ထိုနောက်အပြင်ဘက်၌ရှိသောသူအားလုံးတို့ကိုမျက်စိကွယ်စေရန်ဒဏ်ခတ်သဖြင့် သူတို့သည်တံခါးပေါက်ကိုရှာ၍မတွေ့နိုင်ကြ။
ယောဘဝတ္တု။ 12:25 - Common Language Bible သူတို့သည်အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက်သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။ Garrad Bible အ လင်း မဲ့ မှောင် မိုက်၌ စမ်း ယမ်း လျက်၊ ယစ် မူး သော သူ ကဲ့ သို့ ယိမ်း ယိုင် လျက် သွား စေ တော် မူ၏။ Judson Bible သူတို့သည် အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက် သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အလင်းမရှိသောမှောင်မိုက်ထဲ၌ စမ်းတဝါးဝါးသွားလာစေ၍ အရက်မူးသောသူကဲ့သို့ ဒယီးဒယိုင်ဖြစ်စေတော်မူ၏။ |
ထိုနောက်အပြင်ဘက်၌ရှိသောသူအားလုံးတို့ကိုမျက်စိကွယ်စေရန်ဒဏ်ခတ်သဖြင့် သူတို့သည်တံခါးပေါက်ကိုရှာ၍မတွေ့နိုင်ကြ။
ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညဉ့်အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။
သူတို့သည်အရက်မူးသူများကဲ့သို့ယိမ်းယိုင် လဲကျကြကုန်၏။ သူတို့၏ကျွမ်းကျင်မှုသည်အချည်းနှီးပင်ဖြစ်၏။
ထာဝရဘုရားသည်သူတို့အားမရှင်းမလင်း သည့်အကြံဉာဏ်များကိုပေးစေတော်မူသဖြင့် အီဂျစ်ပြည်သူတို့သည်အမှားမှားအယွင်း ယွင်းဖြစ်လျက်၊ မိမိ၏အံဖတ်ပေါ်တွင်ပြန်လဲ သောသေသောက်ကြူးသူကဲ့သို့ယိမ်းယိုင်၍ နေကြတော့၏။-
ကမ္ဘာမြေကြီးသည်လေမုန်တိုင်းမိသည့်တဲ ကဲ့သို့လည်းကောင်း၊ သေသောက်ကြူးသူကဲ့သို့ လည်းကောင်းယိမ်းယိုင်လျက်နေလိမ့်မည်။ ကမ္ဘာ လောကသည်အပြစ်ဝန်ထုပ်ပိလျက်နေ သဖြင့် ပြိုလဲသွားလိမ့်မည်။ နောက်တစ်ဖန် ပြန်၍ထနိုင်တော့မည်မဟုတ်။
ငါတို့သည်မျက်မမြင်များကဲ့သို့လက်နှင့် စမ်း၍သွားလာရကြ၏။ မွန်းတည့်ချိန်၌ပင် ငါတို့သည်ညဥ့်အခါမှာကဲ့သို့ သန်စွမ်းသူ တို့၏အလယ်၌ မှောင်မိုက်ရာမရဏာနိုင်ငံ သို့ရောက်ရှိနေဘိသကဲ့သို့ခြေချော်၍ လဲကျကြ၏။-
ယခုပင်လျှင်ထာဝရဘုရား၏လက်တော် သည် သင့်ပေါ်သို့ကျရောက်တော်မူသဖြင့် သင် သည်မျက်စိကွယ်လိမ့်မည်။ ကာလအတန် အကြာနေကိုမြင်ရလိမ့်မည်မဟုတ်'' ဟု မြွက်ဆို၏။ ချက်ချင်းပင်မှော်ဆရာသည်မျက်စိမြှေး ယှက်၍ မှောင်အတိကျရောက်လာသကဲ့သို့ ဖြစ်သဖြင့် လက်ဆွဲ၍လမ်းပြခေါ်ဆောင်ပေး မည့်သူကိုရှာရလေ၏။-
နေ့ခင်းကြောင်တောင်၌ပင်လျှင်စမ်းတဝါး ဝါးသွားရသောမျက်မမြင်ကဲ့သို့ သင်တို့ သည်လမ်းကိုရှာမတွေ့ဖြစ်လိမ့်မည်။ လုပ် ဆောင်သမျှတို့၌အောင်မြင်လိမ့်မည်မဟုတ်။ သင်တို့သည်သူတစ်ပါး၏နှိပ်စက်ခြင်း၊ လု ယူခြင်းကိုအမြဲခံရလျက်မည်သူကမျှ သင်တို့အားကယ်မည်မဟုတ်။
သို့ရာတွင်ညီအစ်ကိုကိုမုန်းသောသူသည် ကားအမှောင်တွင်ကျင်လည်သူဖြစ်၏။ အမှောင် တွင်ကျင်လည်၍မျက်စိမမြင်နိုင်သဖြင့်သူ သည်မိမိအဘယ်အရပ်သို့သွားသည်ကိုမသိ။