ဒါဝိဒ်မင်းသည်အလွန်အိုမင်းသောအခါ အစေခံတို့ကစောင်များခြုံပေးသော်လည်း မနွေးနိုင်အောင်ရှိတတ်၏။-
ယောရှု 23:1 - Common Language Bible ကာလအတန်ကြာပြီးနောက်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အား ပတ်ဝန်း ကျင်ရှိရန်သူများ၏ဘေးရန်မှကင်းငြိမ်း စေတော်မူ၏။ ယောရှုသည်လည်းအသက် အရွယ်အလွန်ကြီးရင့်လာပြီ။- Garrad Bible ကာ လ အ တန် ကြာ၍ ဣ သ ရေ လ အ မျိုး သား တို့ အား ပတ် ဝန်း ကျင် အ ရပ် ရပ် မှ ရန် ငြိမ်း ခွင့် ကို ထာ ဝ ရ ဘု ရား ပေး တော် မူ ပြီး နောက်၊ Judson Bible ထာဝရဘုရားသည် ပတ်ဝန်းကျင်နေသော ရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကို ကယ်လွှတ်၍၊ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသော ကာလပတ်လုံးပေးတော်မူပြီးမှ၊ ယောရှုသည် အသက်ကြီး၍ အိုမင်းသောအခါ၊ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထာဝရဘုရားသည် အစ္စရေးလူမျိုးအား ပတ်ဝန်းကျင်ရှိ ရန်သူအပေါင်းတို့၏ဘေးမှ ကာလအတန်ကြာ ကင်းငြိမ်းစေတော်မူ၏။ ယောရှုသည်လည်း အသက်အရွယ်ကြီးရင့်လာ၏။ |
ဒါဝိဒ်မင်းသည်အလွန်အိုမင်းသောအခါ အစေခံတို့ကစောင်များခြုံပေးသော်လည်း မနွေးနိုင်အောင်ရှိတတ်၏။-
ဒါဝိဒ်က``ဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားသည် မိမိ လူမျိုးတော်အားငြိမ်းချမ်းသာယာမှုကို ပေးတော်မူ၍ မိမိကိုယ်တော်တိုင်ယေရု ရှလင်မြို့တွင်ထာဝစဉ်ကိန်းဝပ်တော်မူ လိမ့်မည်။-
ဘုရင်၏အမှုတော်ကိုထမ်းရွက်ရသူ ဣသရေလ အမျိုးသားအိမ်ထောင်ဦးစီးများ၊ သားချင်းစု ခေါင်းဆောင်များနှင့်နိုင်ငံတော်အုပ်ချုပ်ရေး အရာရှိများစာရင်းမှာအောက်ပါအတိုင်း ဖြစ်၏။ သူတို့သည်လူပေါင်းနှစ်သောင်းလေး ထောင်စီရှိသည့်အဖွဲ့များဖွဲ့၍တစ်လလျှင် တစ်ဖွဲ့တာဝန်ယူရကြ၏။ ထိုအဖွဲ့တိုင်းကို သက်ဆိုင်ရာတပ်မဟာမှူးတစ်ယောက်က ကွပ်ကဲအုပ်ချုပ်လေသည်။
အဘိယကွယ်လွန်သောအခါ ဒါဝိဒ်မြို့တော် ရှိဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာသသည်ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။ ထိုမင်း၏လက်ထက်၌ပြည်တော် သည် ဆယ်နှစ်တိုင်တိုင်ငြိမ်းချမ်းသာယာလျက် နေ၏။-
ယုဒပြည်အမြို့မြို့မှရုပ်တုကိုးကွယ်ရာ ဌာနများနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင် များကိုဖျက်ဆီးတော်မူသဖြင့် ထိုမင်း၏ လက်ထက်၌နိုင်ငံတော်သည်ငြိမ်းချမ်း သာယာလျက်နေ၏။-
သို့ဖြစ်၍ယောရှဖတ်သည်ငြိမ်းချမ်းစွာနန်းစံ တော်မူရ၏။ ဘုရားသခင်သည်သူ၏နိုင်ငံ အရပ်ရပ်တွင်လုံခြုံမှုရှိစေတော်မူ၏။
ကိုယ်တော်သည်ကမ္ဘာတစ်ဝန်းလုံးတွင် တိုက်ခိုက်မှုများကိုငြိမ်းစေတော်မူ၏။ လေးတို့ကိုချိုး၍လှံတို့ကိုအပိုင်းပိုင်းဖြတ်ကာ ဒိုင်းတို့ကိုမီးရှို့တော်မူ၏။
ကျွဲနွားများကိုစိမ်းလန်းစိုပြေသည့်ချိုင့်ဝှမ်း သို့ပို့ဆောင်သကဲ့သို့ ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အား ငြိမ်းအေးရာအရပ် သို့ပို့ဆောင်တော်မူ၏။ ဤနည်းအားဖြင့်ကိုယ် တော်သည် မိမိဘုန်းအသရေတော်ကိုထင် ရှားစေတော်မူသတည်း။
``ယခုငါသည်အသက်တစ်ရာ့နှစ်ဆယ်ရှိ ပြီဖြစ်၍ သင်တို့အားဆက်လက်ခေါင်းဆောင်နိုင် တော့မည်မဟုတ်။ ထို့အပြင်ငါသည်ယော်ဒန် မြစ်တစ်ဖက်သို့မကူးရဟုထာဝရဘုရား က ငါ့အားမိန့်ကြားတော်မူပြီ။-
ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည်အတိုင်း ယောရှုသည်ထိုပြည် တစ်ပြည်လုံးကိုတိုက်ခိုက်သိမ်းယူလေသည်။ သူသည်ဣသရေလအနွယ်အသီးသီး အားပိုင်ဆိုင်စေရန်ထိုပြည်ကိုခွဲဝေပေး လေသည်။ ထိုနောက်တစ်ပြည်လုံးငြိမ်းချမ်းသာယာ လျက်ရှိလေသတည်း။
ယောရှုသည်အသက်အရွယ်ကြီးရင့်လာ ပြီဖြစ်သည်။ ထာဝရဘုရားကယောရှု အား``သင်သည်အသက်အရွယ်ကြီးရင့် လာပြီ။ သိမ်းယူရမည့်နယ်မြေများစွာ ကျန်ရှိနေသေးသည်။-
ထာဝရဘုရားသည်သူတို့၏ဘိုးဘေးတို့အား ကတိထားတော်မူသည့်အတိုင်းတစ်ပြည်လုံး တွင်ငြိမ်းချမ်းသာယာမှုရှိလေ၏။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့အား ရန်သူရှိသမျှတို့ကိုတိုက်ခိုက်အောင်မြင် စေတော်မူ၏။ မည်သည့်ရန်သူကမျှသူတို့ ကိုမခုခံနိုင်။-
ယခုမှာသင်တို့၏ဘုရားသခင်ထာဝရ ဘုရားကတိတော်ရှိသည်အတိုင်း သင်တို့ ၏အမျိုးသားချင်းတို့သည်ငြိမ်းချမ်းစွာ နေထိုင်ရကြပြီ။ သို့ဖြစ်၍သင်တို့သည် ထာဝရဘုရား၏အစေခံမောရှေသတ် မှတ်ပေးခဲ့သောယော်ဒန်မြစ်အရှေ့ဘက် ရှိသင်တို့ပိုင်နယ်မြေသို့ပြန်ကြလော့။-
ယခုသင်တို့သည်ခေါင်းဆောင်ကိုရရှိကြ လေပြီ။ ငါမူကားအသက်အရွယ်အိုမင်း ၍ဆံပင်ဖြူလျက်ရှိ၏။ ငါ၏သားများ သည်လည်းသင်တို့နှင့်အတူရှိနေကြ၏။ ငါသည်အသက်ငယ်စဉ်မှအစပြု၍ သင်တို့အားဦးစီးခေါင်းဆောင်ပြုခဲ့၏။-