Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 1:35 - Common Language Bible

35 အာ​မော​ရိ​အ​မျိုး​သား​တို့​သည်​အာ​ဇ​လုန်​မြို့၊ ရှာ​လ​ဗိမ်​မြို့​နှင့်​ဟေ​ရက်​တောင်​စ​ခန်း​မြို့​တို့ တွင်​ဆက်​လက်​နေ​ထိုင်​ကြ​၏။ သို့​ရာ​တွင်​ဧ​ဖ​ရိမ် အ​နွယ်​ဝင်​နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​သူ တို့​အား​ဆက်​လက်​အုပ်​စိုး​၍​ချွေး​တပ်​ဆွဲ​ကြ လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 ထို အာ မော ရိ လူ မျိုး သည် ဟေ ရက် တောင် မှ စ၍၊ အာ ယ လုန် မြို့ နှင့်၊ ရှာ လ ဗိမ် မြို့ များ တွင် အ တင်း နေ သေး ရာ ယော သပ် အ နွယ် သား တို့ လက် ရုံး ရည် တိုး တက် သော အ ခါ လ မိုင်း အ မှု ကို ထမ်း ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 အာ​မော​ရိ​လူ​တို့​သည် ဟေ​ရက်​တောင်​ပေါ်​မြို့၊ အာ​ဇ​လုန်​မြို့၊ ရှာ​လ​ဗိမ်​မြို့၌ အ​နိုင်​နေ​ကြ၏။ သို့​ရာ​တွင် ယော​သပ်​အ​မျိုး​သား​တို့​သည် အား​ကြီး​သ​ဖြင့် အာ​မော​ရိ​လူ​တို့​သည် အ​ခွန်​ပေး​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 အာမောရိ​လူမျိုး​တို့​သည် အာယလုန်​မြို့​၊ ရှာလဗိမ်​မြို့​နှင့် ဟေရက်​တောင်​ပေါ်​တို့​တွင် အတင်း​နေထိုင်​ကြ​၏​။ ယောသပ်​အမျိုးအနွယ် အင်အား​ကြီး​လာ​သောအခါ အာမောရိ​လူမျိုး​တို့​ကို အခွန်ဆက်​စေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 1:35
8 ပူးပေါင်းရင်းမြစ်များ  

ဗင်​ဒေ​ကာ၊မာ​ကတ်​မြို့၊ရှာ​လ​ဗိမ်​မြို့၊ဗက်​ရှေ​မက်​မြို့၊ ဧ​လုဒ်​မြို့​နှင့်​ဗက်​ဟ​နန်​မြို့၊


အာ​မော​ရိ​တပ်​သား​များ​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​လက်​သို့ ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ​သော​နေ့​၌​ယော​ရှု​က၊ ``အ​သင်​နေ​မင်း၊ဂိ​ဗောင်​မြို့​ပေါ်​တွင်​ရပ် တန့်​၍​နေ​လော့။ အ​သင်​လ​မင်း၊အာ​ဂ​လုန်​မြို့​ချိုင့်​ဝှမ်း​တွင် ရပ်​တန့်​၍​နေ​လော့'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​၌​မြွက်​ဆို​၏။


ရှာ​လဗ္ဗိန်​မြို့၊ အာ​ယ​လုန်​မြို့၊ ယေ​သ​လ​မြို့၊-


ဧ​လုန်​မြို့၊ သိ​မ​နာ​သ​မြို့၊ ဧ​ကြုန်​မြို့၊


အာ​မော​ရိ​အ​မျိုး​သား​တို့​သည်​ဒန်​အ​နွယ်​ဝင် တို့​အား တောင်​ကုန်း​ဒေ​သ​သို့​နှင်​ထုတ်​လိုက်​ကြ ပြီး​လျှင်​ချိုင့်​ဝှမ်း​ဒေ​သ​သို့​ပြန်​လာ​ခွင့်​မ​ပြု ကြ။-


သေ​လ​မြို့​၏​မြောက်​ဘက်​တွင်​ဧ​ဒုံ​ပြည်​နယ် နိ​မိတ်​သည် အ​က​ရဗ္ဗိမ်​တောင်​ကြား​လမ်း​ကို ဖြတ်​၍​သွား​သ​တည်း။


ထို​နောက်​သူ​သည်​ကွယ်​လွန်​သော်​သူ​၏​ရုပ် အ​လောင်း​ကို ဇာ​ဗု​လုန်​နယ်​မြေ​ရှိ​အာ​ဇ​လုန် မြို့​၌​သင်္ဂြိုဟ်​ကြ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ