ယေဇကျေလ 8:1 - Common Language Bible1 ငါတို့ပြည်နှင်ဒဏ်ခံရချိန်ခြောက်နှစ်မြောက်၊ ဆဋ္ဌမလ၊ ပဉ္စမနေ့၌ယုဒအမျိုးသားခေါင်းဆောင်များသည်ငါ၏အိမ်တွင်ထိုင်၍ငါနှင့်စကားပြောလျက်နေကြစဉ် အရှင်ထာဝရဘုရား၏တန်ခိုးတော်သည်ရုတ်တရက်ငါ၏အပေါ်သို့ကျရောက်လာ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို့ နောက် ခြောက် နှစ် ဆ ဋ္ဌ မ လ၊ ငါး ရက်၌ ငါ့ အိမ် တွင် ထိုင် နေ သော ယု ဒ လူ ကြီး တို့ နှင့် အ တူ ထိုင် နေ စဉ်၊ အ ရှင် ထာ ဝ ရ ဘု ရား၏ လက် တော် သည်၊ ငါ့ အ ပေါ် သို့ သက် ရောက်၍၊ အခန်းကိုကြည့်ပါ။Judson Bible1 သက္ကရာဇ်ခြောက်ခု၊ ဆဋ္ဌမလ၊ ငါးရက်နေ့တွင်၊ ငါသည်ကိုယ်အိမ်၌ထိုင်၍၊ ယုဒအမျိုးအသက်ကြီးသူတို့သည် ငါရှေ့မှာထိုင်ကြစဉ်၊ အရှင်ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်သို့ သက်ရောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ဆဋ္ဌမနှစ်၊ ဆဋ္ဌမလ၊ ငါးရက်နေ့တွင် ငါသည် အိမ်၌ထိုင်နေ၍ ယုဒလူသက်ကြီးဝါကြီးတို့သည်လည်း ငါ့ရှေ့၌ထိုင်နေကြစဉ် ဘုရားရှင်ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ် သက်ရောက်လာ၏။ အခန်းကိုကြည့်ပါ။ |
``သူတို့အားငါအရှင်ထာဝရဘုရား အ ဘယ်သို့မိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ကိုယ်တော်ကဣသရေလအမျိုးသားတိုင်း သည်ရုပ်တုများကိုစိတ်စွဲလမ်း၍ မိမိတို့ ရှေ့တွင်ကောက်ကျစ်သောထိမိ၍လဲစရာ ကိုချထားပြီးမှ ပရောဖက်ထံသို့ချဉ်း ကပ်၍မေးမြန်းစုံစမ်းမှုကိုပြု၏။ ထိုသူ အားငါထာဝရဘုရားဖြေကြားမည်။ ထိုအဖြေကား ထိုသူကိုးကွယ်သည့်ရုပ် တုများရထိုက်သောအဖြေဖြစ်သည်။-
နေ့ရက်ကားငါတို့ပြည်နှင်ဒဏ်ခံရပြီးနောက်နှစ်ဆယ့်ငါးနှစ်မြောက်၊ ပထမလ၊ လဆန်းဆယ်ရက်နေ့၊ ယေရုရှလင်မြို့အသိမ်းခံရချိန်တစ်ဆယ့်လေးနှစ်စေ့သောနေ့ဖြစ်၏။ ထိုနေ့၌ငါသည်ထာဝရဘုရား၏တန်ခိုးတော်လွှမ်းမိုးခြင်းခံရပြီးလျှင် ကိုယ်တော်သည်ငါ့အားဆောင်ယူသွားတော်မူ၏။-
ဧလိရှဲအားဖမ်းဆီးရန်လူတစ်ယောက်ကို စေလွှတ်တော်မူ၏။ ဤအတောအတွင်း၌ဧလိရှဲသည်မိမိထံသို့ အလည်အပတ်လာသောအမျိုးသားအကြီး အကဲများနှင့်အတူ မိမိ၏အိမ်တွင်ရှိလေ သည်။ မင်းကြီး၏စေတမန်မရောက်လာမီ ဧလိရှဲက ထိုအကြီးအကဲတို့အား``လူသတ် သမားသည် ငါ့အားသတ်ရန်လူတစ်ယောက် ကိုစေလွှတ်လေပြီ။ သို့ဖြစ်၍ထိုသူရောက်လာ သောအခါတံခါးကိုပိတ်ထားကြလော့။ သူ့ အားအထဲသို့ဝင်ခွင့်မပြုကြနှင့်။ မင်းကြီး ကိုယ်တိုင်ပင်လျှင်သူ၏နောက်မှလိုက်လာ လိမ့်မည်'' ဟုပြော၏။-
မင်းကြီးသည်ညည်းတွားမြည်တမ်းလျက်နေ လိမ့်မည်။ မင်းသားသည်လည်းမျှော်လင့်ရာမဲ့ ဖြစ်၍နေလိမ့်မည်။ ပြည်သူတို့ကားကြောက် လန့်တုန်လှုပ်လျက်နေကြလိမ့်မည်။ ငါသည် သင်တို့အားမိမိတို့ပြုခဲ့သမျှသောအမှု များအတွက်အပြစ်ဒဏ်ပေးမည်။ သင်တို့သူ တစ်ပါးအားတရားစီရင်ခဲ့ကြသည်နည်း တူ သင်တို့အားငါတရားစီရင်မည်။ ဤနည်း အားဖြင့်ငါသည်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။