ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေဖြင့်လူကိုဖန်ဆင်းပြီးလျှင် လူ၏နှာခေါင်း ထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူရာ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လာ ၏။
ယေဇကျေလ 10:17 - Common Language Bible ထိုသတ္တဝါတို့ရပ်ကြသောအခါဘီးတို့ သည်လည်းရပ်၏။ သတ္တဝါတို့ပျံသန်းကြ သောအခါဘီးတို့သည်လည်းလိုက်၍သွား ကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသတ္တဝါ များ၏ဝိညာဉ်ကဘီးတို့ကိုချုပ်ကိုင်၍ ထားသောကြောင့်ဖြစ်၏။ Garrad Bible သ တ္တ ဝါ တို့၏ ဝိ ညာဉ် သည် စက် များ၌ ပါ ရှိ သော ကြောင့်၊ ခေ ရု ဗ တို့ ရပ် ကြ သော်၊ စက် များ လည်း ရပ် ခြင်း၊ တက် ကြ သော်၊ တက် ခြင်း ပြု ရ၏။ Judson Bible သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက်၍ တက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါ၏ ဝိညာဉ်သည်ဘီးတို့၌ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း သတ္တဝါတို့၏ဝိညာဉ်သည် ဘီး၌တည်သောကြောင့် သူတို့ရပ်သောအခါ ဘီးတို့လည်း ရပ်ကြ၏။ သူတို့ကြွသောအခါ ဘီးတို့လည်း ကြွကြ၏။ |
ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေဖြင့်လူကိုဖန်ဆင်းပြီးလျှင် လူ၏နှာခေါင်း ထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူရာ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လာ ၏။
သူတို့အားလုံးပင်အရပ်လေးမျက်နှာသို့မျက်နှာပြုလျက်နေကြ၏။ သို့ဖြစ်၍သူတို့သည်အစုလိုက်မိမိတို့လိုရာအရပ်သို့မလှည့်ဘဲသွားနိုင်ကြ၏။
မီးတောက်၏အလယ်ဗဟိုတွင် သတ္တဝါလေးဦးနှင့်တူသောပုံသဏ္ဌာန်များကိုငါမြင်ရ၏။ သူတို့သည်လူ၏အသွင်ကိုဆောင်၏။-
သတ္တဝါတို့လှုပ်ရှားသောအခါသူတို့အနီး ရှိဘီးတို့သည်လည်းလှုပ်ရှားကြ၏။ သူတို့ ပျံရန်အတောင်ကိုဖြန့်ကြသောအခါ ဘီး တို့သည်လည်းလိုက်၍သွားကြ၏။-
သတ္တဝါလေးပါးတို့လေထဲတွင်တောင်ပံ ခတ်ကြသည့်အသံကိုလည်းကောင်း၊ ရထား ဘီးများ၏အသံကိုလည်းကောင်းငါကြား ရ၏။ ထိုအသံများသည်မြေငလျင်လှုပ်သံ နှင့်တူ၏။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်စေသည့် ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည်သေခြင်းတရားနှင့် အပြစ် တရား၏လက်မှငါတို့ကိုလွတ်မြောက်စေသော ကြောင့်တည်း။-
ထိုနောက်သုံးရက်ခွဲကြာသောအခါဘုရား သခင်၏ထံတော်မှအသက်ဝိညာဉ်သည် ထိုသူ တို့အထဲသို့ဝင်သဖြင့်သူတို့သည်ထ၍ မတ်တတ်ရပ်ကြ၏။ ဤအချင်းအရာကို တွေ့မြင်သူကမ္ဘာသူကမ္ဘာသားတို့သည် လည်းထိတ်လန့်ကြကုန်၏။-