ယောဘဝတ္တု။ 35:10 - Common Language Bible10 သို့သော်လည်းငါ့ကို ဖန်ဆင်းတော်မူထသော၊ ညဉ့်အချိန်၌ သီချင်းဆိုရသောအခွင့်ကို ပေးတော်မူထ သော၊ အခန်းကိုကြည့်ပါ။Garrad Bible10-11 မည် သူ က မျှ၊ ငါ တို့ ကို ဖန် ဆင်း လျက်၊ မြေ သ တ္တ ဝါ လေ သ တ္တ ဝါ များ ထက်၊ ငါ တို့ အား သွန် သင်၍၊ ဉာဏ် ကို ပေး သ နား သည့် ပြင်၊ ညဉ့် အ ခါ ဥ ဒါန်း ကျူး ရင့် စေ တော် မူ သော ဘု ရား သ ခင် သည်၊ အ ဘယ် မှာ ရှိ တော် မူ သ နည်း ဟု မေး လေ့ မ ရှိ ချေ။ အခန်းကိုကြည့်ပါ။Judson Bible10 သို့သော်လည်း ငါ့ကိုဖန်ဆင်းတော်မူထသော၊ ညအချိန်၌ သီချင်းဆိုရသောအခွင့်ကို ပေးတော်မူထသော၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 သို့သော် ‘ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင်၊ ညအချိန်သီချင်းဆိုရသောအခွင့်ကို ပေးတော်မူသောအရှင်၊ အခန်းကိုကြည့်ပါ။ |
မိုးကောင်းကင်ကိုဖြန့်ကြက်၍ကမ္ဘာမြေကြီးကို အုတ်မြစ်ချကာ၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားအား၊ သင်တို့သည်မေ့လျော့ကြလေပြီလော။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူများ၊သင်တို့ကို သုတ်သင် ဖျက်ဆီးပစ်ရန်အသင့်ရှိသူများအား၊ အဘယ်ကြောင့်သင်တို့သည်အစဉ်အမြဲကြောက်၍ နေရကြပါမည်နည်း။ သူတို့၏အမျက်ဒေါသသည်သင်တို့အား အဘယ်အခါ၌မျှဘေးဥပဒ်မဖြစ်စေနိုင်။
သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည်၊ သင်၏ခင်ပွန်းပမာသင့်အားကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ ထိုအရှင်၏နာမတော်ကား၊အနန္တတန်ခိုးရှင် ထာဝရဘုရားပင်ဖြစ်သတည်း။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်သော ဘုရားသခင်သည်သင့်ကိုကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာလောကကို အစိုးရတော်မူပါသည်တကား။
လူတို့သည်မိမိတို့ပြည်တွင်စိတ်ပျက်အား လျော့လျက် ဆာလောင်မွတ်သိပ်လျက်သွားလာ ရကြလိမ့်မည်။ သူတို့သည်ဆာလောင်မွတ်သိပ် မှုနှင့်အမျက်ထွက်မှုတို့ကြောင့်မိမိတို့၏ ဘုရင်နှင့် မိမိတို့၏ဘုရားသခင်ကိုကျိန် ဆဲကြလိမ့်မည်။ သူတို့သည်ကောင်းကင်သို့ မျှော်ကြည့်သည့်အခါသော်လည်းကောင်း၊-
ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာ တောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက် ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍ လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။
ယဇ်ပုရောဟိတ်တို့က`ထာဝရဘုရားသည် အဘယ်မှာရှိတော်မူပါသနည်း' ဟုမမေးကြ။ ငါ၏ယဇ်ပုရောဟိတ်တို့သည်ငါ့ကိုမသိ။ အုပ်ချုပ်သူတို့သည်ငါ့ကိုပုန်ကန်ကြ၏။ ပရောဖက်တို့ကဗာလဘုရား၏အမည်နာမကို တိုင်တည်ပြောဆိုကာ အသုံးမဝင်သည့်ရုပ်တုများကိုဝတ်ပြု ရှိခိုးကြ၏။