ဟေဗြဲ 12:11 - Common Language Bible11 ဒဏ်ပေးခြင်းခံရသည်မှာပျော်ရွှင်စရာ မဟုတ်။ ဝမ်းနည်းစရာဟူ၍ထင်မှတ်ရ သော်လည်းယင်းသို့ဆုံးမခြင်းခံရသူတို့ သည်ကားနောင်အခါ၌ဖြောင့်မတ်ခြင်းတည်း ဟူသောငြိမ်သက်ခြင်းအကျိုးကိုရရှိကြ လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible11 ပဲ့ ပြင် ခြင်း ဟူ သ မျှ ကို ခံ ရ စဉ် ဝမ်း မြောက် ဖွယ် မ ဟုတ်။ ဝမ်း နည်း ဖွယ် ဟု ထင် မှတ် ကြ သော် လည်း ပဲ့ ပြင် ခြင်း ဖြင့် လေ့ ကျက် ပြီး မှ ဖြောင့် မတ် ခြင်း တည်း ဟူ သော ငြိမ် သက် ရာ အ ကျိုး ဖြစ် ထွန်း တတ် ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာ ထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ဆုံးမပဲ့ပြင်ခြင်းဟူသမျှသည် ခံရစဉ်တွင် ဝမ်းမြောက်စရာမဟုတ်ဘဲ ဝမ်းနည်းစရာဖြစ်သည်ဟု ထင်ရတတ်၏။ သို့သော် ထိုဆုံးမပဲ့ပြင်ခြင်းအားဖြင့် လေ့ကျင့်ပေးခြင်းခံရသောသူတို့သည် နောက်မှ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ငြိမ်းချမ်းသောအကျိုးကျေးဇူးကို ပြန်လည်ခံစားရကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း11 ဆုံးမခြင်းသည် ခံရစဉ်တွင် ဝမ်းမြောက်စရာဟု မထင်မှတ်ဘဲ နာကျင်စရာဟု ထင်မှတ်ရ၏။ သို့သော်လည်း ထိုဆုံးမခြင်းအားဖြင့် လေ့ကျင့်ပေးခြင်းခံရသူများသည် နောက်မှ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ငြိမ်းချမ်းခြင်းအကျိုးကျေးဇူးကို ခံစားရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်အီဂျစ်အမျိုးသားတို့ အား အပြစ်ဒဏ်ခတ်တော်မူမည်ဖြစ်သော်လည်း သူတို့၏ဒဏ်ရာဒဏ်ချက်များကိုပျောက်ကင်း စေတော်မူပေအံ့။ သူတို့သည်ထာဝရဘုရား ထံတော်သို့ပြောင်းလဲလာသဖြင့် သူတို့တောင်း လျှောက်သံကိုနားထောင်လျက် သူတို့ရောဂါ ကိုပျောက်ကင်းစေတော်မူမည်။
ယခုအခါ၌ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံသူအားပေးအပ်သည့်အောင်ဆုသည် ငါ့အတွက်အသင့်ရှိနေပြီ။ ဖြောင့်မတ်စွာ တရားစီရင်တော်မူသောတရားသူကြီး တည်းဟူသောသခင်ဘုရားသည် ထိုဆုကို တရားစီရင်တော်မူရာနေ့၌ငါ့အားပေး အပ်တော်မူလိမ့်မည်။ ငါ့ကိုသာမကဤ လောကသို့နောက်တစ်ဖန်ကိုယ်တော်ပေါ် ထွန်းတော်မူမည်ကိုတောင့်တစောင့်မျှော်သူ အပေါင်းတို့အားလည်းပေးတော်မူလိမ့်မည်။