ယောဘဝတ္တု။ 3:9 - Common Language Bible ညဦးယံကြယ်တို့သည် မိုက်ပါစေ။ ထိုညဉ့်သည် အလင်းကိုတောင့်တ၍ မရပါစေနှင့်။ နံနက်မိုဃ်းလင်း ကို မမြင်ပါစေနှင့်။ အကြောင်းမူကား၊ Garrad Bible ဆည်း ဆာ အ ချိန် ကြယ် ရောင် မိုက် ပါ စေ။ ထို ညဉ့် သည် အ လင်း ကို စောင့် စား၍ မ ရ။ နေ အ ရုဏ် စ က္ခု ကို မျှ မ တွေ့ ပါ စေ နှင့်။ Judson Bible ညဉ့်ဦးယံကြယ်တို့သည် မိုက်ပါစေ။ ထိုညသည် အလင်းကိုတောင့်တ၍ မရပါစေနှင့်။ နံနက်မိုးလင်းကို မမြင်ပါစေနှင့်။ အကြောင်းမူကား၊ မြန်မာ့စံမီသမ္မာကျမ်း ထိုည၏ညဥ့်ဦးယံကြယ်တို့ ကွယ်ပါစေ။ အလင်းကိုစောင့်မျှော်သော်လည်း မရပါစေနှင့်။ အရုဏ်ဦးလင်းရောင်ခြည်ကိုလည်း မတွေ့ရပါစေနှင့်။ |
နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲပါစေ။
သို့သော်လည်း၊ ငါသည် ကောင်းကျိုးကိုမြော်လင့် သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တ သောအခါ မှောင်မိုက်ဖြစ်၏။
သူ့ကိုနှိုးဆော်ခြင်းငှါ အဘယ်သူမျှမရဲရင့်။ သို့ဖြစ်၍ ငါ့ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။
သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
ငါတို့သည်ငြိမ်းချမ်းမှုကိုမျှော်လင့်ကြ သော်လည်းအချည်းနှီးပင်ဖြစ်၏။ ကျန်းမာ မှုကိုမျှော်လင့်သော်လည်းကြောက်လန့်မှု သာလျှင်ရရှိကြ၏။-