Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 17:15 - Common Language Bible

15 ယော​ရှု​က``သင်​တို့​တွင်​လူ​ဦး​ရေ​တိုး​ပွား များ​ပြား​သ​ဖြင့် ဧ​ဖ​ရိမ်​အ​တွက်​ပေး​သော တောင်​ကုန်း​ဒေ​သ​သည်​ကျဉ်း​မြောင်း​လျှင် ဖေ​ရ​ဇိ​နှင့်​ရေ​ဖိမ်​အ​မျိုး​သား​များ​နေ ထိုင်​ရာ​အ​ရပ်​ရှိ​တော​များ​ကို​ခုတ်​ထွင်​၍ နေ​ထိုင်​ကြ​လော့'' ဟု​ပြန်​ဖြေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ယော ရှု က၊ ကြီး ပွား သော အ နွယ် ဖြစ် သူ သင် တို့၌ ဧ ဖ ရိမ် ခင် တန်း ကျဉ်း မြောင်း သည် ဖြစ် လျှင်၊ ဖေ ရ ဇိ၊ ရေ ဖိမ် လူ မျိုး တို့ ပိုင် ပြည် ရှိ တော အ ရပ် သို့ သွား၍ ခုတ် ထွင် ကြ လော့ ဟု မိန့် ဆို ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ယော​ရှု​က၊ သင်​တို့​သည်​အ​မျိုး​ကြီး​ဖြစ်၍ ဧ​ဖ​ရိမ်​တောင်​ကျဉ်း​မြောင်း​လျှင်၊ တော​အ​ရပ်​သို့​သွား၍ ဖေ​ရ​ဇိ​ပြည်၊ ရေ​ဖိမ်​ပြည်၌ ခုတ်​လှဲ​ကြ​လော့​ဟု ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ယောရှု​က​လည်း သူ​တို့​အား “​သင်​တို့​၏​လူဦးရေ​များပြား​သောကြောင့် ဧဖရိမ်​တောင်ပေါ်ဒေသ​သည် သင်​တို့​အဖို့ ကျဉ်းကျပ်​သည်​ဆိုလျှင် ဖေရဇိ​ပြည်​၊ ရေဖိမ်​ပြည်​ရှိ တော​များ​ကို ခုတ်ထွင်​ရှင်းလင်း​ကြ​လော့​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 17:15
12 ပူးပေါင်းရင်းမြစ်များ  

တစ်​ဆယ့်​လေး​နှစ်​သို့​ရောက်​လျှင်​ခေ​ဒေါ​ရ​လော​မာ ဘု​ရင်​သည် မ​ဟာ​မိတ်​တပ်​ဖွဲ့​တို့​နှင့်​အ​တူ​စစ်​ချီ လာ​၍ အာ​ရှ​တ​ရုတ်​ကာ​နိမ်​မြို့​တွင်​ရေ​ဖိမ်​အ​မျိုး သား​များ​ကို​လည်း​ကောင်း၊ ဟာ​မ​မြို့​တွင်​ဇူ​ဇိမ် အ​မျိုး​သား​များ​ကို​လည်း​ကောင်း၊ ကိ​ရ​ယ​သိမ် လွင်​ပြင်​တွင်​ဧ​မိမ်​အ​မျိုး​သား​များ​ကို​လည်း ကောင်း၊-


သို့​ဖြစ်​၍​အာ​ဗြံ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​များ​နှင့် လော​တ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​တို့​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​ကြ​လေ​သည်။ (ထို​အ​ချိန်​၌​ခါ​နာန်​အ​မျိုး​သား​နှင့်​ဖေ​ရ​ဇိ​အ​မျိုး​သား​တို့​သည်​လည်း ထို​ပြည်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​သေး​၏။)


သို့​ရာ​တွင်​သ​ခင်​အ​လို​ဆန္ဒ​ကို​မ​သိ​ဘဲ ကြိမ်​ဒဏ်​ထိုက်​သော​အ​မှု​ကို​ပြု​မိ​သော​သူ မူ​ကား အ​နည်း​ငယ်​သာ​ကြိမ်​ဒဏ်​ခံ​ရ​လတ္တံ့။ ကျေး​ဇူး​ပြု​ခြင်း​များ​စွာ​ခံ​ရ​သော​သူ​သည် တာ​ဝန်​များ​စွာ​ရှိ​လိမ့်​မည်။ ပို​၍​ယုံ​ကြည် အပ်​နှံ​ခြင်း​ခံ​ရ​သော​သူ​သည်​ပို​၍​ဆောင် ရွက်​စ​ရာ​ရှိ​လိမ့်​မည်။


ဤ​အ​မှု​ကိစ္စ​အ​ပေါင်း​ကို​ဆောင်​ရွက်​၍​ပြီး​သော အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့ တို့​သည် ငါ့​ထံ​သို့​လာ​၍``ပြည်​သူ​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​သည် မိ​မိ တို့​ပတ်​ဝန်း​ကျင်​တွင် ရှိ​သည့်​အမ္မုန်​ပြည်၊ မော​ဘ ပြည်၊ အီ​ဂျစ်​ပြည်​တို့​မှ​လူ​များ​နှင့်​လည်း​ကောင်း၊ ခါ​နာ​နိ၊ ဟိတ္တိ​အ​မျိုး​သား​များ၊ ဖေ​ရ​ဇိ​အ​မျိုး သား၊ ယေ​ဗု​သိ​အ​မျိုး​သား​များ၊ အာ​မော​ရိ အ​မျိုး​သား​များ​နှင့်​လည်း​ကောင်း ကင်း​ရှင်း စွာ​မ​နေ​ကြ။ သူ​တို့​သည်​ထို​သူ​တို့​ပြု​ကျင့် သည့် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သော​အ​မှု တို့​ကို​ပြု​ကျင့်​ကြ​ပါ​၏။-


ထို​နောက်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ် ချိုင့်​ဝှမ်း​သို့​ပြန်​လာ​ပြီး​လျှင်​ထို​အ​ရပ်​ကို သိမ်း​ပိုက်​ကြ​ပြန်​၏။-


ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း ကို​သိမ်း​ပိုက်​လိုက်​ကြ​၏။-


သင်​တို့​အား​လမ်း​ပြ​ရန်​ကောင်း​ကင်​တ​မန် ကို​ငါ​စေ​လွှတ်​မည်။ ခါ​နာန်​အ​မျိုး​သား၊ အာ မော​ရိ​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ အ​မျိုး​သား​တို့​ကို​ငါ​နှင်​ထုတ်​မည်။-


ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ရေ​ဖိမ် အ​မျိုး​သား၊-


ယော​သပ်​၏​အ​ဆက်​အ​နွယ်​ဝင်​တို့​က ယော​ရှု အား``ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​အား ကောင်း​ချီး​မင်္ဂလာ​ချ​ပေး​တော်​မူ​သ​ဖြင့် လူ ဦး​ရေ​အ​လွန်​များ​ပြား​လာ​ပါ​သည်။ ကိုယ် တော်​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား မြေ​ဝေ​စု​တစ်​စု​တည်း​ကို​သာ​ပေး​ပါ​သ နည်း'' ဟု​မေး​လျှောက်​ကြ​၏။


ထို​အ​ခါ​သူ​တို့​က``တောင်​ကုန်း​ဒေ​သ​သည် အ​ကျွန်ုပ်​တို့​နေ​ထိုင်​ရန်​အ​တွက်​ကျဉ်း​မြောင်း ပါ​သည်။ ဗက်​ရှန်​နှင့်​ပတ်​ဝန်း​ကျင်​မြို့​များ အ​နီး​ရှိ​မြေ​ပြန့်​၌​လည်း​ကောင်း၊ ယေ​ဇ​ရေ လ​ချိုင့်​ဝှမ်း​၌​လည်း​ကောင်း​နေ​ထိုင်​သော ခါ​နာန်​အ​မျိုး​သား​များ​တွင်​သံ​စစ်​ရ​ထား များ​ရှိ​ကြ​ပါ​သည်'' ဟု​လျှောက်​ဆို​ကြ​၏။


ဒါ​ဝိဒ်​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား စစ်​ဆင်​ရန်​မြို့​ပြင်​သို့​ထွက်​ခွာ ပြီး​လျှင်​ဧ​ဖ​ရိမ်​တော​၌​တိုက်​ပွဲ​ဝင်​ကြ​၏။-


အ​ခါ​တစ်​ပါး​က​မိက္ခာ​အ​မည်​ရှိ​သော​လူ တစ်​ယောက်​သည် ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ တွင်​နေ​ထိုင်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ