ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ်တော် ကျွန်သည်ဖိလိတ္တိအမျိုးသားတို့အားသွား ရောက်တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကိုယ်တော့်ကျွန်အားအောင်ပွဲခံစေ တော်မူပါမည်လော'' ဟုမေးလျှောက်၏။
ယောရှု 6:2 - Common Language Bible ထာဝရဘုရားသည်ယောရှုအား``ငါသည် ယေရိခေါမြို့နှင့်တကွ မြို့ကိုအုပ်ချုပ်သော မင်းကြီးနှင့်သူရသတ္တိရှိသောစစ်သူရဲ အပေါင်းတို့ကို သင်၏လက်တွင်းသို့ကျ ရောက်စေမည်။- Garrad Bible ယော ရှု အား ထာ ဝ ရ ဘု ရား က၊ ယေ ရိ ခေါ မြို့ ကို ဘု ရင် နှင့် တ ကွ စစ် ခေါင်း မာ သူ များ ပါ သင့် လက် တွင်း သို့ ငါ အပ် နှင်း လေ ပြီ။ Judson Bible ထာဝရဘုရားက၊ ကြည့်ရှုလော့။ ယေရိခေါမြို့၊ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ်သူရဲတို့ကို သင့်လက်၌ ငါအပ်လေပြီ။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ယောရှုအား “ကြည့်ရှုလော့။ ဂျေရိခေါမြို့နှင့်တကွ ရှင်ဘုရင်နှင့် ရဲစွမ်းသတ္တိရှိသောစစ်သူရဲတို့ကို သင့်လက်သို့ ငါအပ်ပြီ။ |
ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ်တော် ကျွန်သည်ဖိလိတ္တိအမျိုးသားတို့အားသွား ရောက်တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကိုယ်တော့်ကျွန်အားအောင်ပွဲခံစေ တော်မူပါမည်လော'' ဟုမေးလျှောက်၏။
သူတို့သည်ခါနာန်ပြည်ကိုသိမ်းယူကြ ရပါ၏။ ထိုပြည်တွင်နေထိုင်သူတို့အားကိုယ်တော် နှိမ်နင်းတော်မူပါ၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ခါနာန်ပြည်ဘုရင်များနှင့် ပြည်သူတို့ကိုပြုချင်သလိုပြုနိုင်သော တန်ခိုးပေးတော်မူပါ၏။
ကိုယ်တော်သည်အချိန်ကာလနှင့်ရာသီဥတု တို့ကို အစိုးရတော်မူ၏။ ဘုရင်တို့အားနန်းတင်နန်းချတော်မူ၏။ ကိုယ်တော်သည်လူတို့အားဉာဏ်ပညာနှင့် အသိတရားကိုပေးတော်မူ၏။
အထက်ဖော်ပြပါဘုရင်များနန်းစံလျက် နေချိန်၌ပင်လျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အဘယ်အခါမျှမပျက်စီး နိုင်သည့် နိုင်ငံတစ်ခုကိုတည်ထောင်တော်မူ ပါလိမ့်မည်။ ထိုနိုင်ငံကိုအဘယ်အခါ၌ မျှနှိမ်နင်း၍ရမည်မဟုတ်ပါ။ ယင်းသည် အခြားနိုင်ငံရှိသမျှကိုဖြိုခွင်းပြီး နောက် အစဉ်အမြဲတည်ပါလိမ့်မည်။-
ဤကားနိုးကြားစောင့်ကြည့်သူကောင်းကင် တမန်များ၏စီရင်ဆုံးဖြတ်ချက်တည်း။ သို့ ဖြစ်၍အမြင့်မြတ်ဆုံးသောဘုရားသခင် သည် လောကီနိုင်ငံများအပေါ်သို့တန်ခိုး အာဏာလွှမ်းမိုးတော်မူနိုင်ကြောင်းကိုလည်း ကောင်း၊ ကိုယ်တော်သည်အသိမ်ငယ်ဆုံးသော သူကိုပင်လျှင်ရွေးချယ်၍မင်းမြှောက်တော် မူနိုင်ကြောင်းကိုလည်းကောင်း အရပ်တကာ ရှိလူအပေါင်းတို့သိရှိကြစေ' ဟုအသံ ကျယ်စွာကြွေးကြော်၏။
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
``အမြင့်မြတ်ဆုံးသောဘုရားသခင်သည် အရှင့်ခမည်းတော်နေဗုခဒ်နေဇာမင်းအား အုပ်စိုးခွင့်အာဏာနှင့်ကြီးမြတ်သည့်ဘုရင် တစ်ပါးဖြစ်စေတော်မူလျက် ဂုဏ်အသရေ နှင့်လည်းကောင်း၊ အာနုဘော်နှင့်လည်းကောင်း ပြည့်စုံစေတော်မူပါ၏။-
ကိုယ်တော်သည်သူတို့၏ဘုရင်များကိုသင်တို့ ၏လက်သို့အပ်မည်။ သင်တို့သည်ထိုဘုရင်များ ကိုသုတ်သင်ပယ်ရှင်းသဖြင့် သူတို့အကြောင်းကို လူတို့သတိရကြတော့မည်မဟုတ်။ မည်သည့် ရန်သူကမျှသင်တို့ကိုမခုခံနိုင်။ သင်တို့ သည်ရန်သူအားလုံးကိုချေမှုန်းလိမ့်မည်။-
ဣသရေလအမျိုးသားတို့သည်သုံးဆယ့် တစ်မြို့တို့၏မင်းများကိုနှိမ်နင်းခဲ့သည်။ ယင်းမြို့တို့မှာယေရိခေါမြို့၊ (ဗေသလ မြို့အနီးရှိ) အာဣမြို့၊-
ထာဝရဘုရားသည်အကျွန်ုပ်တို့အား ထိုပြည်တစ်ပြည်လုံးကိုမုချပေးတော်မူ ပြီ။ ပြည်သူပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့ကိုကြောက်လန့်လျက်ရှိကြ ပါသည်'' ဟုဆိုကြ၏။
``ထာဝရဘုရားသည်သင်တို့အားဤပြည်ကိုပေးတော်မူကြောင်းကျွန်မသိပါသည်။ ဤပြည်သားအပေါင်းတို့သည်သင်တို့ကို ကြောက်လန့်လျက်ရှိကြပါသည်။-
ဣသရေလအမျိုးသားများယေရိခေါမြို့ တွင်းသို့မဝင်နိုင်ရန်မြို့တံခါးများကိုပိတ် ၍ အစောင့်များချထားလေသည်။ မည်သူမျှ မြို့ကိုဝင်ထွက်သွားလာခြင်းမပြုနိုင်။-
သင်နှင့်သင်၏စစ်သည်တို့သည်တစ်နေ့လျှင် တစ်ကြိမ်ကျဖြင့် ခြောက်ရက်တိုင်မြို့ကိုပတ် ၍ချီတက်ရကြမည်။-
ထာဝရဘုရားသည်ယောရှုအား``သင်သည် စစ်သူရဲအပေါင်းတို့နှင့်အတူအာဣမြို့ သို့ချီတက်လော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ ငါသည်သင့်လက်တွင်းသို့အာဣမင်းနှင့် တကွပြည်သူပြည်သားများ၊ သူ၏မြို့၊ သူ၏နယ်မြေတို့ကိုပေးအပ်မည်။-
သို့ရာတွင်ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အား ရှိဟုန်မင်းနှင့်တပ်မ တော်ကိုနှိမ်နင်းအောင်မြင်ခွင့်ပေးတော်မူ သဖြင့် ဣသရေလအမျိုးသားတို့သည်ထို ပြည်၌နေထိုင်သောအာမောရိအမျိုးသား တို့၏နယ်မြေရှိသမျှကိုသိမ်းယူကြ၏။-
သင်သည်ထိုနယ်မြေကိုပြန်လည်ရယူရန် ကြိုးစားပါမည်လော။ သင်၏ဘုရားခေမုရှ ပေးအပ်သမျှနယ်မြေကိုသင်သိမ်းပိုက်ထား နိုင်ပါ၏။ ငါတို့အတွက်ငါတို့ဘုရားသခင် ထာဝရဘုရားသိမ်းယူတော်မူသောနယ် မြေရှိသမျှကိုငါတို့သိမ်းပိုက်ထားမည်။-