ယေဇကျေလ 11:1 - Common Language Bible1 ဘုရားသခင်၏ဝိညာဉ်တော်သည်ငါ့အား ချီပင့်၍ ဗိမာန်တော်အရှေ့တံခါးသို့ခေါ် ဆောင်သွားတော်မူ၏။ တံခါးအနီး၌နိုင်ငံ့ ခေါင်းဆောင်များဖြစ်ကြသော အဇုရ၏သား ယာဇညာနှင့်ဗေနာယ၏သားပေလတိ အပါအဝင်လူပေါင်းနှစ်ဆယ့်ငါးယောက် ကိုငါမြင်ရ၏။ အခန်းကိုကြည့်ပါ။Garrad Bible1 ထို့ နောက် ဝိ ညာဉ် တော် သည် ငါ့ ကို ချီ ဆောင် လျက်၊ ဗိ မာန် တော် အ ရှေ့ မျက် နှာ တံ ခါး အ နီး သို့ ယူ သွား တော် မူ သော်၊ ထို တံ ခါး ဝ၌ လူ မျိုး တော် တွင် မှူး မတ် ဖြစ် သူ အ ဇု ရ သား ယာ ဇ ညာ၊ ဗေ နာ ယ သား ပေ လ တိ တို့ ပါ၊ လူ ပေါင်း နှစ် ဆယ့် ငါး ယောက် ကို ငါ မြင် ရ လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible1 ထိုနောက် ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ အရှေ့ဘက်သို့မျက်နှာပြုသော ထာဝရဘုရား၏အိမ်တော် အရှေ့တံခါးသို့ ဆောင်သွား၍၊ တံခါးဝ၌ လူနှစ်ကျိပ်ငါးယောက် ရှိ၏။ သူတို့တွင် မင်းပြုသောသူ၊ အဇုရသားယာဇညာ၊ ဗေနာယသား ပေလတိတို့ကို ငါမြင်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 တစ်ဖန် ဝိညာဉ်တော်သည် ငါ့ကို အရှေ့ဘက်သို့မျက်နှာမူသော ထာဝရဘုရားအိမ်တော်အရှေ့တံခါးသို့ ချီဆောင်သွား၏။ ထိုတံခါးဝ၌ လူနှစ်ဆယ့်ငါးယောက်ကို ငါတွေ့၏။ သူတို့အလယ်တွင် လူမျိုးတော်၏အကြီးအကဲဖြစ်သော အဇ္ဇုရ၏သားယာဇညာနှင့် ဗေနာယ၏သားပေလတိတို့ကိုလည်း ငါတွေ့၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ထိုဗျာဒိတ်တော်ကိုဆင့်ဆိုနေစဉ် ဗေနာယ၏သားပေလတိသည်လဲ၍သေ လေ၏။ ထိုအခါငါသည်မြေပေါ်သို့လှဲချ ပျပ်ဝပ်လိုက်ပြီးလျှင်``အို အရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ကျန်ရှိနေသေး သည့်ဣသရေလအမျိုးသားမှန်သမျှ တို့အားသုတ်သင်ပစ်တော်မူမည်လော'' ဟုဟစ်အော်လျှောက်ထား၏။
သို့ဖြစ်၍ကိုယ်တော်သည်ငါ့အား ဗိမာန်တော်အတွင်းတံတိုင်းသို့ခေါ်ဆောင်သွားတော်မူ၏။ ဗိမာန်တော်အဝင်ဝအနီးယဇ်ပလ္လင်နှင့်ဆင်ဝင်စပ်ကြား၌ လူနှစ်ဆယ့်ငါးယောက်ခန့်ရှိ၏။ သူတို့သည်ဗိမာန်တော်ကိုကျောခိုင်းလျက်အရှေ့ဘက်သို့မျက်နှာမူလျက် ထွက်ပြူလာသောနေမင်းအားရှိခိုးနေကြ၏။
သူသည်လက်နှင့်တူသောအရာကိုဆန့်၍ငါ၏ဦးဆံကိုဆွဲကိုင်လိုက်၏။ ထိုနောက်ဤဗျာဒိတ်ရူပါရုံထဲ၌ဝိညာဉ်တော်သည်ငါ့အားလေထဲသို့ချီပင့်ပြီးလျှင် ယေရုရှလင်မြို့ဗိမာန်တော်မြောက်မျက်နှာတံခါးဝသို့ခေါ်ဆောင်သွားတော်မူ၏။ ထိုနေရာတွင်ဘုရားသခင်ရှုစိမ့်တော်မမူလိုသည့်ရုပ်တုတစ်ခုရှိသတည်း။
သူတို့သည်မိမိတို့တောင်ပံများကိုဖြန့်၍ ငါ၏မျက်မှောက်၌ပင်ကမ္ဘာမြေကြီးမှအထက် သို့ပျံတက်ကြ၏။ ထိုအခါဘီးတို့သည်လည်း လိုက်ပါသွားကြ၏။ သတ္တဝါတို့သည်ဗိမာန် တော်အရှေ့တံခါးတွင်ရပ်နားကြ၏။ ဣသ ရေလအမျိုးသားတို့ဘုရားသခင်၏ တောက်ပသောဘုန်းအသရေတော်သည် လည်းသူတို့အပေါ်၌တည်လေ၏။-
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
အို ယေရုရှလင်မြို့၊ သင့်ကိုအုပ်စိုးသောမင်းများနှင့် သင်၏မြို့သူမြို့သားတို့သည်သောဒုံမြို့နှင့်ဂေါမောရမြို့မှလူတို့နှင့်တူကြ၏။ သင့်အားထာဝရဘုရားမိန့်တော်မူသောစကားတော်ကိုနားထောင်လော့။ ငါတို့၏ဘုရားသခင်သွန်သင်တော်မူသောအရာကိုအာရုံပြုလော့။-
ဤအကြောင်းကိုကြားသိကြသောအခါ အညံ့မခံအရှုံးမပေးခဲ့ကြသူယုဒတပ်မှူး များနှင့်စစ်သူရဲတို့သည် မိဇပါမြို့ရှိဂေဒလိ ထံဝင်ရောက်လာကြ၏။ ထိုတပ်မှူးများမှာ နာသနိ၏သားဣရှမေလ၊ ကာရာ၏သား ယောဟနန်၊ နေတောဖတ်မြို့သားတာနုမက် ၏သားစရာယနှင့်မာခသိမြို့သားယေ ဇနိတို့ဖြစ်ကြ၏။-
``ဤအရပ်တွင်အကျွန်ုပ်တို့လူငါးကျိပ်ရှိ ပါ၏။ အကျွန်ုပ်တို့အားလုံးပင်သန်မာသူ များဖြစ်ပါသည်။ အကျွန်ုပ်တို့အား အရှင် ၏သခင်ကိုသွားရောက်ရှာဖွေခွင့်ပြုတော်မူ ပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ကို ဆောင်ယူပြီးလျှင် တောင်ပေါ်ဖြစ်စေ၊ ချိုင့်ထဲ သို့ဖြစ်စေတစ်နေရာရာတွင်ချထားကောင်း ချထားခဲ့ပါလိမ့်မည်'' ဟုပြောကြ၏။ ဧလိရှဲက``သင်တို့မသွားကြပါနှင့်'' ဟု တားမြစ်၏။
အကယ်၍ထာဝရဘုရား၏ဝိညာဉ်တော် သည်အကျွန်ုပ်ထွက်ခွာသွားသည်နှင့်တစ်ပြိုင် နက် အရှင့်အားအကျွန်ုပ်မသိသည့်အရပ်သို့ ခေါ်ဆောင်သွားခဲ့သော် အကျွန်ုပ်အဘယ်သို့ ပြုရပါမည်နည်း။ ဤအရပ်တွင်အရှင်ရှိ နေကြောင်းမင်းကြီးအားအကျွန်ုပ်လျှောက်ထား ပြီးနောက် မင်းကြီးသည်အရှင်အားမတွေ့ ရပါကအကျွန်ုပ်ကိုသတ်ပါလိမ့်မည်။ အကျွန်ုပ်သည်သူငယ်အရွယ်မှအစပြု ၍ထာဝရဘုရားအားအလွန်ကြည်ညို လေးမြတ်ခဲ့သူဖြစ်ကြောင်းအောက်မေ့ သတိရတော်မူပါ။-