ဆာလံ 143:2 - Common Language Bible2 ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးနှင့် တရားဆိုင်တော်မမူပါနှင့်။ ရှေ့တော်တွင်အပြစ်ကင်းသူတစ်ဦးတစ်ယောက်မျှ မရှိပါ။ အခန်းကိုကြည့်ပါ။Garrad Bible2 ရှေ့ တော်၌ မည် သူ မျှ မ ဖြောင့် မတ် သည့် အ လျောက်၊ ကျွန် တော် မျိုး နှင့် တ ရား ဆိုင် တော် မ မူ ပါ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible2 ကိုယ်တော်၏ကျွန်နှင့် တရားတွေ့တော်မမူပါနှင့်။ အသက်ရှင်သောသူမည်သည်ကား၊ ရှေ့တော်၌ အပြစ်ကင်းစင်ရာသို့ မရောက်ရပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ကိုယ်တော်၏အစေအပါးနှင့်အတူ တရားစီရင်ရာသို့ ဝင်တော်မမူပါနှင့်။ အကြောင်းမူကား အသက်ရှင်သောသူတစ်စုံတစ်ဦးမျှ ကိုယ်တော်၏ရှေ့တော်၌ ဖြောင့်မတ်သည်ဟူ၍မရှိပါ။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်လူသည်ပညတ်တရားကိုစောင့်ထိန်း ခြင်းအားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက် ဆံခွင့်ကိုမရနိုင်ကြောင်း၊ ခရစ်တော်ကိုယုံကြည် ခြင်းအားဖြင့်သာလျှင်ရနိုင်ကြောင်းကိုငါတို့ သိကြ၏။ ငါတို့သည်လည်းပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော် ကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ရန် ခရစ် တော်ယေရှုကိုယုံကြည်ကြ၏။ အဘယ်ကြောင့် ဆိုသော်ပညတ်တရားကိုစောင့်ထိန်းခြင်း အားဖြင့် မည်သူမျှဘုရားသခင်နှင့်မှန်ကန် စွာဆက်ဆံခွင့်ကိုမရနိုင်သောကြောင့်ဖြစ်၏။-
``အပြစ်မကူးလွန်သူလူတစ်ယောက်မျှမရှိ ပါ။ သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်ကိုပြစ်မှားကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်သည်အမျက်ထွက်တော်မူ၍ သူတို့ အားရန်သူများလက်တွင်အရေးရှုံးနိမ့်စေ လျက် တိုင်းတစ်ပါးသို့ဖမ်းဆီးခေါ်ဆောင်ခြင်း ကိုခံစေတော်မူပါလိမ့်မည်။-
ငါသည်ထောင်သောင်းမကများပြားသော အမျိုးအစဉ်အဆက်တို့အား ငါ၏ကတိ သစ္စာကိုတည်စေမည်။ ငါသည်ဒုစရိုက်နှင့် အပြစ်တို့အတွက်လူတို့အားအပြစ်လွှတ် မည်။ သို့ရာတွင်မိဘတို့၏အပြစ်ကိုသား စဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်သို့တိုင်အောင်ငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။