မြေကြီးပေါ်ရှိမြေမှုန့်ကိုရေတွက်နိုင်ပါမှ သင်၏အဆက်အနွယ်များကိုရေတွက်နိုင်မည်။-
ယေဇကျေလ 12:16 - Common Language Bible သူတို့အနက်အနည်းငယ်အားစစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်အနာရောဂါ ဘေးတို့မှငါချမ်းသာပေးမည်။ သို့မှသာ လျှင်လူမျိုးတကာတို့တွင်ရောက်ရှိနေသော သူတို့သည် မိမိတို့ပြုခဲ့သောအမှုများကို စက်ဆုပ်ဖွယ်ဖြစ်ကြောင်းနားလည်သဘော ပေါက်၍ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကိုသိကြလိမ့်မည်'' ဟုမိန့်တော် မူ၏။ Garrad Bible သို့ ရာ တွင်၊ ဝင် ရောက်၍ နေ ရာ လူ မျိုး ခြား တို့၌၊ ရွံ ရှာ ဖွယ် အ မှု များ ကို ဖော် ပြ ကြ အံ့ သော ငှာ၊ သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ မှ၊ လူ အ နည်း ငယ် ကို ငါ ခြွင်း ထား သ ဖြင့်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ လူ တို့ သိ ရ ကြ လ တ္တံ့ ဟူ၍ တည်း။ Judson Bible သို့ရာတွင်၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်းစေသော သူအချို့တို့သည် မိမိတို့ပြုဖူးသော စက်ဆုပ်ရွံရှာဖွယ် အမှုရှိသမျှတို့ကို၊ နောက်ရောက်သော တစ်ပါးအမျိုးသားနေရာပြည်တို့၌ ဖော်ပြကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်ရာတို့ကို သူတို့ရောက်သွားသောလူမျိုးတကာအလယ်၌ ပြောပြနိုင်မည့်အကြောင်း သူတို့အထဲမှ လူအနည်းငယ်ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့မှ လွတ်မြောက်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်”ဟု မိန့်ဆို၏။ |
မြေကြီးပေါ်ရှိမြေမှုန့်ကိုရေတွက်နိုင်ပါမှ သင်၏အဆက်အနွယ်များကိုရေတွက်နိုင်မည်။-
သူတို့၏နှုတ်၊သူတို့ပြောဆိုသမျှသောစကား အားဖြင့် အပြစ်ကူးကြပါ၏။ သူတို့သည်မိမိတို့၏မာန်မာနကျော့ကွင်းတွင်ပင် မိကြပါစေသော။ သူတို့သည်ကျိန်ဆဲ၍မုသားစကားကို ပြောဆိုတတ်ကြသဖြင့်
အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရားသာလျှင် မြို့သူမြို့သားအချို့တို့အားအသက်မသေဘဲကျန်ရစ်စေတော်မမူပါလျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း၍သွားမည်သာဖြစ်၏။
သစ်ပင်များအနည်းငယ်မျှသာကျန်ရှိ တော့မည်ဖြစ်၍ ယင်းတို့ကိုကလေးသူငယ် ပင်လျှင်ရေတွက်၍ကြည့်နိုင်လိမ့်မည်။
ယခုအခါ၌ဣသရေလအမျိုးသားတို့ သည် သမုဒ္ဒရာသဲလုံးနှင့်အမျှများသော် လည်း အချို့သာလျှင်အထံတော်သို့ပြန် လာကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ အားသုတ်သင်ဖျက်ဆီးပစ်ရန် စီမံထားပြီး ဖြစ်ပေသည်။ သူတို့သည်လည်းယင်းသို့သုတ် သင်ဖျက်ဆီးခြင်းကိုလုံးဝခံထိုက်ကြ သတည်း။-
ကမ္ဘာတစ်ဝှမ်းလုံးမှနိုင်ငံရှိသမျှတို့တွင် ဤနည်းအတိုင်းပင်ဖြစ်ပျက်ရလိမ့်မည်။ ဤသို့ဖြစ်ပျက်ရာအချိန်သည်သံလွင်သီး များကိုအပင်ရှိသမျှမှရိုက်ချလျက်၊ စပျစ်သီးအကြွင်းအကျန်များကိုလည်း စပျစ်နွယ်များမှဆွတ်ခူးပြီးသည့်အချိန်၊ သီးနှံများရိတ်သိမ်းမှုပြီးဆုံးရာကာလ နှင့်တူလိမ့်မည်။
အကယ်၍ထိုပြည်တွင်လူဦးရေဆယ်ရာနှုန်းမျှသာကျန်ရစ်မည်ဆိုလျှင်လည်း ထိုသူတို့သည်ဆုံးပါးပျက်စီးရကြမည်သာဖြစ်၏။ ထိုသူတို့သည်ခုတ်လှဲလိုက်သည့်ဝက်သစ်ချပင်တို့၏ငုတ်တိုများနှင့်တူလိမ့်မည်'' ဟုမိန့်တော်မူ၏။ (သစ်ငုတ်တိုများသည်ဘုရားသခင်လူမျိုးတော်၏ဘဝသစ်အစပျိုးမှုကိုဖော်ပြသည်။)
ငါသည်ကယ်တင်ရန်သင်တို့ထံလာမည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာနိုင်ငံ တကာတို့အား ဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည်မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း အပြစ်ဒဏ်ခတ်သောအခါ၌မူကား တရားသဖြင့်ပြုမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
(ကမ္ဘာမြေကြီးတစ်ခုလုံးသည် တောကန္တာရ အဖြစ်သို့ရောက်ရှိရလိမ့်မည်ဖြစ်သော်လည်း အကုန်အစင်ပျက်ပြုန်းသွားရလိမ့်မည်မ ဟုတ်ကြောင်း ထာဝရဘုရားမိန့်ကြားထား တော်မူ၏။)
``ငါသည်သူတို့အားအတိုင်းတိုင်းအပြည် ပြည်နှင့်လူမျိုးတကာတို့ထံသို့ပျံ့လွင့် စေသောအခါ သူတို့သည်ငါကားထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသိရှိကြ လိမ့်မည်။-
အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်လူနှင့်တိရစ္ဆာန်တို့ကိုဖျက် ဆီးပစ်ရန်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ သားရဲတိရစ္ဆာန်တို့၏ဘေးနှင့် အနာရောဂါဘေးတည်းဟူသောအဆိုး ရွားဆုံးသောဘေးကြီးလေးပါးကိုယေရု ရှလင်မြို့ပေါ်သို့သက်ရောက်စေမည်။-
သို့ရာတွင်သူတို့ရောက်လေရာရာအရပ် တို့တွင်လူတို့က`ဤသူတို့သည်ထာဝရဘုရား ၏လူမျိုးတော်ဖြစ်သော်လည်း ကိုယ်တော်၏ ပြည်မှထွက်ခွာလာရကြ၏' ဟုဆိုကြ သဖြင့်ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်သည်အသရေပျက်ရ၏။-
သင်တို့သည်မိမိတို့၏ညစ်ညမ်းသော အကျင့်များနှင့်ပြုခဲ့သည့်အမှားများ ကိုပြန်လည်သတိရကြလိမ့်မည်။ မိမိ တို့၏အပြစ်များနှင့်ဆိုးညစ်မှုများ အတွက်သင်တို့သည်မိမိကိုယ်ကိုစက် ဆုပ်လာကြလိမ့်မည်။-
လမ်းများပေါ်မှာတိုက်ခိုက်မှုများရှိ၏။ အိမ် များ၌အနာရောဂါနှင့်ငတ်မွတ်ခြင်းရှိ၏။ ကျေးတောတွင်ရှိနေသူတို့သည်ဋ္ဌားဘေးဖြင့် သေဆုံးရလျက်မြို့တွင်းရှိနေသူတို့မူကား အနာရောဂါဘေး၊ ငတ်မွတ်ခြင်းဘေးဖြင့် သေရကြလိမ့်မည်။-
ဘုရားသခင်သည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင်အဘယ်သူမျှအသက်ဘေးမှကင်း လွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ဘုရားသခင် သည်မိမိရွေးချယ်ထားတော်မူသောသူများအဖို့ အလို့ငှာထိုနေ့ရက်ကာလကိုတိုစေတော်မူလိမ့် မည်။''
ထာဝရအသက်သို့ပို့ဆောင်ရာလမ်းနှင့်တံခါး ပေါက်သည်ကျဉ်းမြောင်းသောကြောင့် ထိုလမ်းကို တွေ့ရှိသူတို့သည်နည်းကြ၏။
ဣသရေလလူမျိုးနှင့်ပတ်သက်၍ဟေရှာယ က ``ဣသရေလအမျိုးသားတို့သည်ပင်လယ် ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားစေကာ မူ သူတို့အထဲမှလူနည်းစုသာလျှင်ကယ်တင် ခြင်းကိုခံရကြလိမ့်မည်။-