၁ ရာချုပ် 28:20 - Common Language Bible20 ဒါဝိဒ်မင်းသည်သားတော်ရှောလမုန်အား``သင် သည်တည်ကြည်ခိုင်ခန့်၍ဇွဲသတ္တိရှိလော့။ အလုပ် ကိုအစပြုလော့။ အဘယ်အရာမျှသင့်အား မဆီးမတားစေနှင့်။ ငါကိုးကွယ်သောဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ တော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုစွန့်ပစ် တော်မူလိမ့်မည်မဟုတ်။ ဗိမာန်တော်အတွက် လိုအပ်သမျှသောအမှုကိစ္စများပြီးဆုံး သည်တိုင်အောင် သင်နှင့်အတူရှိတော်မူလိမ့် မည်။- အခန်းကိုကြည့်ပါ။Garrad Bible20 သား တော် ရှော လ မုန် အား ဒါ ဝိဒ် မင်း မိန့် ပြန် သည် မှာ ကြောက် ရွံ့ တုန် လှုပ် ခြင်း ကင်း လျက် အား ယူ ၍ ရဲ ရင့် စွာ တည် ဆောက် လော့။ ထာ ဝ ရ ဘု ရား သ ခင် တည်း ဟူ သော ငါ့ ဘု ရား သ ခင် ပင် သင် နှင့် အ တူ ရှိ တော် မူ ပြီ။ ဗိမာန် တော် လုပ် ကိုင် မှု အ ဆုံး မ သတ် မ ချင်း စွန့် ခွာ တော် မူ မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible20 သားတော်ရှောလမုန်အားလည်း၊ သင်သည် အားယူ၍ ရဲရင့်သောစိတ်နှင့် လုပ်ဆောင်လော့။ မစိုးရိမ်နှင့်။ စိတ်မပျက်နှင့်။ ငါ၏ ဘုရားသခင် ထာဝရအရှင်ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်မှုကို ဆောင်ရွက်ရာဖို့ လုပ်ဆောင်၍ လက်စမသတ်မီတိုင်အောင် သင့်ကို စွန့်တော်မမူ။ ပစ်ထားတော်မမူ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ထို့နောက် ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “အားယူ၍ရဲရင့်စွာ လုပ်ဆောင်လော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ ငါကိုးကွယ်သောဘုရားသခင်၊ ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ ထာဝရဘုရား၏အိမ်တော် ဆောက်လုပ်ခြင်းအမှုအလုံးစုံကို ပြီးစီးသည့်တိုင်အောင် သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ သင့်ကို ပစ်ပယ်တော်မူမည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ဘာသာရေးအမှုအခင်းရှိသမျှတွင်ယဇ်ပုရော ဟိတ်မင်းအာမရိသည်လည်းကောင်း၊ တရားအမှု မှန်သမျှတွင် ဣရှမေလ၏သား၊ ယုဒဘုရင်ခံ ဇေဗဒိသည်လည်းကောင်းနောက်ဆုံးအာဏာပိုင် ဖြစ်စေရမည်။ တရားရုံးများမှချမှတ်သည့် စီရင်ချက်များကိုအရေးယူဆောင်ရွက်ရန်မှာ လေဝိအနွယ်ဝင်တို့၏တာဝန်ဖြစ်၏။ သင်တို့ သည်ဤညွှန်ကြားချက်များကိုရဲရင့်စွာ ဆောင်ရွက်ကြလော့။ ထာဝရဘုရားသည် ဖြောင့်မှန်သူတို့ဘက်၌ရှိတော်မူပါစေသော'' ဟုမိန့်တော်မူ၏။