ယောဘဝတ္တု။ 22:14 - Common Language Bible မမြင်နိုင်အောင် ထူထပ်သောတိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ၏။ ကောင်းကင်စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ်၏။ Garrad Bible ကိုယ် တော် ကြည့်၍ မ မြင် နိုင် ရန် တိမ် တိုက် ကို ခြုံ ရုံ လျက်၊ ကောင်း ကင် ပိ တာန့် အ ပေါ် တွင် စက် တော် ဖြန့် သည် ဟု ဆို၏။ Judson Bible မမြင်နိုင်အောင် ထူထပ်သောတိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ၏။ ကောင်းကင်စကြဝဠာထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း တိမ်ထုကြီးသည် ကိုယ်တော့်ကို ကာထားသဖြင့် ကိုယ်တော်သည် ဘာမျှမမြင်နိုင်။ မိုးကောင်းကင်အဝန်းအဝိုင်းတွင်သာ သွားလာလျက်နေတော်မူသည်’ဟု ဆို၏။ |
ကိုယ်တော်သည်မိမိစိုးစံတော်မူရာအရပ် မှငုံ့၍ ကမ္ဘာမြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့ကို ကြည့်တော်မူ၏။
မိုးတိမ်များနှင့်မှောင်မိုက်တို့သည်ကိုယ်တော်ကို ဝိုင်းရံလျက်ရှိ၏။ ကိုယ်တော်၏အုပ်စိုးခြင်းသည်အမှန်တရားနှင့် တရားမျှတမှုအပေါ်တွင်အခြေခံ၏။
ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကား မြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသော ပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။ အောက်မြေကြီးပေါ်ရှိလူတို့သည်ကား ပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊ လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။
ငါမတွေ့မမြင်နိုင်သောအရပ်တွင်အဘယ် သူမျှပုန်းကွယ်၍မနေနိုင်။ ``ငါသည်ကောင်း ကင်ဘုံနှင့်ကမ္ဘာမြေကြီးပေါ်ရှိအရပ် တကာတွင်ရှိတော်မူကြောင်းကိုသင်တို့ မသိကြသလော။-''
ထာဝရဘုရားသည်မိုးကောင်းကင်၌ မိမိအိမ်တော် ကိုတည်ဆောက်ခဲ့၏။ ကမ္ဘာမြေကြီးပေါ်တွင်လုံးဝန်းသော ကောင်းကင်ယံခုံးကိုတင်တော်မူ၏။ ပင်လယ်ရေများကိုခေါ်ယူလျက်မြေပေါ်၌ သွန်းလောင်းခဲ့၏။ ကိုယ်တော်ရှင်၏နာမတော်သည် အရှင်ထာဝရဘုရားပင်ဖြစ်တော်မူ၏။