စာရာကလည်း``ဘုရားသခင်သည်ငါ့အားရယ် စေတော်မူပြီ။ ဤသတင်းကိုကြားရသောသူ တိုင်းငါနှင့်အတူရယ်လိမ့်မည်'' ဟုဆိုလေ၏။-
ယောဘဝတ္တု။ 8:21 - Common Language Bible ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက် ရသောအခွင့်ကို သင်၌ပေးကောင်းပေးတော်မူမည်။ Garrad Bible သင်၏ ခံ တွင်း ကို ရယ် မော ခြင်း နှင့်လည်း ကောင်း၊ နှုတ် ခမ်း ကို ကြွေး ကြော် ခြင်း နှင့်လည်း ကောင်း၊ ပြည့် ဝ စေ တော် မူ ဦး မည်။ Judson Bible ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက်ရသောအခွင့်ကို သင်၌ ပေးကောင်းပေးတော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း သင့်နှုတ်ကို ရယ်မောခြင်းဖြင့်လည်းကောင်း၊ သင့်နှုတ်ခမ်းကို ဝမ်းမြောက်စွာကြွေးကြော်ခြင်းဖြင့်လည်းကောင်း ပြည့်ဝစေတော်မူမည်။ |
စာရာကလည်း``ဘုရားသခင်သည်ငါ့အားရယ် စေတော်မူပြီ။ ဤသတင်းကိုကြားရသောသူ တိုင်းငါနှင့်အတူရယ်လိမ့်မည်'' ဟုဆိုလေ၏။-
ထိုနေ့၌ယဇ်အမြောက်အမြားကိုပူဇော်ကြ၏။ ဝမ်းမြောက်ရွှင်လန်းခွင့်ကိုဘုရားသခင်ပေးတော်မူသောကြောင့်လူတို့သည်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့နှင့်အတူအမျိုးသမီးများနှင့်ကလေးများသည်လည်းပါဝင်ဆင်နွှဲကြသည်ဖြစ်၍ သူတို့၏ရွှင်လန်းဝမ်းမြောက်သံကိုအဝေးကပင်ကြားနိုင်လေသည်။
သို့သော်လည်းငါ့ကို ဖန်ဆင်းတော်မူထသော၊ ညဉ့်အချိန်၌ သီချင်းဆိုရသောအခွင့်ကို ပေးတော်မူထ သော၊
အို ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ သီချင်းဆိုလျက်ထာဝရဘုရား၏ဂုဏ်တော် ကို ချီးမွမ်းကြလော့။
ငါတို့အားဇိအုန်မြို့သို့ ထာဝရဘုရားပြန်လည်ခေါ်ဆောင်သည်မှာ အိပ်မက်ကဲ့သို့ဖြစ်ပါ၏။
ငါတို့သည်များစွာရယ်မောကြရလျက် ပျော်ရွှင်စွာသီချင်းဆိုကြရ၏။ ထိုအခါအခြားလူမျိုးတို့က ``ထာဝရဘုရားသည်ဤသူတို့အတွက် ကြီးမြတ်သောအမှုတို့ကိုပြုတော်မူပါသည် တကား'' ဟုဆိုကြ၏။
မျက်ရည်ကျလျက်မျိုးစေ့များကို ယူဆောင်သွားကြသူတို့သည် သီးနှံများကိုသယ်ဆောင်ကာဝမ်းမြောက်စွာ သီချင်းဆို၍ပြန်လာကြလိမ့်မည်။
အို သူတော်ကောင်းအပေါင်းတို့၊ ထာဝရဘုရားပြုတော်မူသောအမှုတော် အတွက် ဝမ်းမြောက်ရွှင်မြူးကြလော့။ ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။
ကမ္ဘာမြေကြီးသားအပေါင်းတို့၊ဝမ်းမြောက်စွာ သီချင်းဆို၍ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ သီချင်းများကိုဆို၍ဝမ်းမြောက်စွာကြွေး ကြော်လျက် ကိုယ်တော်အားထောမနာပြုကြလော့။
``ယခုအခါဆာငတ်နေသူတို့၊သင်တို့သည် မင်္ဂလာရှိကြ၏။ သင်တို့ဝပြောရမည့်အချိန်ရောက်လိမ့်မည်။ ``ငိုကြွေးနေကြသူတို့၊သင်တို့သည်မင်္ဂလာရှိကြ၏။ သင်တို့ရယ်မောရမည့်အချိန်ရောက်လိမ့်မည်။