Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 3:15 - Common Language Bible

15 သို့​ဖြစ်​၍​ငါ​သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​တို့ နေ​ထိုင်​ရာ​ခေ​ဗာ​မြစ်​အ​နီး​တေ​လ​ဗိ​ဗ​ရွာ သို့​သွား​၍ ငါ​တွေ့​မြင်​ခဲ့​ရ​သော​အ​မှု​အ​ရာ များ​ကြောင့်​ခု​နစ်​ရက်​ပတ်​လုံး​အံ့​အား​သင့် လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ခေ ဗာ မြစ် အ နီး တေ လ ဗိ ဗ မြို့ ရှိ၊ သိမ်း သွား ခံ ရ သူ တို့ နေ ရာ သို့ ရောက် ပြီး လျှင်၊ ခု နစ် ရက် တိုင် တိုင် အံ့ အား သင့် လျက်၊ သူ တို့ နှင့် အ တူ ထိုင် နေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 သိမ်း​သွား​ခြင်း​ကို​ခံ​ရ၍၊ ခေ​ဗာ​မြစ်​နား၊ တေ​လ​ဗိ​ဗ​ရွာ​မှာ နေ​ရာ​ကျ​သော သူ​တို့​ရှိ​ရာ​သို့ ငါ​ရောက်၍၊ သူ​တို့​နေ​ရာ​အ​ရပ်၌ ခု​နစ်​ရက်​ပတ်​လုံး မိန်း​မော​တွေ​ဝေ​လျက်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ငါ​သည် ခေဗာ​မြစ်​နား​၊ တေလဗိဗ​မြို့​ရှိ သုံ့ပန်း​တို့​ထံ​ပြန်​ရောက်လာ​၍ သူ​တို့​နေထိုင်​ရာ​မြို့​တွင် ငါ​ထိုင်​နေ​၏​။ ထို​နေရာ​တွင် ခုနစ်​ရက်​ပတ်လုံး ထိုင်​၍ မိန်းမောတွေဝေ​လျက်​နေ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 3:15
10 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ​တဒ် အ​မည်​ရှိ​ကောက်​နယ်​တ​လင်း​သို့​ရောက်​ရှိ​ကြ သော​အ​ခါ ဟစ်​အော်​၍​ငို​ကြွေး​မြည်​တမ်း​ကြ ၏။ ထို​အ​ရပ်​တွင်​ယော​သပ်​သည် ယာ​ကုပ်​အ​တွက် ခု​နစ်​ရက်​ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​သည့်​ပွဲ ကို​ကျင်း​ပ​လေ​၏။-


ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူမြေပေါ်မှာထိုင်၍၊ သူသည်ပြင်းစွာသောဆင်းရဲခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲနေကြ၏။ v


ဇိ​အုန်​မြို့​ကို​သ​တိ​ရ​သော​အ​ခါ ငါ​တို့​သည်​ဗာ​ဗု​လုံ​ပြည်​မြစ်​ချောင်း​များ အ​နီး​တွင်​ထိုင်​၍​ငို​ကြွေး​ကြ​၏။


ပ​ရော​ဖက်​များ​နှင့်​သက်​ဆိုင်​၍​ဤ​သို့​ဆို​၏။ ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​လျက်​ငါ​၏ အ​ရိုး​တို့​သည်​တုန်​လှုပ်​လျက်​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​ကြောင့်​လည်း ကောင်း၊ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗျာ​ဒိတ်​တော်​များ​ကြောင့်​လည်း​ကောင်း ငါ​သည်​စ​ပျစ်​ရည်​သောက်​ကြူး​၍ ယစ်​မူး​လျက်​နေ​သူ​နှင့်​တူ​တော့​၏။


သုံး​ဆယ်​နှစ်​မြောက် စ​တုတ္ထ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌​ငါ​သည် ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​များ​နှင့်​အ​တူ​ဗာ​ဗု​လုန်​ပြည်၊ ခေ​ဗာ​မြစ်​အ​နီး​တွင်​နေ​ထိုင်​လျက်​ရှိ​စဉ် မိုး​ကောင်း​ကင်​ကွဲ​ဟ​၍​ဘုရား​သ​ခင်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌​မြင်​ရ​၏။-


ဗာ​ဗု​လုန်​ပြည်​ခေ​ဗာ​မြစ်​အ​နီး​တွင် ဗု​ဇိ​၏​သား​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သူ​ယေ​ဇ​ကျေ​လ​သည် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သံ​ကို​ကြား​ရ​၍​တန်​ခိုး​တော်​သည်​သူ့​အ​ပေါ်​သို့​သက်​ရောက်​၏။


သူ​တို့​သည်​လေ​ထဲ​သို့​ပျံ​တတ်​ကြ​၏။ (ထို သတ္တဝါ​တို့​ကား​ခေ​ဗာ​မြစ်​အ​နီး​တွင်​ငါ တွေ့​မြင်​ခဲ့​ရ​သော​သတ္တဝါ​များ​ပင်​ဖြစ်​၏။-)


သို့​ဖြစ်​၍​ငါ​သည်​ချိုင့်​ဝှမ်း​ထဲ​သို့​သွား​ရာ ခေ​ဗာ​မြစ်​အ​နီး​တွင်​ငါ​ဖူး​မြင်​ရ​သ​ကဲ့ သို့ ထို​အ​ရပ်​တွင်​ဘုရား​သ​ခင်​၏​ဘုန်း​အ​သ ရေ​တော်​ကို​ဖူး​မြင်​ရ​၏။ ငါ​သည်​မြေ​ပေါ် သို့​လှဲ​ချ​ပျပ်​ဝပ်​လိုက်​၏။-


ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​ယေ​ရု​ရှ​လင်​မြို့ ကို​ဖျက်​ဆီး​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား ကြွ​လာ​တော်​မူ​ချိန်​၌​ငါ​မြင်​ခဲ့​ရ​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့်​ခေ​ဗာ​မြစ်​အ​နီး​၌ ငါ​မြင်​ခဲ့​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​နှင့် တူ​၏။ သို့​ဖြစ်​၍​ငါ​သည်​မြေ​ပေါ်​သို့​ဝမ်း လျား​မှောက်​လှဲ​ချ​ပျပ်​ဝပ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ