သူခိုလှုံရာအကြောင်းကို သူ၏နေရာမှ ပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ၏။
ယောဘဝတ္တု။ 27:18 - Common Language Bible သူဆောက်သော အိမ်သည်ပိုးရွအိမ်ကဲ့သို့၎င်း၊ ကင်းတဲကဲ့သို့၎င်း ဖြစ်၏။ Garrad Bible ထို သူ သည်၊ လယ် စောင့် သူ ထိုး တတ် သော တဲ ကဲ့ သို့ လည်း ကောင်း၊ ပိုး ရွ လုပ် ထား သ ကဲ့ သို့လည်း ကောင်း၊ အိမ် ကို တည် ဆောက် ရ၏။ Judson Bible သူဆောက်သော အိမ်သည် ပိုးရွအိမ်ကဲ့သို့လည်းကောင်း၊ ကင်းတဲကဲ့သို့လည်းကောင်း ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း သူဆောက်ထားသောအိမ်သည် ပိုးအိမ်နှင့် တူ၏။ ကင်းစောင့်ဆောက်သောတဲနှင့် တူ၏။ |
သူခိုလှုံရာအကြောင်းကို သူ၏နေရာမှ ပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ၏။
အဝိုင်းခံလျက်နေရသည့်ယေရုရှလင်မြို့တစ်မြို့သာလျှင်ကျန်တော့၏။ ထိုမြို့ကားမိမိအတွက်ခုခံကာကွယ်နိုင်စွမ်းမရှိသည့်စပျစ်ဥယျာဉ်အစောင့်တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာတဲကဲ့သို့လည်းကောင်းဖြစ်၍နေ၏။
ဖြိုဖျက်၍ချလိုက်သည့်တဲကဲ့သို့လည်းကောင်း၊ ယက်ကန်းစင်မှဖြတ်၍ထုတ်လိုက်သည့် အဝတ်ကဲ့သို့လည်းကောင်း၊ ငါ၏အသက်တာသည်ဖြတ်၍ ကုန်ဆုံးသွားလေပြီ။
ထိုသို့သောလူတို့သည်ပိုးကိုက်သည့်အဝတ် ကဲ့သို့ပျောက်ကွယ်၍သွားလိမ့်မည်။ သို့ရာတွင်ငါ၏ဖြောင့်မတ်ခြင်းကားထာဝစဉ် တည်လိမ့်မည်။ ငါ၏ကယ်တင်ခြင်းတန်ခိုးသည်လည်းကာလ အစဉ်အဆက်တည်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ကိုယ်တော်အားငါတို့ဝတ်ပြုကိုးကွယ်ရာ ဗိမာန်တော်ကိုအစိတ်စိတ်အမြွှာမြွှာချိုးဖျက် တော်မူပြီ။ ကိုယ်တော်ရှင်သည်ဋ္ဌမ္မပွဲတော်နေ့များနှင့် ဥပုသ်နေ့များကိုအဆုံးသတ်စေတော်မူပြီ။ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်တို့သည်အတူတူပင် အမျက်တော်အရှိန်ကိုခံရကြပါ၏။