မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။
ယာကုပ် 3:18 - Common Language Bible ငြိမ်းချမ်းရေးဆောင်ရွက်သူတို့ငြိမ်းချမ်းစွာ စိုက်ပျိုးသည့်မျိုးစေ့များမှဖြစ်ပွားသည့် အသီးအပွင့်ကားကောင်းမြတ်ခြင်းပေတည်း။ Garrad Bible ဖျန် ဖြေ သူ တို့ ကြဲ သော အ သင့် အ တင့် မျိုး မှ ဖြောင့် မတ် ခြင်း အ သီး ဖြစ် ထွန်း လိမ့် သ တည်း။ Judson Bible အသင့်အတင့်နေခြင်းငှာပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကို ငြိမ်သက်စွာ ကြဲတတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် ဖြောင့်မတ်ခြင်းအသီး၏မျိုးစေ့ကို ငြိမ်းချမ်းစွာကြဲတတ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငြိမ်းချမ်းခြင်းမျိုးစေ့ကို ကြဲသော ငြိမ်းချမ်းရေးဖော်ဆောင်သူများသည် ဖြောင့်မတ်ခြင်း၏ အသီးအနှံကို ရိတ်ကြရ၏။ |
မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။
မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့် မည်။ ဖြောင့်မတ်သော သူမူကား၊ သစ်ခက်ကဲ့သို့ စိမ်း လန်းလိမ့်မည်။
ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
ငါက`သင်တို့အတွက်မြေရိုင်းကိုထွန်ယက် ၍တရားမျှတမှုမျိုးစေ့ကိုကြဲလော့၊ ငါ့ အားသစ္စာစောင့်ခြင်း၏အသီးအနှံကို ရိတ်သိမ်းလော့၊ သင်တို့၏ထာဝရဘုရား ထံသို့ပြန်လာချိန်ရောက်ပြီ။ ငါသည်လည်း ကြွလာ၍သင်တို့အားကောင်းကြီးပေး တော်မူမည်' ဟုမိန့်တော်မူ၏။-
မြင်းဟူသည်ကျောက်ဆောင်ပေါ်၌ပြေးလေ့ ရှိသလော။ လူသည်နွားဖြင့်လယ်ပြင်ကိုထွန် ယက်လေ့ရှိသလော။ သို့ပါလျက်သင်တို့ သည်တရားမျှတရေးကိုအဆိပ်အဖြစ် သို့လည်းကောင်း၊ အမှန်ကိုအမှားအဖြစ် သို့လည်းကောင်းမှောက်လှန်ခဲ့လေပြီ။
``ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်သော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်၏သားများဟု အခေါ်ခံရကြလတ္တံ့။
ရိတ်သူသည်အခကိုခံယူ၍ထာဝရအသက် ဆိုင်ရာသီးနှံများကိုရိတ်သိမ်း၏။ သို့ဖြစ်၍ စိုက်သူနှင့်ရိတ်သူတို့သည် အတူတကွရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။-
လူ့ဇာတိမြေ၌မျိုးကြဲသောသူသည်သေခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်မြေ၌မျိုးကြဲသူ သည်ဝိညာဉ်တော်မှ ထာဝရအသက်ကိုရိတ်သိမ်း ရလိမ့်မည်။-
ထို့အြုပင်ဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်နှင့်ဂုဏ်တော်ကိုချီးကူး ကြစေရန် ယေရှုခရစ်အားဖြင့်သာလျှင်ရ နိုင်သောစစ်မှန်သည့်အရည်အသွေးကောင်း များနှင့်ပြည့်စုံလိမ့်မည်။
ဒဏ်ပေးခြင်းခံရသည်မှာပျော်ရွှင်စရာ မဟုတ်။ ဝမ်းနည်းစရာဟူ၍ထင်မှတ်ရ သော်လည်းယင်းသို့ဆုံးမခြင်းခံရသူတို့ သည်ကားနောင်အခါ၌ဖြောင့်မတ်ခြင်းတည်း ဟူသောငြိမ်သက်ခြင်းအကျိုးကိုရရှိကြ လေသည်။
လူ၏အမျက်ဒေါသသည်ဘုရားသခင်၏ ဖြောင့်မတ်သောအကြံအစည်တော်ကိုမပြု စုတတ်။-