ထွက်မြောက် 13:14 - Common Language Bible14 နောင်အခါ၌သင်၏သားက`အဘယ်ကြောင့်ဤ သို့ပြုလုပ်ရပါသနည်း' ဟုမေးလျှင်`ထာဝရ ဘုရားသည်မဟာတန်ခိုးတော်ဖြင့် ငါတို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့တော် မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible14 နောင်၌ လည်း သင် တို့ သား များ က၊ ဤ ကား အ သို့ နည်း ဟု မေး မြန်း လျှင် ကျွန် ခံ နေ ရာ အိ ဂျစ် ပြည် မှ ထာ ဝ ရ ဘု ရား သည် လက် ရုံး တော့် တန် ခိုး ဖြင့် ငါ တို့ ကို ထုတ် ဆောင် တော် မူ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible14 နောင်ကာလ၌သင်၏သားကလည်း၊ အဘယ်သို့နည်းဟုမေးမြန်းလျှင်၊ သင်ကလည်းကျွန်ခံနေရာ အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကိုနုတ်ဆောင်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 နောင်ကာလ၌ သင်တို့၏သားများက ‘ဤအမှုကား မည်သို့ဆိုလိုသနည်း’ဟု သင်တို့အား မေးမြန်းကြသောအခါ သင်တို့ကလည်း ‘ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-
နောင်အခါကျွန်ုပ်၌ရိုးသားမှုရှိမရှိကိုဦး ရီးလွယ်ကူစွာသိရှိနိုင်ပါမည်။ ဦးရီးက ကျွန်ုပ်အားအခအဖြစ်နှင့်ပေးသောသိုးဆိတ် များကိုစစ်ဆေးကြည့်ရှုသောအခါ၌ အကွက် အပြောက်ပါသောဆိတ်နှင့်မည်းနက်သောသိုး များကလွဲ၍ အခြားသိုးဆိတ်များကိုတွေ့ ရှိပါက၎င်းတို့ကိုခိုးယူကြောင်းသိနိုင် ပါလိမ့်မည်'' ဟုဆိုလေ၏။
ထိုအခါထာဝရဘုရားက မောရှေအား``ဖာ ရောဘုရင်အားငါမည်သို့ပြုမည်ကိုသင်မြင် ရလိမ့်မည်။ ငါ၏ကြီးမားသောတန်ခိုးတော် အားဖြင့် သူသည်ထိုသူတို့ကိုသွားခွင့်ပေးစေ ရန်ငါစီရင်မည်။ ငါ၏ကြီးမားသောတန်ခိုး တော်အားဖြင့် သူသည်မိမိ၏တိုင်းပြည်မှသူ တို့ကိုနှင်ထုတ်ရသည်အထိငါစီရင်မည်'' ဟုမိန့်တော်မူ၏။
အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား သည် အကျွန်ုပ်တို့၏ဖခင်များနှင့်အကျွန်ုပ်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့ပါပြီ။ ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာအမှုများကိုအကျွန်ုပ်တို့မြင်ခဲ့ရ ကြပါပြီ။ နိုင်ငံအသီးသီးကိုဖြတ်သန်း ရာခရီးတစ်လျှောက်တွင်ကိုယ်တော်သည် အကျွန်ုပ်တို့အားကာကွယ်စောင့်ရှောက် တော်မူခဲ့ပါသည်။-
သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်၊ မိမိတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့တော်မူသောဘုရားသခင်ထာဝရဘုရား အား ကိုးကွယ်မှုမပြုကြတော့ဘဲမိမိတို့ ပတ်ဝန်းကျင်မှ လူတို့ကိုးကွယ်သောဘုရား များကိုကိုးကွယ်ကြလေသည်။ သူတို့သည် ထိုဘုရားများရှေ့တွင်ဦးညွှတ်ကြသဖြင့် ထာဝရဘုရားအမျက်တော်ကိုထွက်စေ ကြလေသည်။-
ဘုရားသခင်၏အစေခံယာကုပ်၏သား မြေးတို့၊ ဘုရားသခင်ရွေးကောက်တော်မူသော ဣသရေလ၏သားမြေးတို့၊ ကိုယ်တော်ပြတော်မူသည့်ကြီးမြတ်အံ့သြဖွယ် ကောင်းသောနိမိတ်လက္ခဏာတို့ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရား စီရင်ချက်တို့ကိုလည်းကောင်း အောက်မေ့သတိရကြလော့။
အို အကျွန်ုပ်တို့၏အရှင်ဘုရားသခင်၊ ကိုယ် တော်သည်မိမိ၏လူမျိုးတော်အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့ခြင်းအားဖြင့် တန်ခိုးတော်ကိုပြတော်မူပါ၏။ အကျွန်ုပ် တို့သည်ကိုယ်တော်၏တန်ခိုးတော်ကို ယခု ထက်တိုင်အောက်မေ့သတိရလျက်နေကြ ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ကူးမိ ကြပါပြီ။ အမှားကိုပြုမိကြပါပြီ။-