ဘုရားသခင်ကို လျှောက်ရသောစကားဟူမူကား၊ အကျွန်ုပ်ကို အပြစ်စီရင်တော် မမူပါနှင့်။ အကျွန်ုပ်နှင့် ဆန့်ကျင်ဘက်ပြုတော်မူမည်အကြောင်းကို ပြတော်မူပါ။
ယောဘဝတ္တု။ 36:9 - Common Language Bible သူတို့ပြုမိသောအမှုနှင့် ပြစ်မှားလွန်ကျူးမိသော အပြစ်များတို့ကို ပြတော်မူ၏။ Garrad Bible ညှဉ်း ဆဲ ခြင်း ကြိုး နှင့် ချည် နှောင် ခံ နေ ရ လျှင်၊ သူ တို့ ရဲ ဝံ့ သော အ ပြု အ မူ များ နှင့် လွန် ကျူး မှု များ ကို ဖော် ပြ တော် မူ လျက်၊ Judson Bible သူတို့ပြုမိသောအမှုနှင့် ပြစ်မှားလွန်ကျူးမိသောအပြစ်များတို့ကို ပြတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း မာန်မာနထောင်လွှား၍ သူတို့ပြုမိသောအမှုနှင့် ကျူးလွန်မိသောအပြစ်များကို သူတို့အား ဖော်ပြပေးတော်မူ၏။ |
ဘုရားသခင်ကို လျှောက်ရသောစကားဟူမူကား၊ အကျွန်ုပ်ကို အပြစ်စီရင်တော် မမူပါနှင့်။ အကျွန်ုပ်နှင့် ဆန့်ကျင်ဘက်ပြုတော်မူမည်အကြောင်းကို ပြတော်မူပါ။
အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။
ကိုယ်တော်ရှင်ဒဏ်ခတ်တော်မမူမီအခါက ကွန်တော်မျိုးသည်လမ်းလွဲသော်လည်း ယခုမှာမူနှုတ်ကပတ်တော်အတိုင်းပြုကင့်ပါ၏။
ဒဏ်ခတ်တော်မူခြင်းကိုခံရသည်မှာကွန်တော် မျိုး အတွက်ကောင်းပါ၏။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ခံရခြင်းအားဖြင့် ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အထုံးအဖွဲ့တော်တို့ကိုသိရှိနားလည်၍ လာသောကြောင့်ဖြစ်ပါ၏။
အို ဘုရားသခင်၊ သူတို့အားရှုတ်ချလျက်အပြစ်ဒဏ်ပေးတော်မူပါ။ သူတို့၏ဆိုးညစ်သောအကြံအစည်များက သူတို့ကိုပင်အကျိုးနည်းစေတော်မူပါ။ သူတို့၏များမြောင်သော အပြစ်များကြောင့်လည်းကောင်း၊ကိုယ်တော်ကို ပုန်ကန်ကြသည့်အတွက်ကြောင့်လည်းကောင်း သူတို့အားရှေ့တော်မှောက်မှနှင်ထုတ်တော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမသွန်သင်မှုကိုခံရသော သူ၊ တရားတော်နှင့်ဆိုင်၍ကိုယ်တော်၏သွန်သင် မှုကို ခံရသောသူသည်မင်္ဂလာရှိပါ၏။
``အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန် တော်မျိုးတို့ပြစ်မှားသည့်အပြစ်များသည် များလှပါ၏။ ထိုအပြစ်များကကျွန်တော် မျိုးတို့အားစွဲချက်တင်သည်ဖြစ်၍ကျွန်တော် မျိုးတို့သည်မိမိတို့၏အပြစ်များကိုကောင်း စွာသိရကြပါ၏။-
အပြစ်ဒုစရိုက်များပြားလာစေရန်ပညတ် တရားကိုချမှတ်ခဲ့၏။ သို့ရာတွင်အပြစ် ဒုစရိုက်များပြားလာသောအခါကျေးဇူး တော်သည်ပို၍များပြားလာ၏။-
သို့ရာတွင်ငါတို့အားဤသို့ထာဝရဘုရား သခင်စီရင်တော်မူခြင်းမှာ ငါတို့အားလောကီ သားတို့နှင့်အတူအပြစ်ဒဏ်မခံရစေရန် ဆုံးမတော်မူခြင်းဖြစ်သည်။
ဤလောကသို့ခရစ်တော်ယေရှုကြွလာတော် မူသည်မှာအပြစ်ကူးသူတို့အား ကယ်တင်ရန် ဖြစ်၏ဟူသောစကားသည်သစ္စာစကားဖြစ်၍ ခြွင်းချက်မရှိလက်ခံယုံကြည်ရပေမည်။ ငါ သည်အပြစ်ကူးသူတို့တွင်အဆိုးဆုံးဖြစ်၏။-