ယေဇကျေလ 1:10 - Common Language Bible10 ထိုသတ္တဝါတစ်ပါးစီ၌ရှိသောမျက်နှာလေးခုတို့သည် တစ်ခုနှင့်တစ်ခုမတူကြ။ ရှေ့ဘက်တွင်လူမျက်နှာ၊ လက်ယာဘက်တွင်ခြင်္သေ့မျက်နှာ၊ လက်ဝဲဘက်တွင်နွားမျက်နှာ၊ နောက်ဘက်တွင်လင်းယုန်မျက်နှာရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible10 မျက် နှာ အ သွင် မှာ၊ လူ့ မျက် နှာ ရှိ သော ထို လေး ပါး တို့ သည်၊ ယာ ဘက်၌ ခြင်္သေ့ မျက် နှာ၊ ဝဲ ဘက်၌ နွား မျက် နှာ ရှိ သည့် ပြင်၊ ရွှေ လင်း တ မျက် နှာ လည်း ရှိ ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible10 မျက်နှာအဆင်းသဏ္ဌာန်ဟူမူကား၊ သတ္တဝါ လေးပါးတို့သည် လက်ယာဘက်၌ လူမျက်နှာ၊ ခြင်္သေ့မျက်နှာနှင့် လည်းကောင်း၊ လက်ဝဲဘက်၌ နွားမျက်နှာ၊ ရွှေလင်းတမျက်နှာနှင့်လည်းကောင်း ပြည့်စုံကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 တစ်ပါးစီ၏မျက်နှာပုံသဏ္ဌာန်မှာ ရှေ့မျက်နှာသည် လူမျက်နှာ၊ ယာဘက်မျက်နှာသည် ခြင်္သေ့မျက်နှာ၊ ဝဲဘက်မျက်နှာသည် နွားမျက်နှာ၊ အနောက်ဘက်မျက်နှာသည် လင်းယုန်ငှက်မျက်နှာ စသည်ဖြင့် အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်သည်သဲကန္တာရရဲတိုက်တွင်ရှိနေစဉ် အခါ သူ၏တပ်မတော်သို့ဝင်ရောက်လာကြ သူနာမည်ကျော်စစ်ရည်ဝသူရဲတို့မှာအောက် ပါအတိုင်းဖြစ်၏။ ထိုသူတို့သည်ခြင်္သေ့ကဲ့ သို့ကြောက်မက်ဖွယ်သဏ္ဌာန်ကိုဆောင်လျက် ဒိုင်းလွှားအတတ်၊ လှံအတတ်တို့တွင်အထူး ကျွမ်းကျင်သူများဖြစ်ကြ၏။ တောင်ပေါ် ဒရယ်ကဲ့သို့လည်းလျင်မြန်ဖြတ်လတ် ကြ၏။-
သို့ဖြစ်၍ခုနစ်ရက်မြောက်သောနေ့၌အိပ် ခန်းအတွင်းသို့ ရှံဆုန်မဝင်မီထိုမြို့သား တို့က၊ ``ပျားရည်ထက်ချိုမြိန်သောအရာ၊ ခြင်္သေ့ထက်သန်စွမ်းသောသူရှိနိုင်ပါသလော'' ဟုဆိုကြ၏။ ရှံဆုန်ကလည်း ``အကယ်၍သင်တို့သည်ငါ၏နွားမနှင့် မထွန်မယက်ရလျှင် ငါ့စကားထာကိုဖော်ပြနိုင်ကြလိမ့်မည်မဟုတ်'' ဟုပြန်ပြောလေသည်။
မြောက်ဘက်မျက်နှာတွင်ဒန်၏တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ဒန် အမိရှဒ္ဒဲ၏သားအဟေဇာ ၆၂၇၀၀ အာရှာ သြကရန်၏သားပါဂျေလ ၄၁၅၀၀ နဿလိ ဧနန်၏သားအဟိရ ၅၃၄၀၀ စုစုပေါင်း ၁၅၇၆၀၀ ဒန်၏တပ်သည်နောက်ဆုံးနေရာမှလိုက်၍ချီတက်ရမည်။
အနောက်ဘက်မျက်နှာတွင်ဧဖရိမ်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ ၄၀၅၀၀ မနာရှေ ပေဒါဇုရ၏သားဂါမလျေလ ၃၂၂၀၀ ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒန် ၃၅၄၀၀ စုစုပေါင်း ၁၀၈၁၀၀ ဧဖရိမ်တပ်သည်တတိယနေရာမှလိုက်၍ချီတက်ရမည်။-
တောင်ဘက်မျက်နှာတွင်ရုဗင်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ရုဗင် ရှေဒုရ၏သားဧလိဇုရ ၄၆၅၀၀ ရှိမောင် ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ ၅၉၃၀၀ ဂဒ် ဒွေလ၏သားဧလျာသပ် ၄၅၆၅၀ စုစုပေါင်း ၁၅၁၄၅၀ ရုဗင်တပ်သည်ဒုတိယနေရာမှလိုက်၍ချီတက်ရမည်။
အရှေ့ဘက်မျက်နှာတွင် ယုဒတပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ယုဒ အမိနဒပ်၏သားနာရှုန် ၇၄၆၀၀ ဣသခါ ဇုအာ၏သားနာသနေလ ၅၄၄၀၀ ဇာဗုလုန် ဟေလုန်၏သားဧလျာဘ ၅၇၄၀၀ စုစုပေါင်း ၁၈၆၄၀၀ ယုဒတပ်သည်ရှေ့ဆုံးမှချီတက်ရမည်။