ကမ္ဘာဦး 49:15 - Common Language Bible15 သို့သော်သူသည်မိမိနားနေရာသည် ကောင်းသည်ကိုလည်းကောင်း၊ နေထိုင်ရာပြည်သည်သာယာသည်ကို လည်းကောင်းမြင်၏။ ထို့ကြောင့်သူသည်ဝန်ကိုသယ်ပိုးရန်ခါး ကိုညွှတ်၍ ကျွန်အဖြစ်နှင့်အဋ္ဌမ္မခိုင်းစေခြင်းကိုခံရ၏။ အခန်းကိုကြည့်ပါ။Garrad Bible15 နား နေ ရာ ကောင်း သည် ကို လည်း ကောင်း၊ မြေ သာ ယာ သည် ကို လည်း ကောင်း မြင် ၍ ကျောက် ကုန်း ကို ဝန် အောက်၌ ညွတ် ခံ လျက် လ မိုင်း အ မှု ထမ်း ဖြစ် လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible15 ငြိမ်ဝပ်ရာအရပ်ကောင်း၍ မြေသာယာသည်ကိုမြင်သဖြင့်၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကိုတင်ထမ်း၍၊ အခွန်ပေးသောကျွန်ဖြစ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 နားနေရာအရပ်သည် အလွန်ကောင်းပြီး ပြည်သည် အလွန်သာယာသည်ကို သူမြင်၏။ ထို့ကြောင့် ဝန်ကိုထမ်းရန်မိမိပခုံးကိုညွှတ်၍ သူသည် အခွန်ဆက်သောကျွန်ဖြစ်လာ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က``အချင်းလူသား၊ ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာသည်တုရုမြို့ကို တိုက်ခိုက်ခဲ့၏။ သူသည်မိမိ၏စစ်သူရဲ တို့အားအလွန်လေးလံသောဝန်တို့ကို ထမ်းစေသည်ဖြစ်၍ သူတို့၏ခေါင်းပြောင် ၍ပခုံးများသည်လည်းပေါက်ပြဲကုန်၏။ ယင်းသို့ဒုက္ခခံသော်လည်းစစ်သူရဲနှင့် ဘုရင်သည်အဘယ်အကျိုးကိုမျှ မခံစားရကြ။-