ယာကုပ် 3:5 - Common Language Bible လျှာသည်လည်းထိုနည်းအတိုင်းပင်ဖြစ် ပေသည်။ ယင်းသည်ကိုယ်ခန္ဓာ၏သေးငယ်သော အင်္ဂါအစိတ်အပိုင်းမျှသာဖြစ်သော်လည်း ကြီးကျယ်သောအရာများအကြောင်းကို ကြွားဝါတတ်သည်။ အလွန်ကြီးသောသစ်တောကိုသေးငယ်သော မီးပွားကလေးက လောင်ကျွမ်းစေနိုင်သည် ကိုစဉ်းစားကြည့်ပါလေ။- Garrad Bible ထို နည်း တူ လျှာ သည် ငယ် သော အင်္ဂါ ဖြစ် သော် လည်း ကြီး ကျယ် သော အ မှု အ ရေး များ ကြောင့် ဂုဏ် တင် တတ်၏။ အ နည်း ငယ် သော မီး သည် ကြီး ကျယ် သော သစ် တော ကို လောင် တတ် သည် တ ကား။ Judson Bible ထိုနည်းတူ၊ လျှာသည် ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကို ကြည့်ပါလော့။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ လျှာသည်လည်း သေးငယ်သောအင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ မည်မျှလောက်သေးငယ်သောမီးသည် မည်မျှလောက်ကြီးမားသောသစ်တောကိုမီးစွဲလောင်စေနိုင်သည်ကို ကြည့်လော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ လျှာသည် သေးငယ်သည့်အင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း ကြီးကျယ်သောအကြောင်းအရာများကို ကြွားဝါတတ်၏။ အလွန်ကြီးမားသောတောအုပ်ကို အလွန်သေးငယ်သော မီးပွားလေးက လောင်စေနိုင်သည်ကို ဆင်ခြင်လော့။ |
သူယုတ်မာသည်မိမိ၏ဆိုးညစ်သော အလိုဆန္ဒများအကြောင်းကိုကြွားဝါတတ်၏။ လောဘကြီးသူသည်ထာဝရဘုရားကို ကျိန်ဆဲပစ်ပယ်တတ်၏။
သူတို့သည်သနားကြင်နာစိတ်ကင်းမဲ့လျက် မာန်မာနထောင်လွှား၍ပြောဆိုနေကြပါ၏။
``ငါပြုသည့်အမှုအတွက်ငါသတိထားမည်။ နှုတ်ဖြင့်မျှမပြစ်မှားမိစေရန်ငါသည်သတိ ပြုမည်။ ဆိုးညစ်သူတို့အနီး၌ရှိစဉ်ငါသည်အဘယ် စကားကိုမျှမပြောဘဲနေမည်'' ဟုငါဆို၏။
ရန်သူက`ငါသည်သူတို့ကိုမီအောင် လိုက်လံဖမ်းဆီးမည်။ သူတို့ထံမှသိမ်းဆည်းရမိသောဥစ္စာပစ္စည်း ကို ခွဲဝေ၍ငါလိုချင်သမျှယူမည်။ ငါ၏ဋ္ဌားကိုဆွဲထုတ်၍သူတို့ကို သုတ်သင်ပစ်မည်' ဟုဆို၏။
ဖာရောဘုရင်က``ထိုဘုရားသည်မည်သူနည်း။ ငါသည်အဘယ်ကြောင့်ထိုဘုရား၏စကား ကိုနာခံလျက် ဣသရေလအမျိုးသားတို့ကို လွှတ်ရမည်နည်း။ ငါသည်ထိုဘုရားကိုမသိ သဖြင့်ဣသရေလအမျိုးသားတို့ကိုမ လွှတ်နိုင်'' ဟုဆိုလေ၏။
သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကို ပင် ပျောက်စေတတ်၏။
ပညာရှိသော သူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။
လျှာသည်အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ ၏။ လျှာကို နှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
အရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူသည်ကို အီဂျစ်ဘုရင်ဖာရောမင်းအား ဆင့်ဆိုရမည်မှာ မြစ်ထဲရှိခွန်အားကြီးမား သောအချင်းမိကျောင်း၊ ငါသည်သင်၏ရန်သူ ဖြစ်၏။ နိုင်းမြစ်ကိုသင်ပိုင်သည်၊ ထိုမြစ်ကား သင်ဖန်ဆင်းထားသောအရာဖြစ်သည်ဟု သင်ဆို၏။-
ယခုသင်တို့သည်တံပိုးခရာ၊ ပလွေ၊ စောင်း ငယ်၊ ပတ်သာ၊ စောင်းကြီးနှင့်အခြားတူရိ ယာများတီးမှုတ်သံကိုကြားသည်နှင့်တစ် ပြိုင်နက်ရွှေရုပ်ကြီးကိုဦးညွှတ်ရှိခိုးကြ လော့။ အကယ်၍ရှိမခိုးကြပါကသင်တို့ သည်ပြင်းစွာအလျှံထလျက်နေသောမီး ဖိုထဲသို့ချက်ချင်းပစ်ချခြင်းကိုခံရ ကြလတ္တံ့။ သင်တို့အားကယ်နိုင်မည့်ဘုရား ရှိသည်ဟုသင်တို့ထင်မှတ်ကြသလော'' ဟုမိန့်တော်မူ၏။
``ငါ၏ဘုန်းတန်ခိုးအာနုဘော်ထင်ရှားစေ ရန်နေပြည်တော်အဖြစ်ဖြင့် ငါတည်ထောင်ခဲ့ သောဗာဗုလုန်မြို့သည်လွန်စွာကြီးကျယ် ခမ်းနားလှပါသည်တကား'' ဟုမြွက်ဆို၏။
အလွန်ကြီးသောသင်္ဘောများကိုလေပြင်း တိုက်ခတ်နေချိန်၌ပင်လျှင် တက်မငယ်အား ဖြင့်ထိန်းချုပ်ကာတက်မကိုင်အလိုရှိရာ ဘက်သို့လှည့်စေနိုင်၏။-
သူတို့သည်မှားယွင်းလမ်းလွဲသောလူစု အထဲမှလွတ်မြောက်ခါစဖြစ်သောသူတို့ အား ကြွားဝါသောအချည်းနှီးစကားများ ကိုသုံးကာ ကာမဂုဏ်လိုက်စားမှုဖြင့်သွေး ဆောင်လမ်းလွဲစေကြ၏။-
ဤလူစုသည်အစဉ်ညည်းညူလျက်သူတစ် ပါးအား အပြစ်တင်လျက်သာနေတတ်ကြ၏။ မိမိတို့၏ဆိုးညစ်သည့်လိုအင်ဆန္ဒကိုလိုက် ၍ပြုကျင့်တတ်ကြ၏။ မိမိတို့အကြောင်း ကိုကြွားဝါတတ်ကြ၏။ ကိုယ်ကျိုးအတွက် သူတစ်ပါးတို့အား မြှောက်ပင့်ပြောဆိုတတ် ကြ၏။