လေတိုက်သော သစ်ရွက်ကို ချောက်လှန့်တော်မူ မည်လော။ မြက်ခြောက်ကို မှီအောင်လိုက်တော်မူမည် လော။
ယောဘဝတ္တု။ 14:3 - Common Language Bible ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူ သလော။ အကျွန်ုပ်နှင့်ဘက်၍တရားတွေ့တော်မူမည် လော။ Garrad Bible ထို သို့ သော သူ ကို ရှု မှတ်၍၊ အ ကျွန်ုပ် နှင့် တ ရား ဆိုင် လို တော် မူ ပါ သ လော။ Judson Bible ထိုသို့သောသူကို ကိုယ်တော် ကြည့်မှတ်တော်မူသလော။ အကျွန်ုပ်နှင့်ဘက်၍ တရားတွေ့တော်မူမည်လော။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူမည်လော။ အကျွန်ုပ်ကိုလည်း တရားစီရင်ရန် ရှေ့တော်သို့ လာစေတော်မူမည်လော။ |
လေတိုက်သော သစ်ရွက်ကို ချောက်လှန့်တော်မူ မည်လော။ မြက်ခြောက်ကို မှီအောင်လိုက်တော်မူမည် လော။
အကျွန်ုပ်ကိုထိတ်ခတ်လျက်၊ အကျွန်ုပ်ထွက်ရာ လမ်းရှိသမျှကို စောင့်လျက်နေ၍၊ အကျွန်ုပ်ပတ်လည်၌ စည်းလုပ်တော်မူ၏။
ငါသည် ဘုရားသခင်၏စကားကို တဦးနှင့်တဦး တရားတွေ့နိုင်မည်အကြောင်း၊ ဘုရားသခင်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။
ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးနှင့် တရားဆိုင်တော်မမူပါနှင့်။ ရှေ့တော်တွင်အပြစ်ကင်းသူတစ်ဦးတစ်ယောက်မျှ မရှိပါ။
အို ထာဝရဘုရား၊ လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့ကိုပမာဏ ပြုတော်မူရပါသနည်း။ သာမန်လူသားသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့ကိုဂရုပြုတော်မူ ရပါသနည်း။
သို့ဖြစ်၍လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့အား အောက်မေ့တော်မူရပါသနည်း။ လူသားသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်သူ့ကိုကြည့်ရှုစောင့်ရှောက် တော်မူရပါသနည်း။
ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။-