သို့သော်သူသည်မိမိနားနေရာသည် ကောင်းသည်ကိုလည်းကောင်း၊ နေထိုင်ရာပြည်သည်သာယာသည်ကို လည်းကောင်းမြင်၏။ ထို့ကြောင့်သူသည်ဝန်ကိုသယ်ပိုးရန်ခါး ကိုညွှတ်၍ ကျွန်အဖြစ်နှင့်အဋ္ဌမ္မခိုင်းစေခြင်းကိုခံရ၏။
ယောရှု 17:13 - Common Language Bible ဣသရေလအမျိုးသားတို့သည်အင်အား ကြီးလာသော်လည်း ခါနာန်အမျိုးသား အားလုံးတို့ကိုမနှင်ထုတ်ဘဲမိမိတို့ ထံ၌အစေခံစေကြ၏။ Garrad Bible နောက် ကာ လ ဣ သ ရေ လ အ မျိုး သား တို့ အင် အား တိုး တက် သော အ ခါ ထို သူ တို့ ကို မ နှင် ထုတ် ဘဲ လ မိုင်း သား ဖြစ် စေ ကြ၏။ Judson Bible ဣသရေလလူတို့သည် အားတိုးပွားသောအခါ၊ ထိုခါနနိလူတို့ကို အကုန်အစင်မနှင်ထုတ်ဘဲ အခွန်ပေးစေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့ အင်အားကြီးလာသောအခါတွင်လည်း ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ဘဲ အလုပ်ကြမ်းလုပ်စေ၏။ |
သို့သော်သူသည်မိမိနားနေရာသည် ကောင်းသည်ကိုလည်းကောင်း၊ နေထိုင်ရာပြည်သည်သာယာသည်ကို လည်းကောင်းမြင်၏။ ထို့ကြောင့်သူသည်ဝန်ကိုသယ်ပိုးရန်ခါး ကိုညွှတ်၍ ကျွန်အဖြစ်နှင့်အဋ္ဌမ္မခိုင်းစေခြင်းကိုခံရ၏။
ရှောလုမင်းဆက်ကိုထောက်ခံသူများနှင့် ဒါဝိဒ် ကိုထောက်ခံသူများသည် ကာလကြာမြင့်စွာ ဆက်လက်၍စစ်ဖြစ်ပွားလျက်နေ၏။ ဒါဝိဒ်သည် တဖြည်းဖြည်းအင်အားတိုးတက်လာ၍သူ၏ ရန်သူတို့မူကားအင်အားဆုတ်ယုတ်လာလေ သည်။
သင်တို့သည်သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ကြံ့ခိုင် ခြင်းရှိကြရန်ငါနောက်ဆုံးမှာကြားလို၏။-
ခရစ်တော်ထံမှရရှိသည့်စွမ်းရည်အားဖြင့် ငါသည်မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။
သို့ရာတွင်သူတို့သည်ဂေဇာမြို့တွင်နေထိုင် သောခါနာန်အမျိုးသားတို့ကိုမနှင်ထုတ် ဘဲ မိမိတို့ထံတွင်ကျွန်အဖြစ်ဖြင့်နေထိုင် စေကြသည်။
သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။
ဣသရေလအမျိုးသားတို့သည်ပို၍အင်အား တောင့်တင်းလာသောအခါ ခါနာန်အမျိုးသား တို့အားချွေးတပ်ဆွဲကြ၏။ သို့ရာတွင်သူတို့ အားနှင်ထုတ်ခြင်းကိုမူမပြုကြ။
ဇေဗုလုန်အနွယ်ဝင်တို့ကလည်း ကိတရုန် မြို့နှင့်နဟာလောလမြို့တို့တွင်နေထိုင်သူ တို့အားနှင်မထုတ်ဘဲနေကြသဖြင့် ခါနာန် အမျိုးသားတို့သည်သူတို့နှင့်အတူဆက် လက်နေလျက်သူတို့၏ချွေးတပ်ဆွဲခြင်း ကိုခံရကြ၏။
နဿလိအနွယ်ဝင်တို့သည်ဗက်ရှေမက်မြို့၊ ဗေသနတ်မြို့တို့တွင်နေထိုင်သူတို့အားနှင် မထုတ်ကြဘဲ ဒေသခံခါနာန်အမျိုးသား တို့နှင့်အတူနေထိုင်ကြကာသူတို့အား ချွေးတပ်ဆွဲကြလေသည်။
အာမောရိအမျိုးသားတို့သည်အာဇလုန်မြို့၊ ရှာလဗိမ်မြို့နှင့်ဟေရက်တောင်စခန်းမြို့တို့ တွင်ဆက်လက်နေထိုင်ကြ၏။ သို့ရာတွင်ဧဖရိမ် အနွယ်ဝင်နှင့်မနာရှေအနွယ်ဝင်တို့သည်သူ တို့အားဆက်လက်အုပ်စိုး၍ချွေးတပ်ဆွဲကြ လေသည်။