၂ သက် 2:11 - Common Language Bible11 ဤအကြောင်းကြောင့်ဘုရားသခင်သည်သူတို့ အားအလှည့်စားခံစေလျက်အမှားကိုအမှန် ဟုယုံစေတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible11-12 ထို အ ကြောင်း ကြောင့် လည်း ဓ မ္မ ကို မ ယုံ ဘဲ အ ဓ မ္မ၌ နှစ် သက် သူ ခပ် သိမ်း ကို အ ပြစ် စီ ရင် တော် မူ အံ့ သော ငှါ ဘု ရား သ ခင် သည် ထို သူ တို့ အ တွင်း သို့ မု သာ ယုံ စေ ရန် တိုက် တွန်း သော မိ စ္ဆာ အ ယူ ကို လွှတ် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ထိုကြောင့်၊ သမ္မာတရားကို မယုံဘဲ၊ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ထို့ကြောင့် မုသားကို သူတို့ယုံကြည်ကြစေရန် ဘုရားသခင်သည် လှည့်ဖြားခြင်းတန်ခိုးကို သူတို့ထံသို့ စေလွှတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း11 ထိုအတွက်ကြောင့် ဘုရားသခင်သည် သူတို့ကို အလှည့်ဖြားခံစေတော်မူမည်ဖြစ်ပြီး သူတို့သည်လည်း ထိုလိမ်လည်မှုကို ယုံကြည်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူပြုသောအမှုသည်မီးဖိုပြာကိုစားသ ကဲ့သို့ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့ပေ၏။ မိမိ ၏မိုက်မှားသောအတွေးအခေါ်များက သူ့ကိုလမ်းလွဲ၍နေစေ၏။ သို့ဖြစ်၍သူ့ အားကူညီပြုစုပေးရန်ပင်မဖြစ်နိုင် တော့ပေ။ သူသည်မိမိလက်တွင်ကိုင်ထား သည့်ရုပ်တုမှာဘုရားလုံးဝမဟုတ် ကြောင်းကိုမသိ။
ထို့ကြောင့်ငါသည်သူတို့ကြောက်လန့်လျက် ရှိသည့်ဘေးအန္တရာယ်ဆိုးကိုပင်သူတို့အပေါ် သို့သက်ရောက်စေတော်မူ၏။ အဘယ်ကြောင့် ဆိုသော်ငါခေါ်သောအခါအဘယ်သူမျှ မထူးကြ။ ငါပြောသောအခါ၌လည်း အဘယ်သူမျှနားမထောင်ကြသော ကြောင့်ဖြစ်၏။ သူတို့သည်ငါ့စကားကို နားမထောင်၊ ဒုစရိုက်မှုပြုရန်ကိုသာ ရွေးချယ်ကြ၏'' ဟုမိန့်တော်မူ၏။
သင်တို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သင်တို့အားကြိုတင်ဟောပြော ချက်များသည်လည်းလိမ်လည်ဟောပြောမှု များသာဖြစ်၏။ သင်တို့အပြီးသတ်အပြစ် ဒဏ်ခံရမည့်နေ့ရက်သည်နီးကပ်လာလေ ပြီ။ ဋ္ဌားတော်သည်ယုတ်မာဆိုးညစ်သူတို့ ၏ဇက်ပေါ်သို့သတ်ဖြတ်ရန်ကျရောက်အံ့။