ထိုဗျာဒိတ် ကိုသင်တို့အားမပေးခဲ့'' ဟုမိန့်တော် မူ၏။
ယေရုရှလင်မြို့သူမြို့သားတို့သည်ဗာဗု လုန်မင်းနှင့် မိမိတို့ချုပ်ဆိုထားသည့်စစ်ပြေ ငြိမ်းခြင်းစာချုပ်များရှိသဖြင့် ဤသို့ကြို တင်ဟောကိန်းထွက်သည်ကိုယုံကြလိမ့်မည် မဟုတ်။ သို့ရာတွင်သူတို့အားမိမိတို့၏ အပြစ်များကိုပြန်လည်သတိရစေ၍ သူတို့အဖမ်းခံရကြလိမ့်မည်။-
သင်တို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သင်တို့အားကြိုတင်ဟောပြော ချက်များသည်လည်းလိမ်လည်ဟောပြောမှု များသာဖြစ်၏။ သင်တို့အပြီးသတ်အပြစ် ဒဏ်ခံရမည့်နေ့ရက်သည်နီးကပ်လာလေ ပြီ။ ဋ္ဌားတော်သည်ယုတ်မာဆိုးညစ်သူတို့ ၏ဇက်ပေါ်သို့သတ်ဖြတ်ရန်ကျရောက်အံ့။
ပရောဖက်တို့သည်အုတ်တံတိုင်းကိုထုံးဖြူ သုတ်သူများကဲ့သို့ ထိုအပြစ်များကိုဖုံး အုပ်ပေးကြ၏။ သူတို့သည်ဗျာဒိတ်ရူပါရုံ အတုများကိုမြင်လျက် မဟုတ်မမှန်သော ဗျာဒိတ်ကိုဆင့်ဆိုဟောပြောကြ၏။ သူတို့ ကမိမိတို့သည်အရှင်ထာဝရဘုရား ဗျာဒိတ်တော်ကိုဆင့်ဆိုကြသည်ဟုဆို သော်လည်း ယင်းဗျာဒိတ်တို့ကိုသူတို့အား ငါမပြောခဲ့။-
လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။
လူအများပင်ငါ၏အယောင်ဆောင်လျက်လာ ကြလိမ့်မည်။ သူတို့သည်မေရှိယဖြစ်သည်ဟု ဆို၍လူအများကိုလှည့်ဖြားကြလိမ့်မည်။-
ဤအကြောင်းကြောင့်ဘုရားသခင်သည်သူတို့ အားအလှည့်စားခံစေလျက်အမှားကိုအမှန် ဟုယုံစေတော်မူ၏။-
သူတို့သည်မှားယွင်းလမ်းလွဲသောလူစု အထဲမှလွတ်မြောက်ခါစဖြစ်သောသူတို့ အား ကြွားဝါသောအချည်းနှီးစကားများ ကိုသုံးကာ ကာမဂုဏ်လိုက်စားမှုဖြင့်သွေး ဆောင်လမ်းလွဲစေကြ၏။-