ယောရှု 17:14 - Common Language Bible14 ယောသပ်၏အဆက်အနွယ်ဝင်တို့က ယောရှု အား``ထာဝရဘုရားသည်အကျွန်ုပ်တို့အား ကောင်းချီးမင်္ဂလာချပေးတော်မူသဖြင့် လူ ဦးရေအလွန်များပြားလာပါသည်။ ကိုယ် တော်သည်အဘယ်ကြောင့်အကျွန်ုပ်တို့အား မြေဝေစုတစ်စုတည်းကိုသာပေးပါသ နည်း'' ဟုမေးလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ထို ကာ လ ယော ရှု ထံ ယော သပ် အ နွယ် သား တို့ က၊ ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော မင်္ဂ လာ ကြောင့် ကြီး ပွား သော အ နွယ် ဖြစ် သူ ကျွန် တော် တို့ အား မဲ ကျ ရာ တစ် နယ် တည်း ပေး သည် မှာ အ သို့ ကြောင့် နည်း ဟု မေး လျှောက် ကြ သော်၊ အခန်းကိုကြည့်ပါ။Judson Bible14 ယောသပ်အမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် ထာဝရဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကိုခံရသဖြင့် အမျိုးကြီးဖြစ်၍၊ ကိုယ်တော်သည် တစ်ဖို့တစ်ခရိုင်တည်းကိုသာ အဘယ်ကြောင့်ပေးပါသနည်းဟု ယောရှုအားမေးလျှောက်ကြသော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 တစ်နေ့တွင် ယောသပ်အမျိုးသားတို့က ယောရှုအား “အဘယ်ကြောင့် အကျွန်ုပ်တို့အား ဝေစုတစ်စုတည်းကိုသာ မဲချခွဲဝေပေးသနည်း။ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကောင်းချီးပေးတော်မူသဖြင့် ယခု အကျွန်ုပ်တို့၏လူဦးရေတိုးပွားနေပြီ”ဟု လျှောက်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ယာကုပ်က``ဣသရေလအမျိုးသား တို့သည်သင်တို့၏နာမည်များကိုအသုံး ပြုလျက်ကောင်းချီးပေးကြလိမ့်မည်။ သူတို့ က`ဧဖရိမ်နှင့်မနာရှေတို့ကဲ့သို့သင့်ကိုကြီး ပွားစေရန်ဘုရားသခင်ကူမတော်မူပါစေ သော' ဟုဆိုကြလိမ့်မည်'' ဟူ၍ထိုနေ့၌သူ ငယ်တို့အားကောင်းချီးပေးလေ၏။ ဤနည်း အားဖြင့်ယာကုပ်သည်ဧဖရိမ်၏နာမည် ကိုမနာရှေ၏နာမည်ရှေ့၌ထားသတည်း။