ဆာလံ 10:3 - Common Language Bible3 သူယုတ်မာသည်မိမိ၏ဆိုးညစ်သော အလိုဆန္ဒများအကြောင်းကိုကြွားဝါတတ်၏။ လောဘကြီးသူသည်ထာဝရဘုရားကို ကျိန်ဆဲပစ်ပယ်တတ်၏။ အခန်းကိုကြည့်ပါ။Garrad Bible3 လူ ဆိုး သည်၊ ကိုယ့် လို ရင်း ဆ န္ဒ အ ကြောင်း ဝါ ကြွား လျက်၊ လော ဘ ကြီး သော စိတ် နှင့် ထာ ဝ ရ ဘု ရား ကို ပုတ် ခတ်၍၊ မ ထီ လေး စား ပြု တတ် ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible3 မတရားသောသူသည် မိမိစိတ်အလို၌ ဝါကြွားတတ်ပါ၏။ လောဘကြီးသောသူသည် ထာဝရဘုရားကို ပယ်၍ မထီမဲ့မြင်ပြုတတ်ပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 အကြောင်းမူကား ဆိုးယုတ်သောသူသည် မိမိစိတ်ဝိညာဉ်၏အလိုဆန္ဒများ၌ ဂုဏ်ယူဝါကြွား၍ လောဘကြီးသောသူသည် ထာဝရဘုရားကိုကျိန်ဆဲလျက် မထီလေးစားပြု၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြမ်း% ဖက်၍ရရှိသည့်ပစ္စည်းဥစ္စာဖြင့် သင်တို့သည်% မိမိတို့မိသားစုကိုကြွယ်ဝချမ်းသာစေ% ခဲ့ကြ၏။ ကြိုးစား၍မိမိတို့အသိုက်ကို% အမြင့်တွင်ဆောက်သောငှက်ကဲ့သို့ မိမိတို့% အိမ်ကိုဘေးအန္တရာယ်ကင်းဝေးလုံခြုံအောင်% ပြုခဲ့ကြပြီ။-%
သူသည်မိမိ၏မိခင်အား``မိခင်၏ငွေတစ်ဆယ့် တစ်ပိဿာပျောက်ဆုံးသွားစဉ်အခါကခိုး ယူသူအား မိခင်ကျိန်ဆဲခဲ့သည်ကိုကျွန်တော် ကြားရပါသည်။ ထိုငွေသည်ကျွန်တော့်မှာ ရှိပါသည်။ ကျွန်တော်ယူမိပါသည်'' ဟု ပြောလေသည်။ သူ၏မိခင်ကလည်း``ငါ့သား၊ ထာဝရဘုရား သည်သင့်အားကောင်းချီးပေးတော်မူပါစေ သော'' ဟုဆို၏။-
ထို့နောက်ယခင်အခါကအရှင့်အားစွန့်ခွာ ထွက်ပြေးသည့်တပ်မတော်နှင့်အမျှကြီးမား ၍ ယခင်ကကဲ့သို့ပင်များပြားသောမြင်း တပ်၊ ရထားတပ်များပါဝင်သည့်တပ်မတော် ကိုဖွဲ့စည်းတော်မူပါ။ အကျွန်ုပ်တို့သည်ဣသ ရေလအမျိုးသားတို့အားလွင်ပြင်တွင်တိုက် ခိုက်ကြမည်ဖြစ်၍ ယခုအကြိမ်၌သူတို့ အားအနိုင်ရကြပါလိမ့်မည်'' ဟုလျှောက် ထားကြ၏။ ယင်းသို့လျှောက်ထားသည်ကိုဗင်္ဟာဒဒ်မင်း သည်နှစ်သက်သဖြင့် ထိုသူတို့ပေးသည့် အကြံအတိုင်းဆောင်ရွက်တော်မူ၏။-