Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 12:11 - Common Language Bible

11 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ဘု​ရား ဝတ်​ပြု​ကိုး​ကွယ်​ရန် တစ်​ခု​တည်း​သော​ဌာ​န ကို​ရွေး​ချယ်​ပေး​တော်​မူ​မည်။ ငါ​မိန့်​မှာ​သည့် အ​တိုင်း သင်​တို့​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ပူ​ဇော်​သ​ကာ များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား​သော အ​ထူး​ပူ​ဇော်​သ​ကာ​များ​စ​သည်​တို့​ကို ထို​ဌာ​န​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 နာ မ တော် တည် ရန် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ မည့် ဌာ န သို့ ငါ မှာ ထား သ မျှ သော မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ ဆယ် ဘို့ တစ် ဘို့ အ လှူ၊ မြှောက် ဆက် ရာ လက် ဆောင်၊ ထာ ဝ ရ ဘု ရား ထံ သ စ္စာ ထား သော အ လှူ မြတ် များ ကို ဆောင် သွင်း ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထိုအခါ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် နာမ​တော်​ကိန်းဝပ်​ရာ​နေရာ​ကို​ရွေးချယ်​တော်မူ​မည်​။ သင်​တို့​အား ငါ​မှာကြား​ထား​သမျှ​အတိုင်း သင်​တို့​၏​မီးရှို့ရာယဇ်​၊ ပူဇော်သက္ကာ​၊ ဆယ်ဖို့တစ်ဖို့​၊ အလှူပစ္စည်း​၊ ထာဝရဘုရား​ထံ သင်​တို့​ကတိသစ္စာ​ပြု​ထား​သည့် ကတိသစ္စာ​ဆိုင်ရာ​အကောင်းဆုံး​ပူဇော်သက္ကာ​ရှိသမျှ​တို့​ကို ထို​နေရာ​သို့ သင်​တို့​ယူဆောင်​လာ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 12:11
41 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​တွက် ဗိ​မာန်​တော်၊ကိုယ်​တော်​ထာ​ဝ​စဉ်​စံ​တော်​မူ​ရန်၊ ဌာ​န​တော်​ကို​တည်​ဆောက်​ပြီး​ပါ​ပြီ'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​၏။


ကိုယ်​တော်​က`ငါ​သည်​ငါ​၏​လူ​မျိုးတော်​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ ငါ့​အား​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အ​ဘယ်​မြို့​ကို​မျှ​မ​ရွေး ချယ်​ခဲ့။ သို့​ရာ​တွင်​ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရန် သင့်​ကို​ရွေး​ချယ်​ပြီ' ဟု​ငါ​၏​ခ​မည်း တော်​ဒါ​ဝိဒ်​အား​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆို​၏။


ကိုယ်​တော်​အား​ဝတ်​ပြုကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ်​ရွေး​ချယ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​နေ့ ည​မ​ပြတ်​စောင့်​ထိန်း​ကြည့်​ရှု​တော်​မူ​ပါ။ ဤ ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​လျက် အ​ကျွန်ုပ်​တောင်း လျှောက်​သော​အ​ခါ​နား​ညောင်း​တော်​မူ​ပါ။-


သူ​သည်​ဆက်​လက်​၍``သင်​က`ငါ​တို့​သည် ငါ​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​အား​ကိုး ပါ​သည်' ဟု​ပြော​ဆို​ကြ​မည်​လော။ မြင့်​သော အ​ရပ်​ဌာ​န​များ​နှင့်​ယဇ်​ပလ္လင်​များ​ကို​ဟေ​ဇ​ကိ ဖျက်​ဆီး​၍ ယု​ဒ​ပြည်​သူ​တို့​အား​ယေ​ရု​ရှ​လင် မြို့​ရှိ​ယဇ်​ပလ္လင်​၌​သာ ဝတ်​ပြု​ကိုး​ကွယ်​ကြ​ရန် အ​မိန့်​ထုတ်​သည်​မ​ဟုတ်​ပါ​လော။-


ထို့​ကြောင့်​ဒါ​ဝိဒ်​က``ဤ​အ​ရပ်​ကား​ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တည် ဆောက်​ရ​မည့်​အ​ရပ်​ဖြစ်​၏။ ဤ​နေ​ရာ​သည် ဣ​သ​ရေ​လ​ပြည်​သား​တို့​မီး​ရှို့​ရာ​ယဇ် ပူ​ဇော်​ရန်​နေ​ရာ​ဖြစ်​၏'' ဟု​ဆို​၏။


ဤ​ဗိ​မာန်​တော်​ကို​နေ့​ည​မ​ပြတ်​စောင့်​ထိန်း ကြည့်​ရှု​တော်​မူ​ပါ။ ဤ​ဌာ​န​တော်​တွင်​ကိုယ် တော်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရ​ကြ​မည်​ဖြစ် ကြောင်း​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​ခဲ့​သည်​ဖြစ် ၍ ဤ​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​အ​ကျွန်ုပ် ဆု​တောင်း​သော​အ​ခါ​နား​ညောင်း​တော်​မူ ပါ။-


ထာ​ဝ​ရ​ဘု​ရား​သည်​ညဥ့်​အ​ခါ​ရှော​လ​မုန်​ထံ သို့​ကြွ​လာ​တော်​မူ​၍``သင်​၏​ဆု​တောင်း​ပတ္ထ​နာ ကို​ငါ​ကြား​ပြီ။ သို့​ဖြစ်​၍​ဤ​ဗိ​မာန်​တော်​ကို ငါ့​အား​ယဇ်​ပူ​ဇော်​ရာ​ဌာ​န​အ​ဖြစ်​ဖြင့်​ငါ လက်​ခံ​၏။-


ယေ​ရု​ရှ​လင်​မြို့​ကို မိ​မိ​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​အ​ဖြစ်​ရွေး​ချယ်​သတ်​မှတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ဤ​အ​မိန့်​ကို​ဖီ​ဆန်​ကာ​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​ရန်​ကြိုး​စား​သူ အ​ဘယ်​ဘု​ရင်​သို့​မ​ဟုတ်​လူ​မျိုး​ကို​မ​ဆို​ဖျက်​ဆီး​တော်​မူ​ပါ​စေ​သ​တည်း။ ဤ​ကား​ငါ​ဒါ​ရိ​မင်း​၏​အ​မိန့်​တော်​ဖြစ်​၏။ အ​မိန့်​တော်​အ​တိုင်း​နာ​ခံ​ကြ​လော့'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။


ထာ​ဝ​ရ​ဘု​ရား​အား​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကိုး​ကွယ်​ဝတ်​ပြု​ကြ​လော့။ ဝမ်း​မြောက်​ဖွယ်​ရာ​သီ​ချင်း​များ​ဆို​လျက် ရှေ့​တော်​သို့​ဝင်​ကြ​လော့။


ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရာ​ယဇ်​ကို​ပူ​ဇော် ပါ​မည်။ အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။


ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အိမ်​တော် သို့ မီး​ရှို့​ရာ​ပူ​ဇော်​သကာ​ကို​ယူ​ဆောင်​လာ​ပါ​မည်။ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ပြု​ခဲ့​သည့် က​တိ​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။


သူ​တို့​ကို​ရွေး​ချယ်​မည့်​အ​စား၊ယု​ဒ အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​လွန်​စွာ​ချစ်​မြတ်​နိုး​သည့် ဇိ​အုန်​တောင်​တော်​ကို​လည်း​ကောင်း ရွေး​ချယ်​တော်​မူ​၏။


ငါ​သည်​သူ​တို့​နှင့်​အ​တူ​နေ​နိုင်​ရန် ငါ့​အ​တွက် တဲ​တော်​ကို​တည်​ဆောက်​ရ​ကြ​မည်။-


ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​၍၊ သူ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​မည်။-


``ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ် ဦး​စွာ​ပ​ထ​မ​ငါ​ရွေး​ချယ်​ခဲ့​သည့် ရှိ​လော​ရွာ​သို့​သွား​၍ ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကူး​လွန်​သည့် ဒု​စ​ရိုက်​ကြောင့် ထို​ရွာ​အား​အ​ဘယ်​သို့ ငါ​ပြု​ခဲ့​သည်​ကို​ကြည့်​ရှု​ကြ​လော့။-


သင်​တို့​သည်​ကြိုက်​ရာ​ဌာ​န​၌​ယဇ်​ပူ​ဇော် ခြင်း​ကို​မ​ပြု​ရ။


သင်​တို့​အ​နွယ်​များ​အ​နက်​တစ်​နွယ်​၏​နယ် မြေ​အ​တွင်း​ရှိ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မူ​မည့်​ဌာ​န​၌​သာ​ယဇ်​ပူ​ဇော်​ရ​မည်။ ထို​ဌာ​န ၌​သာ​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​၍ သင်​တို့​အား ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ဆောင်​ရွက်​ရ​မည်။''


သင်​တို့​နှင့်​သင်​တို့​၏​သား​သမီး​များ၊ ကျေး ကျွန်​များ၊ သင်​တို့​မြို့​ရွာ​များ​တွင်​နေ​ထိုင် သော​လေ​ဝိ​အ​မျိုး​သား​များ​သည် ဤ​ပူ​ဇော် သ​ကာ​များ​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​သည့်​တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​၌​သာ​စား​သုံး​ရ မည်။ သင်​တို့​သည်​ထို​ဌာ​န​တွင်​သင်​တို့​အ​လုပ် လုပ်​၍ ရ​ရှိ​သော​အ​စား​အ​စာ​များ​ကို​ပျော် ရွှင်​စွာ​စား​သုံး​ကြ​လော့။-


အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ တစ်​ခု​တည်း​သော​ဌာ​န​သည် သင်​တို့​နှင့်​ဝေး ကွာ​လွန်း​လျှင်​ငါ​မှာ​ကြား​ထား​သည့်​အ​တိုင်း သင်​တို့​အ​လို​ဆန္ဒ​ရှိ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​သော​နွား​သို့ မ​ဟုတ်​သိုး​ကို​သတ်​၍ သင်​တို့​မြို့​ရွာ​များ တွင်​စား​ခွင့်​ရှိ​သည်။-


သင်​တို့​၏​ပူ​ဇော်​သ​ကာ​နှင့် ဆက်​ကပ်​ပါ​မည် ဟု​က​တိ​ပြု​ထား​သော​လက်​ဆောင်​ပ​ဏ္ဏာ​များ ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ​တစ်​ခု တည်း​သော​ဌာ​န​သို့​ယူ​ဆောင်​သွား​ရ​ကြ​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​နွယ်​များ နေ​ထိုင်​ရာ​နယ်​မြေ​မှ ရှေ့​တော်​သို့​လူ​တို့​လာ ရောက်​ကိုး​ကွယ်​ဝတ်​ပြု​နိုင်​သော​ဌာ​န​တစ်​ခု ကို​ရွေး​ချယ်​ပေး​တော်​မူ​လိမ့်​မည်။-


ထို့​နောက်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ရွေး​ချယ်​ထား​တော်​မူ​သော​ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​သို့​သွား​၍ ထို​ဌာ​န​တွင်​ကိုယ်​တော်​၏​ရှေ့​တော်​၌ သင်​တို့ ဆယ်​ဖို့​တစ်​ဖို့​သီး​သန့်​ဖယ်​ထား​သော​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ နွား​နှင့်​သိုး​တို့​၏​သား ဦး​ပေါက်​များ​ကို​စား​သုံး​ရ​ကြ​မည်။ ဤ နည်း​အား​ဖြင့်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​ကြောက်​ရွံ့​ရို​သေ ရ​မည်​ဖြစ်​ကြောင်း​သင်​တို့​သိ​နား​လည်​ကြ လိမ့်​မည်။-


``သင်​တို့​၏​နွား​နှင့်​သိုး​သား​ဦး​ပေါက်​အ​ထီး ဟူ​သ​မျှ​ကို သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​သီး​သန့်​ထား​ရ​မည်။ နွား​သား ဦး​ပေါက်​များ​ကို​မ​ခိုင်း​စေ​ရ။ သိုး​သား​ဦး ပေါက်​များ​ကို​လည်း​အ​မွေး​မ​ညှပ်​ရ။-


နှစ်​စဉ်​သင်​နှင့်​သင်​၏​မိ​သား​စု​တို့​သည် ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​တွင်​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌ ထို​နွား​ဦး​ပေါက်​နှင့် သိုး​ဦး​ပေါက်​တို့​၏​အ​သား​ကို​စား​ရ​မည်။-


``ဒေ​သ​ခံ​တ​ရား​သူ​ကြီး​များ​သည် လူ​သတ် မှု​နှင့်​လူ​သေ​မှု​၌​သော်​လည်း​ကောင်း၊ ပစ္စည်း ပိုင်​ဆိုင်​ခွင့်​အမှု​အ​ခင်း​များ​နှင့်​ကိုယ်​ထိ​လက် ရောက်​ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​သော​အ​မှု​အ​ခင်း များ​၌​သော်​လည်း​ကောင်း အ​ဆုံး​အ​ဖြတ်​ပေး ရန်​ခဲ​ယဉ်း​ခြင်း​ရှိ​သော​အ​ခါ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် တော်​မူ​သည့်​တစ်​ခု​တည်း​သော​ကိုး​ကွယ် ရာ​ဌာ​န​သို့​သွား​၍၊-


``ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​မည်​သည့်​မြို့​မှ​မ​ဆို လေ​ဝိ​အ​မျိုး​သား​မည်​သူ​မ​ဆို တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​တော်​သို့​သွား​ရောက်​၍၊-


ထို​ကျွန်​သည်​သင်​တို့​၏​မြို့​များ​အ​နက် သူ​နေ ထိုင်​လို​သည့်​မြို့​၌​နေ​ခွင့်​ပြု​ရ​မည်။ သင်​သည် သူ့​ကို​မ​ညှင်း​ဆဲ​မ​နှိပ်​စက်​ရ။


သင်​တို့​သည်​လက်​ဦး​လက်​ဖျား​အ​သီး​အ​နှံ အ​မျိုး​မျိုး​ကို​တောင်း​ထဲ​၌​ထည့်​ပြီး​လျှင် တစ်​ခု​တည်း​သော​ကိုး​ကွယ်​ရာ​ဌာ​န​သို့​ယူ ဆောင်​သွား​ရ​မည်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​သို့​ရောက်​ရှိ​လာ​ကြ သော​အ​ခါ ဤ​ပညတ်​တ​ရား​တော်​ကို​ဖတ်​ပြ ရ​မည်။-


တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​အောင်​မြင်​ပြီး သည်​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှိ​လော​မြို့​သို့​စု​ဝေး​ရောက်​ရှိ​လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ တော်​ကို​တည်​ဆောက်​ကြ​၏။-


အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ပိုင်​နက်​ဖြစ်​သော​ယော်​ဒန်​မြစ်​အ​နောက် ဘက်​ဂဲ​လိ​လော့​အ​ရပ်​၌​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ် အ​နွယ်​ဝင်​နှင့်​အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့ က ယဇ်​ပလ္လင်​တည်​ကြ​သည့်​သ​တင်း​ကို​ကြား ရ​သော​အ​ခါ အ​ရှေ့​အ​နွယ်​ဝင်​တို့​အား​စစ် ချီ​တိုက်​ခိုက်​ရန်​ရှိ​လော​မြို့​သို့​စု​ရုံး​ရောက် ရှိ​လာ​ကြ​၏။


ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​တစ်​စု​လုံး​၏​ကိုယ် စား​သူ​တို့​အား ပြော​ကြား​သည်​မှာ``သင်​တို့​သည် အ​ဘယ်​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အား​ဆန့်​ကျင်​၍ ဤ​မိုက်​မဲ သော​အ​မှု​ကို​ပြု​ကြ​သ​နည်း။ သင်​တို့​သည် ဤ​ယဇ်​ပလ္လင်​ကို​တည်​ခြင်း​အား​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပုန်​ကန်​ကြ​ပြီ။ ကိုယ်​တော်​ကို ပစ်​ပယ်​ကြ​ပြီ​တ​ကား။-


ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​ဘဲ​မီး​ရှို့​ရာ​သ​ကာ၊ ဘော​ဇဉ် သ​ကာ၊ မိတ်​သ​ဟာ​ယ​သ​ကာ​များ​ကို ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​ကို​တည်​ပါ​မူ ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​ငါ​တို့​အား​ဒဏ်​ခတ် တော်​မူ​ပါ​စေ။-


ငါ​တို့​၏​လူ​စု​အ​တွက်​သော်​လည်း​ကောင်း၊ သင် တို့​၏​လူ​စု​နှင့်​နောင်​လာ​နောက်​သား​များ​အ​တွက် သော်​လည်း​ကောင်း သက်​သေ​အ​ထိမ်း​အ​မှတ်​ဖြစ် စေ​ရန်​သာ​ဖြစ်​၏။ ငါ​တို့​သည်​ယဇ်​နှင့်​ပူ​ဇော် သကာ​များ​ကို​မီး​ရှို့​ရာ​သ​ကာ​မှ​စ​၍​သ​ကာ အ​မျိုး​မျိုး​ဖြင့် တဲ​တော်​ရှေ့​၌​သာ​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မည်​ဖြစ်​ကြောင်း ဤ​ယဇ်​ပလ္လင်​က​သက်​သေ​ဖြစ်​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​က ငါ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား`သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မည်​သို့​မျှ​မ​သက် ဆိုင်' ဟု​ပြော​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။-


ငါ​တို့​သည်​မီး​ရှို့​ရာ​သ​ကာ၊ ဘော​ဇဉ်​သ​ကာ စ​သော​သ​ကာ​များ​ကို​ပူ​ဇော်​ဆက်​သ​ရန်​ယဇ် ပလ္လင်​တစ်​ခု​ကို​တည်​၍ ထာ​ဝ​ရ​ဘု​ရား​အား ပုန်​ကန်​လျက်​ကိုယ်​တော်​ကို​ပစ်​ပယ်​ကြ​မည် မ​ဟုတ်​ပါ။ ငါ​တို့​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ရှေ့​တွင်​ရှိ​သော ယဇ်​ပလ္လင်​မှ​လွဲ​၍ အ​ခြား မည်​သည့်​ယဇ်​ပလ္လင်​ကို​မျှ​တည်​မည်​မ​ဟုတ်​ပါ'' ဟု ပြန်​ပြော​ကြ​လေ​သည်။


တစ်​ချိန်​တည်း​၌​ပင်​သူ​တို့​အား​ကျွန်​များ အ​ဖြစ်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​အ​တွက်​ရေ​ခပ် ထင်း​ခုတ်​သည့်​အ​လုပ်​ကို​လုပ်​စေ​၏။ ယ​နေ့ တိုင်​အောင်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး ချယ်​သော​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တွင် ရေ​ခပ်​ထင်း​ခုတ်​သည့်​အ​လုပ်​ကို​လုပ်​ရ ကြ​လေ​သည်။


ဧ​လ​ကာ​န​သည်​မိ​မိ​၏​အိမ်​ထောင်​စု​နှင့်​အ​တူ နှစ်​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​ကို​လည်း​ကောင်း၊ မိ​မိ သစ္စာ​ဝတ်​ကို​ဖြေ​ရာ​အ​ထူး​ယဇ်​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​အား​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့ သွား​ရောက်​ဖို့​အ​ချိန်​ကျ​ရောက်​လာ​ပြန်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ