ယောရှု 21:44 - Common Language Bible44 ထာဝရဘုရားသည်သူတို့၏ဘိုးဘေးတို့အား ကတိထားတော်မူသည့်အတိုင်းတစ်ပြည်လုံး တွင်ငြိမ်းချမ်းသာယာမှုရှိလေ၏။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့အား ရန်သူရှိသမျှတို့ကိုတိုက်ခိုက်အောင်မြင် စေတော်မူ၏။ မည်သည့်ရန်သူကမျှသူတို့ ကိုမခုခံနိုင်။- အခန်းကိုကြည့်ပါ။Garrad Bible44 ဘိုး ဘေး တို့ အား သ စ္စာ ဆို တော် မူ သ မျှ အ လျောက် ထာ ဝ ရ ဘု ရား သည် ရန် သူ တစ် စုံ တစ် ယောက် မျှ သူ တို့ ရှေ့ မ ခံ ရပ် နိုင် စေ ရန် လက် တွင်း သို့ အ လုံး စုံ အပ် နှင်း တော် မူ၍ ပတ် ဝန်း ကျင် အ ရပ် ရပ်၌ ရန် ငြိမ်း ခွင့် ပေး တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible44 ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသမျှအတိုင်း၊ ပတ်ဝန်းကျင်အရပ်တို့၌ ငြိမ်ဝပ်ရာအခွင့်ကိုပေးတော်မူသဖြင့်၊ သူတို့ရှေ့မှာ အဘယ်ရန်သူမျှမရပ်နိုင်။ ရန်သူအပေါင်းတို့ကို သူတို့လက်သို့အပ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း44 ထာဝရဘုရားသည် သူတို့၏ဘိုးဘေးတို့အား ကျိန်ဆိုခဲ့သည့်အတိုင်း သူတို့နေလေရာရာ၌ အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကို ပေးတော်မူ၏။ သူတို့ရှေ့တွင် မည်သည့်ရန်သူမျှ မခံရပ်နိုင်။ ထာဝရဘုရားသည် သူတို့၏ရန်သူရှိသမျှကို သူတို့လက်သို့အပ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်အရှေ့ မနာရှေအနွယ်တို့သည် မိမိတို့နေရပ်သို့ ပြန်သွားကြ၏။ သူတို့သည်ခါနာန်ပြည်၊ ရှိလောမြို့တွင်ရှိသောကျန်အခြားဣသ ရေလအမျိုးသားတို့ထံမှထွက်ခွာ၍ မောရှေမှတစ်ဆင့်ထာဝရဘုရားပေး တော်မူသည့်အမိန့်အရ သူတို့သိမ်းပိုက် ပြီးသောဂိလဒ်ပြည်သို့ပြန်သွားကြ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောယော်ဒန်မြစ်အနောက်ဘက် ရှိပြည်ကိုသိမ်းပိုက်နိုင်သည်အထိ သူတို့ အားကူညီတိုက်ခိုက်ရမည်။ ဣသရေလအနွယ် တို့ငြိမ်းချမ်းစွာနေထိုင်ရသောအခါ၌ သင် တို့သည်ထာဝရဘုရား၏အစေခံမောရှေပေး သောယော်ဒန်မြစ်အရှေ့ဘက်ရှိပြည်သို့ပြန် နိုင်သည်'' ဟုဆို၏။
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ရန်သူများကိုအနိုင်ရစေ တော်မူ၏။ သူတို့သည်မြောက်ဘက်ဇိဒုန် မြို့နှင့်မိသရဖောသမိမ်မြို့များသို့ တိုင်အောင်လည်းကောင်း၊ အရှေ့ဘက်မိဇပါ ချိုင့်ဝှမ်းသို့တိုင်အောင်လည်းကောင်း ရန်သူ များကိုလိုက်လံတိုက်ခိုက်၍တစ်ယောက် မကျန်သတ်ဖြတ်သုတ်သင်ကြသည်။-