Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 22:13 - Common Language Bible

13 ``မိ​မိ​အိမ်​ကို​မ​တ​ရား​သော​နည်း​ဖြင့်​လည်း ကောင်း၊ မိ​မိ​၏​အ​ထက်​ခန်း​များ​ကို​မ​ရိုး​ဖြောင့်​သော နည်း​ဖြင့်​လည်း​ကောင်း၊တည်​ဆောက်​ကာ၊ မိ​မိ​၏​အိမ်​နီး​ချင်း​များ​အား​အ​ခ​မဲ့​စေ စား​သူ၊ သူ​တို့​၏​လုပ်​အား​ခ​များ​ကို​မ​ပေး​ဘဲ​နေ သူ​သည် အ​မင်္ဂ​လာ​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13-14 ကြီး မြင့် သော နန်း တော် ကို၊ ကျယ် ဝန်း သော အ ထက် ခန်း များ ပါ၊ တည် ဆောက် မည် ဟု အောက် မေ့ သည့် အ တိုင်း၊ လေ သာ ပြူ တင်း ဖောက် ခြင်း၊ သစ် က တိုး ပျဉ် နှင့် မိုး ကာ ခြင်း၊ ဆေး နီ သုတ် ခြင်း များ ဖြင့်၊ ပြည် သား တို့ ကို အ ခ မဲ့ အ ချည်း နှီး စေ ခိုင်း ၍၊ အ ဓ မ္မ ပြု ခြင်း၊ မ ဖြောင့် မတ် ခြင်း ဖြင့်၊ နန်း တော် ကို၊ အ ခန်း များ ပါ၊ တည် ဆောက် သော မင်း သည်၊ အ မင်္ဂ လာ ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 မ​တ​ရား​သော​အ​မှု​အား​ဖြင့် မိ​မိ​အိမ်​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​ပြု၍ အ​ထက်​ခန်း​တို့​ကို​လည်း​ကောင်း ဆောက်​သော​သူ၊ အိမ်​နီး​ချင်း​ကို အ​ခ​မ​ပေး​ဘဲ​စေ​စား၍၊ အ​လုပ်​လုပ်​သည်​အ​တွက်​ဆု​မ​ချ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 မသမာ​သော​နည်း​ဖြင့် မိမိ​နန်းတော်​ကို တည်ဆောက်​သော​သူ​၊ မတရား​သော​နည်း​ဖြင့် ဘုံဗိမာန်​များ​ကို တည်ဆောက်​သော​သူ​၊ အမျိုးသားချင်း​တို့​ကို ခိုင်းစေ​ပြီး လုပ်အားခ​မ​ပေး​သော​သူ​၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 22:13
16 ပူးပေါင်းရင်းမြစ်များ  

နေ​ခေါ​သည်​ယော​ခတ်​၏​ညီ​ဧ​လျာ​ကိမ်​ကို ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တင်​ပြီး​လျှင် ယော​ယ​ကိမ်​ဟူ​သော​နာ​မည်​သစ်​ကို​ပေး လေ​သည်။ ယော​ခတ်​ကို​မူ​အီ​ဂျစ်​ပြည်​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။


ယော​ယ​ကိမ်​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ် ရှိ​သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့်​တစ်​နှစ် နန်း​စံ​ရ​လေ​သည်။ သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၏။-


စရိတ်မကုန်ဘဲမြေအသီးအနှံကို ငါစား၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော်၎င်း၊


သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့​တွင် ရှိ​ပြီး​အိမ်​များ၊ လယ်​ယာ​များ​ကို​အ​ရေ​အ​တွက် တိုး​ပွား​အောင်​ပြု​ကြ​သူ​တို့။ မ​ကြာ​မီ​ပင် အ​ခြား​သူ​များ​အ​တွက် နေ​ရာ​ထိုင်​ခင်း​ကျန် ရှိ​တော့​မည်​မ​ဟုတ်။ သင်​တို့​ချည်း​သာ​လျှင် ပြည်​တော်​တွင်​နေ​ထိုင်​ရ​ကြ​ပေ​တော့​အံ့။-


မ​သ​မာ​သော​နည်း​ဖြင့်​ငွေ​ရှာ​သော​သူ​သည် မိ​မိ​မ​ဥ​သည့်​ဥ​များ​ကို​ဝပ်​သော​ငှက်​နှင့်​တူ​၏။ သူ​သည်​ပ​ထ​မ​အ​ရွယ်​၌​ပင်​စည်း​စိမ်​ဥစ္စာ ဆုံး​ပါး​လျက် လူ​မိုက်​အ​ဖြစ်​နှင့်​သာ​လျှင်​နိ​ဂုံး​ချုပ်​ရ​တတ်​၏။


သို့​ဖြစ်​၍​ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင် ယော​ယ​ကိမ်​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​က​မိန့်​တော်​မူ​သည်​မှာ ``သူ​ကွယ်​လွန်​သော​အ​ခါ​၌​ဘယ်​သူ​မျှ ဝမ်း​နည်း ပူ​ဆွေး​မှု​ကို​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ `အို ဖြစ်​ရ​လေ​ခြင်း၊အ​ဆွေ​တော်၊ ဖြစ်​မှ​ဖြစ်​ရ​လေ​ခြင်း' ဟူ​၍ အ​ဘယ်​သူ​မျှ​မြည်​တမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​၏​အ​တွက်​အ​ဘယ်​သူ​မျှ​ငို​ကြွေး​မှု​ကို သော်​လည်း​ကောင်း၊ အို အ​ကျွန်ုပ်​၏​သ​ခင်၊အ​ကျွန်ုပ်​၏​ဘု​ရင်​ဟု မြည်​တမ်း​မှု ကို​သော်​လည်း​ကောင်း​ပြု​ကြ​လိမ့်​မည်​မဟုတ်။


``မိ​မိ​ထက်​အား​နည်း​သူ​ကို​အ​နိုင်​မ​ကျင့်​ရ။ သူ့​ဥစ္စာ​ကို​လည်း​မ​လု​ယူ​ရ။ သူ​ငှား​အ​တွက် ပေး​စ​ရာ​အ​ခ​ကြေး​ငွေ​ကို​နေ့​ချင်း​ပေး​ရ မည်။ နောက်​တစ်​နေ့​တိုင်​အောင်​မ​ဆိုင်း​ထား ရ။-


သင်​တို့​သည်​လူ​သတ်​မှု​နှင့်​မ​တ​ရား​မှု တည်း​ဟူ​သော​အုတ်​မြစ်​ပေါ်​တွင် ဘု​ရား​သ​ခင်​၏​မြို့​တော်​ဖြစ်​သော​ယေ​ရု​ရှ​လင် မြို့​ကို​တည်​ဆောက်​ကြ​၏။-


သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​% ရာ​ဇ​ဝတ်​မှု​အ​ပေါ်​တွင် အုတ်​မြစ်​ချ​၍​လူ​% သတ်​မှု​ဖြင့်​မြို့​ကို​တည်​ထောင်​ခဲ့​ကြ​၏။-%


ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။


သူ့​ကို​လွတ်​ခွင့်​ပေး​သော​အ​ခါ လက်​ချည်း သက်​သက်​မ​သွား​စေ​ရ။-


သင်​တို့​အ​သီး​အ​နှံ​များ​ကို​ရိတ်​သိမ်း​ပေး သူ​တို့​၏​လုပ်​အား​ခ​များ​ကို​မ​ပေး​ကြ။ သူ တို့​၏​တိုင်​တန်း​ခြင်း​ကို​နား​ထောင်​ကြ​လော့။ သူ တို့​ကျယ်​စွာ​ဟစ်​အော်​တောင်း​ခံ​သံ​ကို​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ကြား​တော် မူ​လေ​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ