တစ်ချိန်တည်း၌ပင်သူတို့အားကျွန်များ အဖြစ်ဣသရေလအမျိုးသားများနှင့် ထာဝရဘုရား၏ယဇ်ပလ္လင်အတွက်ရေခပ် ထင်းခုတ်သည့်အလုပ်ကိုလုပ်စေ၏။ ယနေ့ တိုင်အောင်သူတို့သည်ထာဝရဘုရားရွေး ချယ်သောဝတ်ပြုကိုးကွယ်ရာဌာနတွင် ရေခပ်ထင်းခုတ်သည့်အလုပ်ကိုလုပ်ရ ကြလေသည်။
ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌တည်သော ယဇ်ပလ္လင်တော်အဖို့နှင့် ပရိသတ်တော်အဖို့ ထိုသူတို့သည် ယနေ့တိုင်အောင် ထင်းခုတ်၍ရေခပ်ရမည်အကြောင်း၊ ထိုနေ့၌ စီရင်လေ၏။
ထိုနေ့၌ပင် သူတို့ကို ထာဝရဘုရားရွေးချယ်တော်မူသောအရပ်၌တည်သောယဇ်ပလ္လင်နှင့် အစ္စရေးလူထုအတွက် ထင်းခွေ၊ ရေခပ်သောသူများအဖြစ် ယောရှုစီရင်ပေးထား၍ ယနေ့တိုင်အောင် ထိုအမှုကို သူတို့ပြုကြ၏။
ကျွန်ုပ်သည်လေဗနုန်တောင်ပေါ်ရှိသစ်ကတိုး ပင်များကိုအဆွေတော်လိုသမျှခုတ်လှဲ၍ ဖောင်ဖွဲ့ကာပင်လယ်လမ်းဖြင့်ယုပ္ပေမြို့အရောက် စုန်မျောစေပါမည်။ ထိုမြို့မှယေရုရှလင်မြို့ သို့အဆွေတော်၏လူတို့သယ်ယူနိုင်ကြ ပါသည်'' ဟုဖော်ပြပါရှိ၏။
စစ်သည်တို့အတွက်ဝေစုထဲမှသုံ့ပန်းငါးရာ လျှင် တစ်ယောက်ကျဖြင့်လည်းကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်တို့ကိုလည်းထိုအချိုးကျဖြင့် လည်းကောင်း ထာဝရဘုရားအတွက်အခွန် အဖြစ်သီးသန့်ထားရမည်။-
ဣသရေလအမျိုးသားတို့အတွက်ဝေစုထဲ မှ သုံ့ပန်းငါးဆယ်လျှင်တစ်ယောက်ကျဖြင့် လည်းကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်တို့ကိုလည်း ထိုအချိုးကျဖြင့်လည်းကောင်းနုတ်ယူ၍ ထာဝရဘုရား၏တဲတော်ကိုတာဝန်ယူ စောင့်ထိန်းရသောလေဝိအမျိုးသားတို့ အားပေးအပ်ရမည်'' ဟုမိန့်တော်မူ၏။-
မောရှေသည်ထိုဝေစုထဲမှသုံ့ပန်းနှင့်တိရစ္ဆာန် တို့ကို ငါးဆယ်ချိုးတစ်ချိုးကျနုတ်ယူ၍ ထာဝရ ဘုရားမိန့်မှာတော်မူသည်အတိုင်း တဲတော်ကို တာဝန်ယူစောင့်ထိန်းရသောလေဝိအမျိုးသား တို့အားပေးအပ်လေသည်။
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
သင်တို့အနွယ်များအနက်တစ်နွယ်၏နယ် မြေအတွင်းရှိ ထာဝရဘုရားရွေးချယ်တော် မူမည့်ဌာန၌သာယဇ်ပူဇော်ရမည်။ ထိုဌာန ၌သာမီးရှို့ရာယဇ်ကိုပူဇော်၍ သင်တို့အား ငါမှာကြားသမျှတို့ကိုဆောင်ရွက်ရမည်။''
ထာဝရဘုရားသည်သင်တို့၏အနွယ်များ နေထိုင်ရာနယ်မြေမှ ရှေ့တော်သို့လူတို့လာ ရောက်ကိုးကွယ်ဝတ်ပြုနိုင်သောဌာနတစ်ခု ကိုရွေးချယ်ပေးတော်မူလိမ့်မည်။-
သူတို့အားအသက်ချမ်းသာခွင့်ပေးကြကုန် အံ့။ သို့ရာတွင်သူတို့အား ငါတို့အတွက်ရေ ခပ်ထင်းခုတ်အလုပ်များကိုလုပ်ကိုင်စေရ မည်'' ဟုအကြံပေးသည့်အတိုင်းဣသ ရေလအမျိုးသားတို့ကသဘောတူကြ ၏။
ထိုကြောင့်ယောရှုသည်ဣသရေလအမျိုး သားတို့၏လက်ချက်ဖြင့် သေမည့်ဘေးမှ သူတို့ကိုကယ်ဆယ်လိုက်လေသည်။-