ထာဝရဘုရား၏တန်ခိုးတော်သည်ဧလိယ အပေါ်သို့သက်ရောက်သဖြင့် သူသည်မိမိ၏ ဝတ်လုံကိုခါးတွင်စည်း၍ယေဇရေလမြို့ သို့ရောက်သည့်တိုင်အောင်အာဟပ်၏ရှေ့က ပြေးလေ၏။
ယေဇကျေလ 1:3 - Common Language Bible ဗာဗုလုန်ပြည်ခေဗာမြစ်အနီးတွင် ဗုဇိ၏သားယဇ်ပုရောဟိတ်ဖြစ်သူယေဇကျေလသည် ဘုရားသခင်မိန့်တော်မူသံကိုကြားရ၍တန်ခိုးတော်သည်သူ့အပေါ်သို့သက်ရောက်၏။ Garrad Bible ဗု ဇိ သား ပ ရော ဖက် ဖြစ် သူ ငါ ယေ ဇ ကျေ လ သို့၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကျ ရောက် လျက်၊ လက် တော် တည် လျက် ရှိ ၏။ Judson Bible ထိုအခါ ခါလဒဲပြည်၊ ခေဗာမြစ်နားမှာ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယဇ်ပုရောဟိတ် ဗုဇိသားယေဇကျေလ အမည်ရှိသော ငါဆီသို့ရောက်၍၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ တင်လျက်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ခါလဒဲပြည်၊ ခေဗာမြစ်နားတွင်ရှိစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗုဇိ၏သား၊ ယဇ်ပုရောဟိတ် ယေဇကျေလထံသို့ ရောက်လာ၏။ ထိုအရပ်၌ ထာဝရဘုရားသည် လက်တော်ကို သူ့အပေါ်တင်လျက်ရှိ၏။ |
ထာဝရဘုရား၏တန်ခိုးတော်သည်ဧလိယ အပေါ်သို့သက်ရောက်သဖြင့် သူသည်မိမိ၏ ဝတ်လုံကိုခါးတွင်စည်း၍ယေဇရေလမြို့ သို့ရောက်သည့်တိုင်အောင်အာဟပ်၏ရှေ့က ပြေးလေ၏။
ယခုငါ့ထံသို့စောင်းသမားတစ်ဦးကို ခေါ်ခဲ့ပါလော့'' ဟုဆို၏။ စောင်းသမားသည်စောင်းတီး၍နေစဉ် ဘုရားသခင် ၏တန်ခိုးတော်သည်ဧလိရှဲအပေါ်သို့သက်ရောက် လာ၏။-
ဇိအုန်မြို့ကိုသတိရသောအခါ ငါတို့သည်ဗာဗုလုံပြည်မြစ်ချောင်းများ အနီးတွင်ထိုင်၍ငိုကြွေးကြ၏။
ယောရှိ၏သားယုဒဘုရင်အာမုန် နန်းစံ တစ်ဆယ့်သုံးနှစ်မြောက်၌ ထာဝရဘုရား သည်ယေရမိကိုဗျာဒိတ်ပေးတော်မူ၏။-
ထာဝရဘုရားက``ငါသည်သင့်အားဇီဝ အသက်ကိုမပေးမီရွေးချယ်၍သင်မမွေး ဖွားမီကပင် သီးသန့်သတ်မှတ်ကာလူမျိုး တကာတို့၏ပရောဖက်အဖြစ်ခန့်ထား ခဲ့၏'' ဟုငါ့ကိုမိန့်တော်မူသောအခါ၊
``သင်တို့ပြည်သူများကမိမိတို့အဖို့ ထာဝရဘုရားသည် ဗာဗုလုန်မြို့တွင် ပရောဖက်များကိုပေါ်ထွန်းစေတော်မူ လေပြီဟုဆိုကြ၏။-
သုံးဆယ်နှစ်မြောက် စတုတ္ထလ၊ လဆန်းငါးရက်နေ့၌ငါသည် ပြည်နှင်ဒဏ်သင့်သူယုဒအမျိုးသားများနှင့်အတူဗာဗုလုန်ပြည်၊ ခေဗာမြစ်အနီးတွင်နေထိုင်လျက်ရှိစဉ် မိုးကောင်းကင်ကွဲဟ၍ဘုရားသခင်ကိုဗျာဒိတ်ရူပါရုံ၌မြင်ရ၏။-
သူတို့သည်လေထဲသို့ပျံတတ်ကြ၏။ (ထို သတ္တဝါတို့ကားခေဗာမြစ်အနီးတွင်ငါ တွေ့မြင်ခဲ့ရသောသတ္တဝါများပင်ဖြစ်၏။-)
ငါသည်ပိုက်ကွန်ကိုဖြန့်၍သူ့အားအုပ်မိကာ ငါ၏ထောင်ချောက်တွင်မိစေလျက်ခါလဒဲ ပြည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်သွားမည်။ သူသည်ထိုမြို့ကိုမမြင်ရဘဲထိုမြို့၌ ပင်သေရလိမ့်မည်။-
ထာဝရဘုရားသည်ကြီးမားသောတန်ခိုး ဖြင့်ငါ့အပေါ်သက်ရောက်၍ ဝိညာဉ်တော်သည် ငါ့ကိုယူဆောင်သွားတော်မူသောအခါ ငါ သည်စိတ်နာစိတ်ဆိုးလျက်လိုက်ပါသွား၏။-
သို့ဖြစ်၍ငါသည်ပြည်နှင်ဒဏ်သင့်သူတို့ နေထိုင်ရာခေဗာမြစ်အနီးတေလဗိဗရွာ သို့သွား၍ ငါတွေ့မြင်ခဲ့ရသောအမှုအရာ များကြောင့်ခုနစ်ရက်ပတ်လုံးအံ့အားသင့် လျက်နေ၏။
ငါသည်ထာဝရဘုရား၏တန်ခိုးတော်အရှိန် ကိုတွေ့ထိခံစားရ၍ကိုယ်တော်ကငါ့ အား``ထ၍ချိုင့်ဝှမ်းထဲသို့သွားလော့။ ထို အရပ်တွင်သင့်အားငါမိန့်ကြားမည်'' ဟု မိန့်တော်မူသောအသံကိုကြားရ၏။
သို့ဖြစ်၍ငါသည်ချိုင့်ဝှမ်းထဲသို့သွားရာ ခေဗာမြစ်အနီးတွင်ငါဖူးမြင်ရသကဲ့ သို့ ထိုအရပ်တွင်ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုဖူးမြင်ရ၏။ ငါသည်မြေပေါ် သို့လှဲချပျပ်ဝပ်လိုက်၏။-
ထိုသူမရောက်မီညနေချမ်းအချိန်၌ ထာဝရဘုရား၏တန်ခိုးတော်သည် ငါ့ကို လွှမ်းမိုး၍နေ၏။ နောက်တစ်နေ့နံနက်ထို သူရောက်ရှိလာချိန်၌ စကားပြောနိုင်စွမ်း ရည်ကိုငါ့အားပြန်၍ပေးတော်မူ၏။ သို့ ဖြစ်၍ငါသည်တိတ်ဆိတ်စွာမနေရ တော့ဘဲစကားပြောနိုင်၏။
ထာဝရဘုရား၏တန်ခိုးတော်သည်ငါ့ကို လွှမ်းမိုး၍ကိုယ်တော်၏ဝိညာဉ်တော်သည် ငါ့ ကိုဆောင်သွားပြီးလျှင်အရိုးများဖြင့်ဖုံး လွှမ်းနေသည့်ချိုင့်ဝှမ်းတွင်ချထားတော် မူ၏။-
နေ့ရက်ကားငါတို့ပြည်နှင်ဒဏ်ခံရပြီးနောက်နှစ်ဆယ့်ငါးနှစ်မြောက်၊ ပထမလ၊ လဆန်းဆယ်ရက်နေ့၊ ယေရုရှလင်မြို့အသိမ်းခံရချိန်တစ်ဆယ့်လေးနှစ်စေ့သောနေ့ဖြစ်၏။ ထိုနေ့၌ငါသည်ထာဝရဘုရား၏တန်ခိုးတော်လွှမ်းမိုးခြင်းခံရပြီးလျှင် ကိုယ်တော်သည်ငါ့အားဆောင်ယူသွားတော်မူ၏။-
ဤဗျာဒိတ်ရူပါရုံသည်ယေရုရှလင်မြို့ ကိုဖျက်ဆီးတော်မူရန်ထာဝရဘုရား ကြွလာတော်မူချိန်၌ငါမြင်ခဲ့ရသော ဗျာဒိတ်ရူပါရုံနှင့်ခေဗာမြစ်အနီး၌ ငါမြင်ခဲ့ရသောဗျာဒိတ်ရူပါရုံတို့နှင့် တူ၏။ သို့ဖြစ်၍ငါသည်မြေပေါ်သို့ဝမ်း လျားမှောက်လှဲချပျပ်ဝပ်၏။-
ငါတို့ပြည်နှင်ဒဏ်ခံရချိန်ခြောက်နှစ်မြောက်၊ ဆဋ္ဌမလ၊ ပဉ္စမနေ့၌ယုဒအမျိုးသားခေါင်းဆောင်များသည်ငါ၏အိမ်တွင်ထိုင်၍ငါနှင့်စကားပြောလျက်နေကြစဉ် အရှင်ထာဝရဘုရား၏တန်ခိုးတော်သည်ရုတ်တရက်ငါ၏အပေါ်သို့ကျရောက်လာ၏။-
ထိုနှစ်ပထမလ၊ နှစ်ဆယ့်လေးရက်မြောက် သောနေ့၌ ငါသည်တိဂရစ်မြစ်ကြီး၏ ကမ်းပါးပေါ်တွင်ရပ်လျက်နေ၏။-
ယုဒနိုင်ငံတွင်သြဇိမင်း၊ ယောသံမင်း၊ အာ ခတ်မင်း၊ ဟေဇကိမင်းနှင့်ဣသရေလနိုင်ငံ တွင်ယောရှမင်း၏သားယေရောဗောင်မင်းတို့ စိုးစံသည့်လက်ထက်၌ ဗေရိ၏သားဟောရှေ ထံသို့ရောက်ရှိလာသောထာဝရဘုရား၏ နှုတ်ကပတ်တော်ကားဤသို့တည်း။
ဤဗျာဒိတ်တော်သည်ပေသွေလ၏သားယောလအား ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်ဖြစ်၏။
နောင်ကာလ၌လူအချို့တို့သည်မုသားပြော ဆိုသည့်ဝိညာဉ်များ၏စကားကိုနာခံလျက် နတ်မိစ္ဆာတို့၏သြဝါဒကိုလိုက်နာကာ မိမိ တို့၏ယုံကြည်ခြင်းကိုစွန့်လွှတ်ကြလိမ့်မည် ဟုဝိညာဉ်တော်က အတိအလင်းဖော်ပြ တော်မူ၏။-
အဘယ်ကြောင့်ဆိုသော်မည်သည့်ပရောဖက် ဟောပြောချက်မျှ မိမိ၏အလိုဆန္ဒအရပေါ် ပေါက်လာခြင်းမဟုတ်။ သန့်ရှင်းသောဝိညာဉ်တော် နှိုးဆော်ခြင်းကိုခံရသောသူတို့သည် ဘုရား သခင်၏ထံတော်မှလာသောဗျာဒိတ်တော်ကို ဟောပြောခြင်းဖြစ်သည်။