Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 59:12 - Common Language Bible

12 သူ​တို့​၏​နှုတ်၊သူ​တို့​ပြော​ဆို​သ​မျှ​သော​စ​ကား အား​ဖြင့် အ​ပြစ်​ကူး​ကြ​ပါ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​မာန်​မာ​န​ကျော့​ကွင်း​တွင်​ပင် မိ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​ကျိန်​ဆဲ​၍​မု​သား​စ​ကား​ကို ပြော​ဆို​တတ်​ကြ​သ​ဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 သူ တို့ ပြော မိ သော စ ကား ဖြစ် သော၊ နှုတ် ထွက် အ ပြစ် ကြောင့် လည်း ကောင်း၊ ကျိန် ဆဲ သော စ ကား နှင့် မု သာ စ ကား များ ကြောင့် လည်း ကောင်း၊ မိ မိ တို့ မာ န ၌ ပင် ကျော့ မိ ပါ စေ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သူ​တို့​ပြော​မိ​သော စ​ကား​တည်း​ဟူ​သော သူ​တို့​နှုတ်၏​အ​ပြစ်​ကြောင့် မိ​မိ​တို့​မာ​န​တွင် ကျော့​မိ​ပါ​စေ​သော။ သူ​တို့ ကျိန်​ဆဲ​သော​စ​ကား​နှင့် မု​သား​စ​ကား​ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သူ​တို့​နှုတ်​၏​အပြစ်​နှင့် သူ​တို့​နှုတ်ထွက်​စကား​ကြောင့်​လည်းကောင်း​၊ သူ​တို့​ရေရွတ်​သော ကျိန်ဆဲစကား​နှင့်​မုသားစကား​ကြောင့်​လည်းကောင်း သူ​တို့​သည် မိမိ​တို့​၏​မာနကြီး​ခြင်း​ထဲ၌ ကျော့မိ​ကြ​ပါစေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 59:12
20 ပူးပေါင်းရင်းမြစ်များ  

မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဥာဏ်ကိုနှုတ်၍၊ လမ်းမရှိသော တော၌လှည့်လည်စေတော် မူ၏။


သူ​ယုတ်​မာ​တို့​သည်​မာ​န​ထောင်​လွှား​လျက် ဆင်း​ရဲ​သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​ကြ​၏။ မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​များ​တွင် ပြန်​၍​မိ​စေ​တော်​မူ​ပါ။


သူ​၏​နှုတ်​သည်​ကျိန်​ဆဲ​ခြင်း၊လိမ်​လည်​ခြင်း၊ ခြိမ်း​ခြောက်​ခြင်း​တို့​ဖြင့်​ပြည့်​ဝ​၏။ မုန်း​တီး​သော​စ​ကား၊ယုတ်​မာ​သော​စ​ကား​ကို အ​လျင်​အမြန်​ပြော​ဆို​တတ်​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို ကြ​သည့် တိုင်း​နိုင်​ငံ​တို့​သည်​ခု​နစ်​ဆ​မျှ​ပို​၍ အ​စော်​ကား​ခံ​စေ​တော်​မူ​ပါ။


ဖြောင့်မတ်သော သူတို့၏ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။


စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက် တတ်၏။


မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ်၏။


ကိုယ်နှုတ်ထွက်စကားဖြင့် ကျော်မိပြီ။ ကိုယ် ပြောသောစကားကြောင့် အမှုရောက်လေပြီ။


သူ​တို့​သည်​တစ်​နေ​ကုန်​တစ်​နေ​ခန်း ကျွန်​တော်​မျိုး အ​ကြောင်း​ကို​ပြော​ဆို​လျက် မိ​မိ​တို့​အ​ကြံ​အ​စည်​များ​ကို​ပြု​လုပ်​ကြ​ပါ​၏။


သူ​တို့​အ​နက်​အ​နည်း​ငယ်​အား​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အနာ​ရော​ဂါ ဘေး​တို့​မှ​ငါ​ချမ်း​သာ​ပေး​မည်။ သို့​မှ​သာ လျှင်​လူ​မျိုး​တ​ကာ​တို့​တွင်​ရောက်​ရှိ​နေ​သော သူ​တို့​သည် မိ​မိ​တို့​ပြု​ခဲ့​သော​အ​မှု​များ​ကို စက်​ဆုပ်​ဖွယ်​ဖြစ်​ကြောင်း​နား​လည်​သ​ဘော ပေါက်​၍​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​ကို​သိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။


သူ​တို့​သည်​က​တိ​မ​တည်​ခြင်း၊ မု​သား စ​ကား​ကို​ပြော​ခြင်း၊ လူ့​အ​သက်​ကို​သတ် ခြင်း၊ သူ​တစ်​ပါး​ဥစ္စာ​ပစ္စည်း​ကို​ခိုး​ယူ​ခြင်း၊ သူ​တစ်​ပါး​သား​မ​ယား​ကို​ပြစ်​မှား​ခြင်း တို့​ကို​ပြု​၏။ တ​ရား​လက်​လွတ်​နေ​ထိုင်​၍ လူ​သတ်​မှု​များ​ကို​အ​ထပ်​ထပ်​ကူး​လွန် ကြ​၏။-


အို ငါ​၏​လူ​မျိုး​တော်၊ ထို​အ​ခါ​သင်​တို့ သည်​ငါ့​ကို​ပုန်​ကန်​ခဲ့​သည့်​အ​တွက်​ရှက် ကြောက်​နေ​ရန်​လို​တော့​မည်​မ​ဟုတ်။ ငါ သည်​မာ​န​ကြီး​သူ​မောက်​မာ​ထောင်​လွှား သူ​မှန်​သ​မျှ​ကို​ပယ်​ရှင်း​မည်​ဖြစ်​၍ သင် တို့​သည်​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌ မျှ​ယေ​ရု​ရှ​လင်​မြို့​ရှိ ငါ​၏​သန့်​ရှင်း​မြင့် မြတ်​သည့်​တောင်​တော်​ပေါ်​တွင်​ငါ့​ကို​ပုန် ကန်​ကြ​တော့​မည်​မ​ဟုတ်။-


လူ​အ​ပေါင်း​တို့​က ``ထို​သူ​သေ​ရ​ခြင်း​အ​တွက် အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏​သား​မြေး​များ ၏​တာ​ဝန်​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။


``အ​ရှင်၊ ထို​လူ​လိမ်​အ​သက်​ရှင်​စဉ်​အ​ခါ​က၊ `ငါ သည်​သုံး​ရက်​ကြာ​သော်​သေ​ခြင်း​မှ​ထ​မြောက်​မည်' ဟု​ပြော​ဆို​ခဲ့​သည်​ကို​အ​ကျွန်ုပ်​တို့​မှတ်​မိ​ပါ​၏။-


သို့​ရာ​တွင်​သူ​တို့​က ``ဤ​သူ​သည်​ဂါ​လိ​လဲ​ပြည် က​စ​၍ ယ​ခု​ဤ​အ​ရပ်​ဒေ​သ​တိုင်​အောင်​ယု​ဒ ပြည်​အ​နှံ့​အ​ပြား​ဟော​ပြော​လျက် ပြည်​သူ​တို့ အား​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​အောင်​လှုံ့​ဆော်​ပါ​၏'' ဟု​ပို​၍​ပင်​အ​သံ​ကျယ်​စွာ​စွပ်​စွဲ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ