ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ သဖြင့်သူသည်ကြံစည်လုပ်ကိုင်တိုင်းအောင် မြင်၏။ သူသည်သူ၏သခင်အီဂျစ်အမျိုး သား၏အိမ်တွင်နေထိုင်လေသည်။-
ယောရှု 1:5 - Common Language Bible ယောရှု၊ သင်အသက်ရှင်သမျှကာလပတ်လုံး မည်သူမျှသင့်အားခုခံနိုင်လိမ့်မည်မဟုတ်။ ငါသည်မောရှေနှင့်အတူရှိတော်မူသည့်နည်း တူပင် သင်နှင့်လည်းအတူရှိမည်။ သင့်ကိုမည် သည့်အခါမျှစွန့်ပစ်ထားမည်မဟုတ်။ သင် နှင့်အတူအစဉ်ရှိတော်မူမည်။- Garrad Bible သင့် အ သက် တာ ကာ လ ပတ် လုံး၊ မည် သူ မျှ သင့် ရှေ့၌ မ ခံ ရပ် နိုင် ရာ။ ငါ သည် မော ရှေ နှင့် အ တူ ရှိ သ ကဲ့ သို့ သင် နှင့် အ တူ ရှိ လ တ္တံ့။ မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ်။ Judson Bible သင့်အသက်တည်သည်ကာလပတ်လုံး သင့်ရှေ့မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိသကဲ့သို့ သင်နှင့် အတူငါရှိလိမ့်မည်။ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုပစ်၍မထား။ မြန်မာ့စံမီသမ္မာကျမ်း သင်အသက်ရှင်သမျှကာလပတ်လုံး သင့်ရှေ့၌ မည်သူမျှခုခံရပ်တည်နိုင်မည်မဟုတ်။ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိမည်။ သင့်ကိုငါပစ်ထားမည်မဟုတ်၊ စွန့်ပစ်မည်မဟုတ်။ |
ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ သဖြင့်သူသည်ကြံစည်လုပ်ကိုင်တိုင်းအောင် မြင်၏။ သူသည်သူ၏သခင်အီဂျစ်အမျိုး သား၏အိမ်တွင်နေထိုင်လေသည်။-
ထာဝရဘုရားသည်အရှင်မင်းကြီးနှင့် အတူရှိတော်မူခဲ့သည်နည်းတူ ရှောလမုန် နှင့်လည်းအတူရှိတော်မူ၍ သူနန်းစံချိန်၌ အရှင်နန်းစံတော်မူချိန်မှာထက်ပင်ပို၍ ပြည်တော်သာယာဝပြောပါစေသော'' ဟု ပြန်လည်လျှောက်ထား၏။
အကယ်၍သင်သည်ငါ၏စကားကိုအကြွင်းမဲ့ နားထောင်ကာငါ့ပညတ်တော်တို့ကိုကျင့်သုံး ပြီးလျှင် ငါ၏အစေခံဒါဝိဒ်နည်းတူငါ့အမိန့် တို့ကိုနာခံခြင်းအားဖြင့် ငါနှစ်သက်မြတ်နိုး အောင်ပြုလျှင်သင်နှင့်အတူအစဉ်အမြဲငါ ရှိမည်။ သင့်အားဣသရေလဘုရင်အဖြစ်ခန့် ထားပြီးလျှင် ဒါဝိဒ်၏သားမြေးများအတွက် ငါပြုသကဲ့သို့သင်၏သားမြေးတို့ကိုလည်း သင့်နောက်၌ဧကန်အမှန်ဆက်လက်နန်းစံ စေမည်။-
သင်ဆောက်လုပ်လျက်ရှိသည့်ဗိမာန်တော်တွင် ငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့၏အလယ်တွင်ငါကျိန်းဝပ်မည်'' ဟု မိန့်တော်မူ၏။
အကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားသည် ဘိုးဘေးများနှင့်အတူနေတော်မူခဲ့သည့်နည်း တူ အကျွန်ုပ်အားအဘယ်အခါ၌မျှမစွန့် မခွာဘဲအကျွန်ုပ်တို့နှင့်အတူရှိတော်မူ ပါစေသော။-
ဒါဝိဒ်မင်းသည်သားတော်ရှောလမုန်အား``သင် သည်တည်ကြည်ခိုင်ခန့်၍ဇွဲသတ္တိရှိလော့။ အလုပ် ကိုအစပြုလော့။ အဘယ်အရာမျှသင့်အား မဆီးမတားစေနှင့်။ ငါကိုးကွယ်သောဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ တော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုစွန့်ပစ် တော်မူလိမ့်မည်မဟုတ်။ ဗိမာန်တော်အတွက် လိုအပ်သမျှသောအမှုကိစ္စများပြီးဆုံး သည်တိုင်အောင် သင်နှင့်အတူရှိတော်မူလိမ့် မည်။-
အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
ဘုရားသခင်က``ငါသည်သင်နှင့်အတူရှိ မည်။ ငါသည်သင့်အားစေလွှတ်ကြောင်းသက် သေအထောက်အထားမှာ၊ သင်သည်ထိုသူ တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသည့် အခါ သင်တို့အပေါင်းသည်ဤတောင်ပေါ် တွင်ငါဘုရားအားဝတ်ပြုကိုးကွယ်ရကြ မည်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
``ငါသည်မိမိ၏မျက်မမြင်လူစုအား သူတို့မသွားဘူးသောလမ်းခရီးဖြင့် ခေါ်ဆောင်သွားမည်။ ငါသည်သူတို့၏ရှေ့တွင်အမှောင်ကိုအလင်း ဖြစ်စေ၍၊ ကြမ်းတမ်းသောခရီးကိုချောမောသွားစေမည်။ ဤအမှုအရာကိုငါပြုမည်။ မပြုဘဲ နေလိမ့်မည်မဟုတ်။
ငါသည်သင်နှင့်အတူရှိ၍သင့်အားကွယ် ကာတော်မူမည်။ သို့ဖြစ်၍သင်သည်ထိုသူ တို့ကိုမကြောက်နှင့်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု ငါ့ကိုမိန့်တော်မူ၏။
ချင်းနင်းဝင်ရောက်လာသည့်ဆီးရီးယားဘုရင် သည်ခုခံမှုကိုမခံရဘဲ ထိုသူတို့အားမိမိ အလိုရှိသည်အတိုင်းပြုနိုင်လိမ့်မည်။ သူသည် ကတိထားတော်မူသောပြည်တော်သို့ဝင်၍ မိမိ၏လက်တွင်းသို့အပြီးတိုင်ကျရောက် စေလိမ့်မည်။
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
အထက်ပါအချက်များကိုထောက်၍မည်သို့ ဆိုရအံ့နည်း။ ဘုရားသခင်သည်ငါတို့ဘက် ၌ရှိတော်မူလျှင်အဘယ်သူမျှငါတို့အား ဆန့်ကျင်နိုင်မည်မဟုတ်။-
မကွဲမကွာစေသည်သာမကငါတို့သည်ထို အတွေ့အကြုံခပ်သိမ်းတို့နှင့်ဆိုင်ရာတွင် ငါ တို့ကိုချစ်တော်မူသောအရှင်အားဖြင့်အထူး အောင်မြင်လျက်ရှိကြ၏။-
``သင်တို့သည်ရန်သူကိုချီတက်တိုက်ခိုက် ရာ၌ သင်တို့ထက်အင်အားကြီးမားသော ရထားတပ်၊ မြင်းတပ်နှင့်ခြေလျင်တပ်တို့ နှင့်ရင်ဆိုင်ရသောအခါမကြောက်ကြနှင့်။ သင်တို့ကိုအီဂျစ်ပြည်မှကယ်တင်ခဲ့သော ဘုရားသခင်ထာဝရဘုရားသည်သင် တို့နှင့်အတူရှိတော်မူလိမ့်မည်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူချီတက်တော်မူမည်ဖြစ်၍ သင်တို့အားအောင်ပွဲကိုခံစေတော်မူလိမ့်မည်' ဟုတပ်သားတို့ကိုအားပေးနှိုးဆော်ရမည်။
ထို့နောက်ထာဝရဘုရားသည်နုန်၏သားယောရှု အား``အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည် ဣသရေလအမျိုးသားတို့ကိုခေါင်းဆောင်လျက် ငါကတိထားသောပြည်သို့ဝင်ရောက်ရမည်။ ငါသည်သင်နှင့်အတူရှိမည်'' ဟုမိန့်တော် မူ၏။
ထာဝရဘုရားသည် သနားကြင်နာတတ် သောဘုရားဖြစ်၏။ သင်တို့ကိုစွန့်ပစ်ဖျက် ဆီးတော်မူမည်မဟုတ်။ သင်တို့၏ဘိုးဘေး တို့နှင့်ကိုယ်တော်တိုင်ပြုတော်မူသောပဋိ ညာဉ်ကိုလည်းမေ့တော်မူမည်မဟုတ်။''
ကိုယ်တော်သည်သူတို့၏ဘုရင်များကိုသင်တို့ ၏လက်သို့အပ်မည်။ သင်တို့သည်ထိုဘုရင်များ ကိုသုတ်သင်ပယ်ရှင်းသဖြင့် သူတို့အကြောင်းကို လူတို့သတိရကြတော့မည်မဟုတ်။ မည်သည့် ရန်သူကမျှသင်တို့ကိုမခုခံနိုင်။ သင်တို့ သည်ရန်သူအားလုံးကိုချေမှုန်းလိမ့်မည်။-
သခင်ဘုရားသည်ငါနှင့်အတူရှိတော်မူ၍ငါ့ကို ခွန်အားပေးတော်မူသဖြင့် ငါသည်လူမျိုးခြား အပေါင်းတို့အားတရားတော်ကိုအကုန်အစင် ဟောပြောနိုင်၏။ ကိုယ်တော်ကယ်တော်မူသဖြင့် ငါသည်သေဒဏ်ခံရခြင်းမှကင်းလွတ်ခွင့်ကို လည်းရရှိ၏။-
သင်တို့သည်ငွေအတွက်အသက်မရှင်နှင့်။ ရှိသမျှဖြင့်ရောင့်ရဲလော့။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်က``ငါသည်သင့်ကို အဘယ်အခါ၌မျှမစွန့်၊ အဘယ်အခါ ၌မျှပစ်၍မထား'' ဟုမိန့်တော်မူသော ကြောင့်ဖြစ်၏။-
မောရှေ၏စကားကိုနားထောင်သကဲ့သို့ ကိုယ်တော်၏စကားကိုနားထောင်ပါမည်။ ထာဝရအရှင်ဘုရားသခင်သည်မောရှေ နှင့်အတူရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။-
သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်ယောရှုအား``သူတို့ကို မကြောက်နှင့်။ ငါသည်သူတို့ကိုသင့်လက်သို့ အပ်ပြီ။ မည်သူမျှသင့်ကိုမခုခံနိုင်'' ဟူ၍ မိန့်တော်မူ၏။-
ထာဝရဘုရားသည်သူတို့၏ဘိုးဘေးတို့အား ကတိထားတော်မူသည့်အတိုင်းတစ်ပြည်လုံး တွင်ငြိမ်းချမ်းသာယာမှုရှိလေ၏။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့အား ရန်သူရှိသမျှတို့ကိုတိုက်ခိုက်အောင်မြင် စေတော်မူ၏။ မည်သည့်ရန်သူကမျှသူတို့ ကိုမခုခံနိုင်။-
ထာဝရဘုရားသည်ယောရှုအား``ဣသရေလ အမျိုးသားတို့ရှေ့တွင် ယနေ့မှစ၍သင့်အား ငါချီးမြှောက်မည်။ ငါသည်မောရှေနှင့်အတူ ရှိသကဲ့သို့သင်နှင့်အတူရှိကြောင်းသူတို့ သိရကြလိမ့်မည်။-
ထာဝရဘုရားသည်ယောရှုနှင့်အတူရှိ တော်မူ၍သူ၏နာမည်သည်တစ်ပြည်လုံး တွင်ထင်ရှားကျော်စောလေ၏။
ထာဝရဘုရားသည်ဣသရေလအမျိုး သားခေါင်းဆောင်တစ်ဦးကိုပေါ်ထွန်းစေသည့် အခါတိုင်း ထိုသူအသက်ရှင်သမျှကာလ ပတ်လုံးသူ့ကိုကူမတော်မူ၍ သူတို့ကိုရန် သူတို့လက်မှကယ်ဆယ်တော်မူသည်။ သူတို့ သည်ဆင်းရဲဒုက္ခနှင့်ညှင်းပန်းနှိပ်စက်ခြင်း ကိုခံရ၍ညည်းညူကြသောအခါထာဝရ ဘုရားသည်သူတို့အားကရုဏာတော်ကို ပြတော်မူပေသည်။-
ထာဝရဘုရားက``ငါသည်သင့်ကိုကူမမည် ဖြစ်၍ ထိုအမှုကိုသင်ပြုနိုင်လိမ့်မည်။ သင်သည် လူတစ်ယောက်တည်းကိုလုပ်ကြံရဘိသကဲ့ သို့ မိဒျန်အမျိုးသားများအားအလွယ် တကူနှိမ်နင်းနိုင်လိမ့်မည်'' ဟုမိန့်တော် မူ၏။
ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင့်အားဘုရားသခင်လမ်းပြတော်မူသည့် အတိုင်းပြုလော့။-