Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 6:3 - Common Language Bible

3 သင်​နှင့်​သင်​၏​စစ်​သည်​တို့​သည်​တစ်​နေ့​လျှင် တစ်​ကြိမ်​ကျ​ဖြင့် ခြောက်​ရက်​တိုင်​မြို့​ကို​ပတ် ၍​ချီ​တက်​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3-4 သင် တို့ သည် ခြောက် ရက် ပတ် လုံး တစ် နေ့ တစ် ကြိမ်၊ သိုး ချို တံ ပိုး ခု နစ် လက် ကိုင် ပ ရော ဟိတ် ခု နစ် ယောက် တို့ ကို သေတ္တာ တော် ရှေ့ ဦး တည် စေ၍ စစ် သူ ရဲ အ ပေါင်း တို့ ပါ၊ မြို့ ကို လှည့် ပတ် ပြီး လျှင် ခု နစ်ရက် မြောက် သော နေ့၌ ခု နစ် ကြိမ် လှည့် ပတ်၍ ပ ရော ဟိတ် တို့ တံ ပိုး မှုတ် ကြ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သို့​ဖြစ်၍ မြို့​ကို​လှည့်​ပတ်​ရ​ကြ​မည်။ ဣ​သ​ရေ​လ စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ခြောက်​ရက်​ပတ်​လုံး လှည့်​ပတ်​ခြင်း​အ​မှု​ကို ပြု​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သင်​နှင့်​စစ်သူရဲ​အပေါင်း​တို့​သည် မြို့​ကို​တစ်ပတ်ပြည့်​အောင် လှည့်ပတ်​ရ​မည်​။ ခြောက်​ရက်​ပတ်လုံး ထိုသို့​ပတ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 6:3
9 ပူးပေါင်းရင်းမြစ်များ  

ရေ​ကန်​၏​အ​ပြင်​အ​နား​ပတ်​လည်​ကို​နွား​ရုပ် များ​ဖြင့်​တန်​ဆာ​ဆင်​ထား​၏။ ထို​နွား​ရုပ်​များ အထက်​အောက်​အ​တန်း​နှစ်​တန်း​ကို​ရေ​ကန်​နှင့် တစ်​စပ်​တည်း​သွန်း​လုပ်​ထား​သ​တည်း။-


ထာ​ဝ​ရ​ဘု​ရား​ကို​မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ခါ​နာန်​ပြည်​သား​တို့​ကို​လည်း​မ​ကြောက်​ရွံ့ ကြ​ပါ​နှင့်။ ငါ​တို့​သည်​သူ​တို့​ကို​လွယ်​ကူ စွာ​တိုက်​ခိုက်​အောင်​မြင်​နိုင်​ပါ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍ သူ​တို့​ကို​ကွယ်​ကာ​စောင့်​ရှောက်​သော​ဘု​ရား များ​ကို​လည်း နှိမ်​နင်း​အောင်​မြင်​တော်​မူ​ပြီး ဖြစ်​၍​မ​ကြောက်​ရွံ့​ကြ​ပါ​နှင့်'' ဟု​လူ​တို့ အား​ပြော​ကြ​၏။-


သို့​ရာ​တွင်​ငါ​တို့​တွင်​အ​ချုပ်​အ​ခြာ​အာ​ဏာ တန်​ခိုး​မ​ရှိ၊ ဘု​ရား​သ​ခင်​၌​သာ​လျှင်​ရှိ​တော် မူ​ကြောင်း​ကို​ထင်​ရှား​စေ​ရန် ဆို​ခဲ့​သည့်​ဝိ​ညာဉ် ဘဏ္ဍာ​ကို​ထိန်း​သိမ်း​ရ​သူ​ငါ​တို့​သည်​မြေ​အိုး များ​သ​ဖွယ်​ဖြစ်​ကြ​သည်။-


သို့​ဖြစ်​၍​ယော​ရှု​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အား​မြို့​ကို ပ​ထ​မ အ​ကြိမ်​လှည့်​ပတ်​စေ​၏။ ထို​နောက်​သူ​တို့​သည် စခန်း​သို့​ပြန်​လာ​၍​တစ်​ည​တာ​ရပ်​နား​ကြ သည်။


ဒု​တိ​ယ​နေ့​၌​သူ​တို့​သည်​တစ်​ဖန်​မြို့​ကို တစ် ကြိမ်​လှည့်​ပတ်​၍​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ သည်။ သူ​တို့​သည်​ဤ​နည်း​နှင်​နှင်​ခြောက်​ရက် တိုင်​တိုင်​မြို့​ကို​လှည့်​ပတ်​ကြ​သည်။


ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ငါ​သည် ယေ​ရိ​ခေါ​မြို့​နှင့်​တ​ကွ မြို့​ကို​အုပ်​ချုပ်​သော မင်း​ကြီး​နှင့်​သူ​ရ​သတ္တိ​ရှိ​သော​စစ်​သူ​ရဲ အ​ပေါင်း​တို့​ကို သင်​၏​လက်​တွင်း​သို့​ကျ ရောက်​စေ​မည်။-


ယဇ်​ပု​ရော​ဟိတ်​ခုနစ်​ယောက်​တို့​သည်​တံပိုး​ခ​ရာ တစ်​လုံး​စီ​ကိုင်​၍ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​က သွား​ရ​မည်။ သတ္တမ​နေ့​တွင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​တံပိုး​ခရာ​မှုတ်​၍​ရှေ့​ဆောင်​လျက် သင်​နှင့် သင်​၏​စစ်​သည်​တို့​သည်​မြို့​ကို​ခု​နစ်​ကြိမ် ပတ်​ရ​ကြ​မည်။-


ရှေ့​ဆုံး​မှ​တပ်​သား​များ၊ ထို​နောက်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်၊ နောက်​ဆုံး တွင်​လူ​တို့​လိုက်​ပါ​လျက် မြို့​ကို​ပတ်​၍​ချီ တက်​ရန်​ယော​ရှု​အ​မိန့်​ပေး​လေ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ