၁ ရာချုပ် 23:25 - Common Language Bible25 ဒါဝိဒ်က``ဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားသည် မိမိ လူမျိုးတော်အားငြိမ်းချမ်းသာယာမှုကို ပေးတော်မူ၍ မိမိကိုယ်တော်တိုင်ယေရု ရှလင်မြို့တွင်ထာဝစဉ်ကိန်းဝပ်တော်မူ လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible25 စာ ရင်း ဝင် ခြင်း ကား ဒါ ဝိဒ် မင်း က၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် အား ငြိမ်း ချမ်း ခွင့် ပေး တော် မူ လျက် ယေ ရု ရှ လင် မြို့ တွင် အ စဉ် စံ တော် မူ သော ကြောင့်၊ အခန်းကိုကြည့်ပါ။Judson Bible25 ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည် မိမိလူမျိုးအား ငြိမ်ဝပ်သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင်မြို့၌ အစဉ်နေတော်မူသောကြောင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ဒါဝိဒ်မင်းကြီးက “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်တို့အား အေးချမ်းသာယာစွာနေစေမည်။ ကိုယ်တော်သည်လည်း ဂျေရုဆလင်မြို့တွင် အစဉ်စံနေတော်မူမည်။ အခန်းကိုကြည့်ပါ။ |
``သို့ရာတွင် အို ဘုရားသခင်၊ ကိုယ်တော်သည်ကမ္ဘာ မြေကြီးပေါ်တွင် အကယ်ပင်စံနေတော်မူပါ မည်လော။ ကောင်းကင်ဘုံတစ်ခုလုံးပင်လျှင်ကိုယ် တော်စံတော်မူနိုင်လောက်အောင်မကျယ်ဝန်းပါ။ သို့ဖြစ်၍ကျွန်ုပ်တည်ဆောက်သည့်ဤဗိမာန်တော် သည် စံတော်မူရန်အတွက်မည်သို့ကျယ်ဝန်း နိုင်ပါမည်နည်း။-
မင်းကြီးက``သင်၏ဘုရားသခင်ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိနေတော်မူ လျက် သင်တို့အားအရပ်တကာတွင်ငြိမ်း ချမ်းသာယာမှုကိုပေးတော်မူပြီ။ ကိုယ်တော် သည်ယခင်ကဤပြည်တွင်နေထိုင်ကြသူ တို့အားငါ၏လက်သို့အပ်တော်မူ၍ ငါ သည်သူတို့အားထာဝရဘုရားနှင့် ကိုယ်တော်၏လူမျိုးတော်အတွက်နှိမ် နင်းခဲ့၏။-
ယောယဒသည်ယဇ်ပုရောဟိတ်များနှင့် လေဝိ အနွယ်ဝင်တို့အား ဗိမာန်တော်ဆိုင်ရာအမှု များကိုဆောင်ရွက်ရန်တာဝန်ပေးအပ်လေသည်။ သူတို့သည်ဒါဝိဒ်မင်းခွဲဝေသတ်မှတ်ပေးခဲ့ သည့် တာဝန်ဝတ္တရားများကိုဆောင်ရွက်၍ မောရှေ၏ပညတ်ကျမ်းအရမီးရှို့ရာယဇ် များကိုထာဝရဘုရားအားပူဇော်ကြ၏။ သူတို့သည်ဂီတသီဆိုတီးမှုတ်မှုများနှင့် ပွဲကျင်းပမှုများအတွက်လည်းတာဝန် ယူရကြမည်။-
ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။
ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့်မြို့ တော်ယေရုရှလင်သို့ပြန်လာမည်။ ထိုမြို့ တွင်ကျိန်းဝပ်တော်မူမည်။ ထိုမြို့သည်သစ္စာ ရှိသောမြို့ဟူ၍လည်းကောင်း၊ အနန္တတန်ခိုး ရှင်ထာဝရဘုရား၏တောင်တော်သည်သန့် ရှင်းမြင့်မြတ်သည့်တောင်ဟူ၍လည်းကောင်း နာမည်တွင်လိမ့်မည်။-''
ဘုရားသခင်၏ဗိမာန်တော်သည်ရုပ်တုများ နှင့်မည်သို့သဘောတူညီချက်ရှိနိုင်ပါအံ့ နည်း။ ငါတို့သည်အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ ``ငါသည်ငါ၏လူစုတော်တွင်ကျိန်းဝပ်မည်။ သူတို့ထံတွင်စံတော်မူမည်။ ငါသည်သူတို့၏ဘုရားဖြစ်၍သူတို့သည် လည်း ငါ၏လူစုတော်ဖြစ်လိမ့်မည်''