အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယော​ရှု 17:14 - Common Language Bible

ယော​သပ်​၏​အ​ဆက်​အ​နွယ်​ဝင်​တို့​က ယော​ရှု အား``ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​အား ကောင်း​ချီး​မင်္ဂလာ​ချ​ပေး​တော်​မူ​သ​ဖြင့် လူ ဦး​ရေ​အ​လွန်​များ​ပြား​လာ​ပါ​သည်။ ကိုယ် တော်​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား မြေ​ဝေ​စု​တစ်​စု​တည်း​ကို​သာ​ပေး​ပါ​သ နည်း'' ဟု​မေး​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ထို ကာ လ ယော ရှု ထံ ယော သပ် အ နွယ် သား တို့ က၊ ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော မင်္ဂ လာ ကြောင့် ကြီး ပွား သော အ နွယ် ဖြစ် သူ ကျွန် တော် တို့ အား မဲ ကျ ရာ တစ် နယ် တည်း ပေး သည် မှာ အ သို့ ကြောင့် နည်း ဟု မေး လျှောက် ကြ သော်၊

အခန်းကိုကြည့်ပါ။

Judson Bible

ယော​သပ်​အ​မျိုး​သား​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​သ​ဖြင့် အ​မျိုး​ကြီး​ဖြစ်၍၊ ကိုယ်​တော်​သည် တစ်​ဖို့​တစ်​ခ​ရိုင်​တည်း​ကို​သာ အ​ဘယ်​ကြောင့်​ပေး​ပါ​သ​နည်း​ဟု ယော​ရှု​အား​မေး​လျှောက်​ကြ​သော်၊

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်နေ့တွင် ယောသပ်​အမျိုးသား​တို့​က ယောရှု​အား “​အဘယ်ကြောင့် အကျွန်ုပ်​တို့​အား ဝေစု​တစ်စုတည်း​ကို​သာ မဲချ​ခွဲဝေ​ပေး​သနည်း​။ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​ကို ကောင်းချီးပေး​တော်မူ​သဖြင့် ယခု အကျွန်ုပ်​တို့​၏​လူ​ဦးရေ​တိုးပွား​နေ​ပြီ​”​ဟု လျှောက်ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။



ယော​ရှု 17:14
12 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​သူ​၏​အဖ​က​ငြင်း​ဆန်​၍``ငါ့​သား၊ အ​ဖ​သိ​ပါ​သည်။ မ​နာ​ရှေ​၏​အ​ဆက်​အ​နွယ် တို့​သည်​လည်း​လူ​မျိုး​ကြီး​ဖြစ်​လိမ့်​မည်။ သို့ သော်​လည်း​သူ့​ညီ​သည် သူ့​ထက်​သာ​၍​ကြီး မြတ်​မည်​ဖြစ်​၍ သူ​၏​အ​ဆက်​အ​နွယ်​တို့​သည် လူ​မျိုး​ကြီး​များ​ဖြစ်​လာ​လိမ့်​မည်'' ဟု​ဆို လေ​၏။


သို့​ဖြစ်​၍​ယာ​ကုပ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​သင်​တို့​၏​နာ​မည်​များ​ကို​အ​သုံး ပြု​လျက်​ကောင်း​ချီး​ပေး​ကြ​လိမ့်​မည်။ သူ​တို့ က`ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​တို့​ကဲ့​သို့​သင့်​ကို​ကြီး ပွား​စေ​ရန်​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​ပါ​စေ သော' ဟု​ဆို​ကြ​လိမ့်​မည်'' ဟူ​၍​ထို​နေ့​၌​သူ ငယ်​တို့​အား​ကောင်း​ချီး​ပေး​လေ​၏။ ဤ​နည်း အား​ဖြင့်​ယာ​ကုပ်​သည်​ဧ​ဖ​ရိမ်​၏​နာ​မည် ကို​မ​နာ​ရှေ​၏​နာ​မည်​ရှေ့​၌​ထား​သ​တည်း။


ငါ​သည်​ဋ္ဌား​နှင့်​လေး​လက်​နက်​တို့​ဖြင့်​အာ မော​ရိ​အ​မျိုး​သား​တို့​လက်​မှ​သိမ်း​ယူ​ရ​ရှိ သော​မြေ​သြ​ဇာ​ထက်​သန်​သည့် ရှေ​ခင်​နယ်​ကို သင်​၏​အစ်​ကို​တို့​အား​ငါ​မ​ပေး။ သင့်​အား သာ​ငါ​ပေး​၏'' ဟု​ဆို​လေ​၏။


သူ​တို့​သည်​ယော​သပ်​၏​သား​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​နှင့်​စုံ​ဖက်​ကြ​သ​ဖြင့် သူ​တို့​အ​မွေ​ခံ ရ​သော​မြေ​သည်​ဖ​ခင်​၏​အ​နွယ်​လက်​ဝယ် ဆက်​လက်​တည်​ရှိ​လေ​သည်။


ယော​သပ်​၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ သော​ဧ​ဖ​ရိမ်​အ​နွယ်​နှင့် အ​နောက်​မ​နာ​ရှေ အ​နွယ်​တို့​သည်​ဖော်​ပြ​ပါ​နယ်​မြေ​ကို အ​ပိုင်​ရ​ရှိ​ကြ​လေ​သည်။


ယော​ရှု​က``သင်​တို့​တွင်​လူ​ဦး​ရေ​တိုး​ပွား များ​ပြား​သ​ဖြင့် ဧ​ဖ​ရိမ်​အ​တွက်​ပေး​သော တောင်​ကုန်း​ဒေ​သ​သည်​ကျဉ်း​မြောင်း​လျှင် ဖေ​ရ​ဇိ​နှင့်​ရေ​ဖိမ်​အ​မျိုး​သား​များ​နေ ထိုင်​ရာ​အ​ရပ်​ရှိ​တော​များ​ကို​ခုတ်​ထွင်​၍ နေ​ထိုင်​ကြ​လော့'' ဟု​ပြန်​ဖြေ​၏။