ယောဘဝတ္တု။ 24:11 - Common Language Bible သူတပါးအိမ်မှာ ဆီကိုကြိတ်လျက်၊ စပျစ်သီးကို နင်းနယ်လျက် အငတ်ခံရ၏။ Garrad Bible လူ ဆိုး တို့၏ သံ လွင် ပင် ကြား တွင် ဆီ ကို ညှပ် ပေး၍၊ စ ပျစ် ကျင်း ကို ဖိ နင်း ရ လျက် ပင် ငတ် ရ ကြ၏။ Judson Bible သူတစ်ပါးအိမ်မှာ ဆီကိုကြိတ်လျက်၊ စပျစ်သီးကိုနင်းနယ်လျက် အငတ်ခံရ၏။ မြန်မာ့စံမီသမ္မာကျမ်း သံလွင်ပင်တန်းများကြားတွင် ဆီကြိတ်လျက်၊ စပျစ်သီးနင်းနယ်လျက်နှင့်ပင် ရေငတ်နေကြရ၏။ |
လူတို့သည်မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရားသခင်သည် ပမာဏပြုတော်မမူ။
ရေပေါ်မှာပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲ သောအဘို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။
ယခုအခါမြေသြဇာကောင်းသည့်လယ်များ တွင် ဝမ်းမြောက်ရွှင်လန်းသူမရှိ။ စပျစ်ဥယျာဉ် များ၌ကြွေးကြော်သီဆိုသူမရှိ။ စပျစ်သီး များကိုနယ်၍စပျစ်ရည်လုပ်သူလည်းမရှိ တော့ပေ။ ပျော်ရွှင်စွာကြွေးကြော်မှုများသည် ဆိတ်သုဉ်းခဲ့လေပြီ။-
``မိမိအိမ်ကိုမတရားသောနည်းဖြင့်လည်း ကောင်း၊ မိမိ၏အထက်ခန်းများကိုမရိုးဖြောင့်သော နည်းဖြင့်လည်းကောင်း၊တည်ဆောက်ကာ၊ မိမိ၏အိမ်နီးချင်းများအားအခမဲ့စေ စားသူ၊ သူတို့၏လုပ်အားခများကိုမပေးဘဲနေ သူသည် အမင်္ဂလာရှိ၏။
သင်တို့အသီးအနှံများကိုရိတ်သိမ်းပေး သူတို့၏လုပ်အားခများကိုမပေးကြ။ သူ တို့၏တိုင်တန်းခြင်းကိုနားထောင်ကြလော့။ သူ တို့ကျယ်စွာဟစ်အော်တောင်းခံသံကိုအနန္တ တန်ခိုးရှင်ထာဝရဘုရားသခင်ကြားတော် မူလေပြီ။-