ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်ကို လူတို့သည်သားစဉ်မြေးဆက်ထောမနာပြု ပါလိမ့်မည်။ သူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုထုတ်ဖော်ကြေညာ ကြပါလိမ့်မည်။
ယောလ 1:3 - Common Language Bible ဤအချင်းအရာကိုသင်တို့၏သားသမီးများအား ပြောကြားကြလော့။ သူတို့သည်မိမိတို့သားသမီးများအားပြောကြားလျက်၊ ထိုသားသမီးများကလည်းနောင်တစ်ခေတ်မှလူတို့အားပြောကြားကြလိမ့်မည်။ Garrad Bible သား တို့ အား လည်း ကောင်း၊ မြေး တို့ အား လည်း ကောင်း၊ မြစ် တို့ အား လည်း ကောင်း၊ အ ဆင့် ဆင့် သ တင်း ကြား ကြ စေ။ Judson Bible ကိုယ်သားတို့အား ပြောကြလော့။ သူတို့သည် သူတို့သားတို့အား ပြောကြစေ။ သူတို့သားတို့သည်လည်း ဆက်နွယ်သော အခြားသူတို့အား ပြောကြစေ။ မြန်မာ့စံမီသမ္မာကျမ်း ထိုအဖြစ်အပျက်ကို သင်တို့သားသမီးတို့အား ပြောကြားလော့။ သင်တို့သားသမီးတို့သည် သူတို့၏သားသမီးတို့အား ဆက်လက်ပြောကြားစေ။ သူတို့၏သားသမီးတို့သည်လည်း နောက်မျိုးဆက်ကို ဆက်လက်ပြောကြားကြစေ။ |
ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်ကို လူတို့သည်သားစဉ်မြေးဆက်ထောမနာပြု ပါလိမ့်မည်။ သူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုထုတ်ဖော်ကြေညာ ကြပါလိမ့်မည်။
အို ဘုရားသခင်၊ ရှေးကာလကဘိုးဘေးတို့လက်ထက်၌ ကိုယ်တော်ပြုတော်မူခဲ့သောအမှုအရာများ အကြောင်းကိုသူတို့ပြောပြသဖြင့် ကျွန်တော်မျိုးတို့ကိုယ်တိုင်ကြားကြရပါပြီ။
ယခုအခါ၌ကျွန်တော်မျိုးသည်အသက် ကြီး၍ ဆံပင်ဖြူလျက်နေပါပြီ။ အို ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးကိုစွန့်ပစ်တော်မမူပါနှင့်။ ကျွန်တော်မျိုးသည်နောင်လာလတ္တံ့သော သားစဉ်မြေးဆက်အပေါင်းတို့အား ကိုယ်တော်ရှင်၏ဘုန်းတန်ခိုးအာနုဘော် တော် အကြောင်းကိုထုတ်ဖော်ကြေညာလျက်ရှိနေစဉ် ကျွန်တော်မျိုးနှင့်အတူရှိတော်မူပါ။
နောင်အခါ၌သင်၏သားက`အဘယ်ကြောင့်ဤ သို့ပြုလုပ်ရပါသနည်း' ဟုမေးလျှင်`ထာဝရ ဘုရားသည်မဟာတန်ခိုးတော်ဖြင့် ငါတို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့တော် မူ၏။-
ယခုကိုယ်တော်ရှင်အားကျွန်တော်မျိုး ထောမနာပြုသကဲ့သို့၊ အသက်ရှင်သူများသာလျှင်ကိုယ်တော်ရှင်အား ထောမနာပြုကြပါ၏။ ဖခင်တို့သည်သားသမီးများအားကိုယ်တော် ရှင်၏ သစ္စာတော်အကြောင်းကိုပြောကြားကြပါ၏။
ထိုပညတ်များကို သင်တို့၏သားသမီးတို့ အားသွန်သင်ရမည်။ အိမ်၌ရှိသည့်အခါ ဖြစ်စေ၊ နားနေသည့်အခါဖြစ်စေ၊ အလုပ် လုပ်သည့်အခါဖြစ်စေ ထိုပညတ်တော်များ ကိုသွန်သင်ရမည်။-