Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည် 31:47 - Common Language Bible

47 မော​ရှေ​သည်​ထို​ဝေ​စု​ထဲ​မှ​သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန် တို့​ကို ငါး​ဆယ်​ချိုး​တစ်​ချိုး​ကျ​နုတ်​ယူ​၍ ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း တဲ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သော​လေ​ဝိ​အ​မျိုး​သား တို့​အား​ပေး​အပ်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

47 ဣ​သ​ရေ​လ​အ​မျိုး​သား​ခံ​ရ​သော ထက်​ဝက်​အ​ဖို့ လူ၊ တိ​ရ​စ္ဆာန် အ​ကောင်​ငါး​ဆယ်​တို့​တွင် တစ်​ကောင်​ကို မော​ရှေ​ကောက်​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ကို​စောင့်​သော လေ​ဝိ​သား​တို့​အား​ပေး၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

47 မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​ရရှိ​သော​တစ်ဝက်​ထဲမှ လူ အယောက်​ငါးဆယ်​လျှင် တစ်​ယောက်​၊ တိရစ္ဆာန် အကောင်​ငါးဆယ်​လျှင်​တစ်​ကောင် ယူ​၍ ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ကို ဆောင်ရွက်​သော​လေဝိ​အမျိုး​တို့​အား ပေး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 31:47
12 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝေ​စု​ထဲ မှ သုံ့​ပန်း​ငါး​ဆယ်​လျှင်​တစ်​ယောက်​ကျ​ဖြင့် လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်​တို့​ကို​လည်း ထို​အ​ချိုး​ကျ​ဖြင့်​လည်း​ကောင်း​နုတ်​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော်​ကို​တာ​ဝန်​ယူ စောင့်​ထိန်း​ရ​သော​လေ​ဝိ​အ​မျိုး​သား​တို့ အား​ပေး​အပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-


ကိုယ်​တော်​၏​အ​စေ​ခံ​သူ၊ဗိ​မာန်​တော်​တွင်​ညဥ့် အ​ခါ အ​မှု​တော်​ဆောင်​သူ​အ​ပေါင်း​တို့၊ လာ​၍​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။


ထို​နောက်​တပ်​မှူး​တို့​သည် မော​ရှေ​ထံ​သို့​လာ ရောက်​၍``အ​ကျွန်ုပ်​တို့​၏​လက်​အောက်​ရှိ​စစ်​သည် များ​ကို​ရေ​တွက်​ရာ တစ်​ယောက်​မျှ​ပျောက်​ဆုံး ခြင်း​မ​ရှိ​ကြောင်း​တွေ့​ရ​ပါ​သည်။-


ထို​နောက်​မောရှေ​နှင့်​အာ​ရုန်​တို့​ညွှန်​ကြား သည့်​အ​တိုင်း သူ​တို့​သည်​လိုက်​နာ​ဆောင်​ရွက် ကြ​၏။


တစ်​စုံ​တစ်​ယောက်​သည်​တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် ငါ​သည်​အ​မျက်​ထွက်​၍​တစ်​မျိုး​သား​လုံး​ကို​ဒဏ်​ခတ်​မည်​ဖြစ်​သည်။ သို့​ဖြစ်​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲ​တော်​ကို​စောင့်​ကြပ်​ရန်​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-


တစ်​ချိန်​တည်း​၌​ပင်​သူ​တို့​အား​ကျွန်​များ အ​ဖြစ်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​အ​တွက်​ရေ​ခပ် ထင်း​ခုတ်​သည့်​အ​လုပ်​ကို​လုပ်​စေ​၏။ ယ​နေ့ တိုင်​အောင်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး ချယ်​သော​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တွင် ရေ​ခပ်​ထင်း​ခုတ်​သည့်​အ​လုပ်​ကို​လုပ်​ရ ကြ​လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ