သုံးဆယ်နှစ်မြောက် စတုတ္ထလ၊ လဆန်းငါးရက်နေ့၌ငါသည် ပြည်နှင်ဒဏ်သင့်သူယုဒအမျိုးသားများနှင့်အတူဗာဗုလုန်ပြည်၊ ခေဗာမြစ်အနီးတွင်နေထိုင်လျက်ရှိစဉ် မိုးကောင်းကင်ကွဲဟ၍ဘုရားသခင်ကိုဗျာဒိတ်ရူပါရုံ၌မြင်ရ၏။-
ယေဇကျေလ 10:22 - Common Language Bible သူတို့၏မျက်နှာများသည်ခေဗာမြစ်အနီး တွင် ငါတွေ့မြင်ခဲ့ရသောမျက်နှာများနှင့် တထေရာတည်းဖြစ်၍နေ၏။ ထိုသတ္တဝါ အားလုံးပင်ရှေ့သို့တည့်တည့်ရွေ့လျား သွားတတ်ကြ၏။ Garrad Bible ၎င်း တို့ မျက် နှာ အ သွင် နှင့် သဏ္ဌာန် ကား၊ ခေ ဗာ မြစ် အ နီး ငါ ရှု မြင် ခဲ့ ရာ မျက် နှာ များ တည်း။ အ သီး အ သီး တို့ သည် မျက် နှာ မူ ရာ သို့ သွား ကြ လေ၏။ Judson Bible မျက်နှာပုံကား၊ ခေဗာမြစ်နားမှာ ငါမြင်ဖူးသောမျက်နှာနှင့် တူ၏။ ကိုယ်အဆင်းအရောင်လည်းတူ၏။ ထိုသူလေးပါးတို့သည် တည့်တည့်သွားတတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း မျက်နှာပုံသဏ္ဌာန်မှာလည်း ခေဗာမြစ်နား၌တွေ့ခဲ့သော မျက်နှာပုံသဏ္ဌာန်နှင့်တူ၏။ မိမိတို့မျက်နှာမူရာတည့်တည့်သို့သာသွားတတ်ကြ၏။ |
သုံးဆယ်နှစ်မြောက် စတုတ္ထလ၊ လဆန်းငါးရက်နေ့၌ငါသည် ပြည်နှင်ဒဏ်သင့်သူယုဒအမျိုးသားများနှင့်အတူဗာဗုလုန်ပြည်၊ ခေဗာမြစ်အနီးတွင်နေထိုင်လျက်ရှိစဉ် မိုးကောင်းကင်ကွဲဟ၍ဘုရားသခင်ကိုဗျာဒိတ်ရူပါရုံ၌မြင်ရ၏။-
ထိုသတ္တဝါတစ်ပါးစီ၌ရှိသောမျက်နှာလေးခုတို့သည် တစ်ခုနှင့်တစ်ခုမတူကြ။ ရှေ့ဘက်တွင်လူမျက်နှာ၊ လက်ယာဘက်တွင်ခြင်္သေ့မျက်နှာ၊ လက်ဝဲဘက်တွင်နွားမျက်နှာ၊ နောက်ဘက်တွင်လင်းယုန်မျက်နှာရှိ၏။-
သူတို့အားလုံးပင်အရပ်လေးမျက်နှာသို့မျက်နှာပြုလျက်နေကြ၏။ သို့ဖြစ်၍သူတို့သည်အစုလိုက်မိမိတို့လိုရာအရပ်သို့မလှည့်ဘဲသွားနိုင်ကြ၏။
ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးထိအောင်တောင်ပံနှစ်ခုစီကိုဖြန့်လျက် ရှေ့တူရူသို့အသီးသီးမျက်နှာမူလျက်နေကြ၏။ သူတို့သည်မိမိတို့၏ကိုယ်ကိုမလှည့်ဘဲအစုလိုက်သွားလာကြ၏။
ထိုဘီးတို့လှုပ်ရှားရာ၌ဘီးတို့သည်မလှည့် ဘဲ သတ္တဝါများသွားသည့်အတိုင်းသူတို့ မျက်နှာမူရာအရပ်၊ မည်သည့်အရပ်သို့ မဆိုသွားလာနိုင်ကြ၏။ သူတို့သည်မိမိ တို့ကိုယ်ကိုလှည့်နေရန်မလိုဘဲ အားလုံး တညီတညာတည်းမိမိတို့သွားလိုရာ ဘက်သို့သွားနိုင်ကြ၏။-
သူတို့တစ်ပါးစီတွင်မျက်နှာလေးခု၊ တောင်ပံ လေးဘက်နှင့်ထိုတောင်ပံများ၏အောက်တွင် လူ့လက်နှင့်တူသောလက်တစ်ဖက်စီရှိ၏။-
ဘုရားသခင်၏ဝိညာဉ်တော်သည်ငါ့အား ချီပင့်၍ ဗိမာန်တော်အရှေ့တံခါးသို့ခေါ် ဆောင်သွားတော်မူ၏။ တံခါးအနီး၌နိုင်ငံ့ ခေါင်းဆောင်များဖြစ်ကြသော အဇုရ၏သား ယာဇညာနှင့်ဗေနာယ၏သားပေလတိ အပါအဝင်လူပေါင်းနှစ်ဆယ့်ငါးယောက် ကိုငါမြင်ရ၏။
ဤဗျာဒိတ်ရူပါရုံသည်ယေရုရှလင်မြို့ ကိုဖျက်ဆီးတော်မူရန်ထာဝရဘုရား ကြွလာတော်မူချိန်၌ငါမြင်ခဲ့ရသော ဗျာဒိတ်ရူပါရုံနှင့်ခေဗာမြစ်အနီး၌ ငါမြင်ခဲ့ရသောဗျာဒိတ်ရူပါရုံတို့နှင့် တူ၏။ သို့ဖြစ်၍ငါသည်မြေပေါ်သို့ဝမ်း လျားမှောက်လှဲချပျပ်ဝပ်၏။-
ပညာဉာဏ်ရှိသူ၊ ခွဲခြားဝေဖန်နိုင်သူတို့သည် ဤကျမ်းတွင်ရေးထားသမျှတို့ကိုသဘော ပေါက်နားလည်၍မှတ်သားနိုင်ကြစေ။ ထာဝရ ဘုရားချမှတ်သောနည်းလမ်းတို့သည်မှန်ကန် သဖြင့် ဖြောင့်မတ်သူတို့သည်ထိုနည်းလမ်းများ အတိုင်းလိုက်နာ၍ အသက်ရှင်နေထိုင်ကြ၏။ သို့သော်အပြစ်ကူးသူတို့မူကား ထိုနည်း လမ်းများကိုမလိုက်နာကြသဖြင့်ခြေ ချော်၍လဲကျကြသတည်း။ ပရောဖက်ဟောရှေစီရင်ရေးသားထား သောအနာဂတ္တိကျမ်းပြီး၏။