၂ ရာချုပ် 2:16 - Common Language Bible16 ကျွန်ုပ်သည်လေဗနုန်တောင်ပေါ်ရှိသစ်ကတိုး ပင်များကိုအဆွေတော်လိုသမျှခုတ်လှဲ၍ ဖောင်ဖွဲ့ကာပင်လယ်လမ်းဖြင့်ယုပ္ပေမြို့အရောက် စုန်မျောစေပါမည်။ ထိုမြို့မှယေရုရှလင်မြို့ သို့အဆွေတော်၏လူတို့သယ်ယူနိုင်ကြ ပါသည်'' ဟုဖော်ပြပါရှိ၏။ အခန်းကိုကြည့်ပါ။Garrad Bible16 ကျွန်ုပ် တို့ သည် အ ကြည် တော် လို သ မျှ သစ် များ ကို လေ ဗ နုန် တော မှ ခုတ် ယူ၍ ပင် လယ် လမ်း ဖြင့် ယု ပ္ပေ မြို့ ရောက် ဖောင် ဖွဲ့ စုံ မျော ပါ စေ မည်။ အ ကြည် တော် မူ ကား ယေ ရု ရှ လင် မြို့ ရောက် သယ် ပိုး နိုင် ပါ ပြီ ဟု ပြန် ကြား လိုက် ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ငါတို့သည် ကိုယ်တော်လိုချင်သမျှသော သစ်သားကို၊ လေဗနုန်တောင်ပေါ်မှာ ခုတ်ပြီးလျှင် ဖောင်လုပ်၍ ပင်လယ်လမ်းဖြင့်၊ ယုပ္ပေမြို့သို့ ဆောင်ခဲ့ပါမည်။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သယ်ပို့ရမည်ဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 အကျွန်ုပ်တို့သည် မင်းကြီးအလိုရှိသမျှ လက်ဘနွန်တောင်မှသစ်တို့ကိုခုတ်ပြီး ယုပ္ပေမြို့အထိ ပင်လယ်လမ်းအတိုင်း ဖောင်ဖွဲ့၍ပို့လိုက်မည်။ ထိုနေရာမှ ဂျေရုဆလင်မြို့သို့ မင်းကြီးပြန်သယ်ယူပါ”ဟူ၍ ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ရှောလမုန်သည်ခါနာန်ပြည်ကိုဣသရေလ အမျိုးသားတို့သိမ်းယူစဉ်အခါက မသတ် ဘဲကျန်ကြွင်းခဲ့သည့်ခါနာန်ပြည်သားများ မှဆင်းသက်လာသူတို့ကို မိမိ၏ချွေးတပ် အတွက်အသုံးပြုတော်မူ၏။ ထိုသူတို့အထဲ တွင်အာမောရိအမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ပါဝင်ကြ၏။ ထို သူတို့၏သားမြေးများသည်ယနေ့တိုင် အောင်ဆက်လက်၍ကျွန်ခံနေရကြသတည်း။-
ပြည်သူတို့သည်ပန်းရန်များနှင့်လက်သမား များကိုပေးချေရန်ငွေပေးလှူကြ၏။ ပေရသိ ဘုရင်ကုရုမင်းခွင့်ပြုချက်အရလေဗနုန် တောမှ သစ်ကတိုးများကို ယုပ္ပေဆိပ်အရောက် စုံမျောစေခြင်းငှာ တုရုနှင့်ဇိဒုန်မြို့သား များထံသို့အစားအစာ၊ စပျစ်ရည်နှင့် သံလွင်ဆီတို့ကိုပေးပို့ကြ၏။-
သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။
တစ်ချိန်တည်း၌ပင်သူတို့အားကျွန်များ အဖြစ်ဣသရေလအမျိုးသားများနှင့် ထာဝရဘုရား၏ယဇ်ပလ္လင်အတွက်ရေခပ် ထင်းခုတ်သည့်အလုပ်ကိုလုပ်စေ၏။ ယနေ့ တိုင်အောင်သူတို့သည်ထာဝရဘုရားရွေး ချယ်သောဝတ်ပြုကိုးကွယ်ရာဌာနတွင် ရေခပ်ထင်းခုတ်သည့်အလုပ်ကိုလုပ်ရ ကြလေသည်။