အဘယ်ကြောင့်ဆိုသော်ငါသည်တောတိရစ္ဆာန် ရှိသမျှကိုလည်းကောင်း၊ တောင်ပေါင်းများစွာသောတောင်ကုန်းများရှိ တိရစ္ဆာန်တို့ကိုလည်းကောင်းပိုင်သောကြောင့်ဖြစ်၏။
ယောရှု 8:27 - Common Language Bible ယောရှုအားထာဝရဘုရားမိန့်မှာတော်မူ သည်အတိုင်း ဣသရေလအမျိုးသားတို့ သည်သိုးနွားတိရစ္ဆာန်များနှင့်ဥစ္စာပစ္စည်း များကိုမိမိတို့အတွက်သိမ်းယူကြ၏။- Garrad Bible လက် ရ ဥစ္စာ၊ တိ ရ စ္ဆာန် များ မှာ မူ ယော ရှု အား ထာ ဝ ရ ဘု ရား ထား သော အ မိန့် တော် အ တိုင်း၊ ဣ သ ရေ လ စစ် သား တို့ အ ပိုင် ရ ကြ၏။ Judson Bible သို့ရာတွင် ထာဝရဘုရားသည် ယောရှုအား မှာထားတော်မူသောစကားအတိုင်း၊ တိရစ္ဆာန်များနှင့် လက်ရဥစ္စာများကို၊ ဣသရေလအမျိုးသားတို့သည် ကိုယ်အဖို့ သိမ်းယူကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ယောရှုအား ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း အစ္စရေးစစ်သည်တို့သည် ထိုမြို့မှ တိရစ္ဆာန်နှင့် တိုက်ယူသောပစ္စည်းတို့ကို သိမ်းယူကြ၏။ |
အဘယ်ကြောင့်ဆိုသော်ငါသည်တောတိရစ္ဆာန် ရှိသမျှကိုလည်းကောင်း၊ တောင်ပေါင်းများစွာသောတောင်ကုန်းများရှိ တိရစ္ဆာန်တို့ကိုလည်းကောင်းပိုင်သောကြောင့်ဖြစ်၏။
ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သံဖြူ၊ ခဲအစရှိသည့်မီး မလောင်ကျွမ်းနိုင်သောသတ္တုပစ္စည်းရှိသမျှ အားမီးကိုဖြတ်သန်းစေခြင်းဖြင့်သန့်စင်စေ ရမည်။ အခြားသံဝတ္ထုပစ္စည်းများကိုသန့်စင် ခြင်းဝတ်ပြုရာရေဖြင့်သန့်စင်စေရမည်။-
``သင်နှင့်ဧလာဇာတို့သည်ဣသရေလ အမျိုးသားအကြီးအကဲတို့နှင့်အတူ သုံ့ပန်းနှင့်တိရစ္ဆာန်များအပါအဝင် လက်ရသိမ်းဆည်းခဲ့သောပစ္စည်းရှိသမျှ ကိုရေတွက်ရမည်။-
ငါပိုင်သည့်ငွေကိုငါအလိုရှိသည့်အတိုင်းမသုံး စွဲအပ်ပါသလော။ ငါရက်ရောသောကြောင့်သင် မနာလိုဝန်တိုစိတ်ရှိသလော' ဟုဆို၏'' ဟူ၍ မိန့်တော်မူသည်။
တိရစ္ဆာန်များနှင့်မြို့များမှဥစ္စာပစ္စည်းများ ကိုလည်း သိမ်းယူခဲ့ကြသည်။
သူတို့သည်ပင်လယ်ကမ်းခြေရှိသဲပွင့် များတမျှများပြားသော စစ်သူရဲတို့ နှင့်ချီတက်လာကြလေသည်။ သူတို့တွင် မြင်းနှင့်စစ်ရထားအမြောက်အမြား ပါရှိသည်။-
သင်သည်ယေရိခေါမြို့နှင့်၎င်း၏မင်းကို သုတ်သင်ဖျက်ဆီးသကဲ့သို့ အာဣမြို့နှင့် ၎င်း၏မင်းကိုသုတ်သင်ဖျက်ဆီးပစ်ရမည်။ သို့ရာတွင်၎င်း၏ပစ္စည်းများနှင့်တိရစ္ဆာန် များကိုသင်တို့သိမ်းယူနိုင်သည်။ မြို့ကို အနောက်ဘက်မှဝင်စီးရန်တပ်ပုန်းချ ထားလော့'' ဟုမိန့်တော်မူ၏။
ယောရှုသည်အာဣမြို့ကိုမီးရှို့ဖျက်ဆီး လိုက်သဖြင့် ယနေ့တိုင်မြို့ပျက်အဖြစ် ကျန်ရစ်လေသည်။-